Homeသတင်းလူမှုအဖွဲ့များ ပါဝင်ဆွေးနွေးခွင့် မတောင်းဆိုစေလိုဟု နိုင်ဟံသာပြော

လူမှုအဖွဲ့များ ပါဝင်ဆွေးနွေးခွင့် မတောင်းဆိုစေလိုဟု နိုင်ဟံသာပြော

-

ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်ဆွေးနွေးခွင့်ရှိရေး မတောင်းဆိုစေလိုဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သော

မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

နိုင်ဟံသာ က “သူတို့ အမြင်တွေလက်ခံပါတယ်၊ နိုင်ငံရေး ဆွေးနွေးတဲ့အခါမှာ အဓိက ကျနော် သုံးပွင့်ဆိုင်ဆွေးနွေးမှုပဲ လိုလားတယ်၊ သူတို့တောင်းဆိုသလို တစ်ခြားဖွဲ့စည်းလည်းတောင်းဆိုလာမှာဘဲ၊ နောင်ငြိမ်းချမ်းရေး လုပ်ငန်းတွေရှုပ်ထွေးလာမှာကို စိုးရိမ်တယ်” ဟု ပြောသည်။

အဆိုပါ နိုင်ငံရေး ဆွေးနွေးမှုများတွင် အစိုးရအဖွဲ့ဘက်မှ ရှစ်ပွင့်ဆိုင်၊ တချို့ကလည်း လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် အမျိုးမျိုးတောင်းဆိုနေမှုများ ရှိနေသည်ဟု ပြောသည်။

အမျိုးသားလူငယ်ကွန်ဂရက် အထွေထွေအတွင်းရေးမှုး ကိုမိုဃ်းသွေး က”လူငယ်တွေကို ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍတွေအထိပါဝင်ဖို့ သူတို့မျှော်လင့်ထားပုံမရပါဘူး။ လူငယ်တွေဟာ လူငယ်အရေးကိစ္စ ဆွေးနွေးရာမှာတော့ ပါဝင်ရမယ့် သဘောလောက်ပဲ သူတို့လက်ခံတာရှိမယ်” ဟု ပြောသည်။

လူငယ်အရေးဆိုသည့် ခေါင်းစဉ်တစ်ခုအောက်သာမကပဲ ကဏ္ဍတိုင်းအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်သည်အဆင့်ထိ ပါဝင်ခွင့်ရရန် ကြိုးစားသွားမည်ဟု သူကဆက်ပြောသည်။

မွန်ပြည်နယ် အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကော်မတီဝင် ဦးကိုကိုဇော် က “အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လူငယ်တွေရော အမျိုးသမီးတွေ ပါဝင်ဖို့ တောင်းဆိုခဲ့တယ်၊ NCCT အနေနဲ့ အကောင်းဆုံးဖြစ်အောင် အားလုံးပြန်လည်ဆွေးနွေးပေးသွားဖို့ ပြောဆိုထားတာရှိတယ်” ဟုပြောသည်။

NCCT ခေါင်းဆောင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်၌ တွေ့ဆုံပြီးနောက် NCCT အနေဖြင့် ရန်ကုန်ဆွေးနွေးပွဲသို့လာရောက်မည့် ခရီးစဉ်များတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ပုံမှန်တွေ့ဆုံသွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts