spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျောက်တစ်လုံးဆရာတော် အသည်းခွဲစိပ်ကုသမှု အောင်မြင်

    ကျောက်တစ်လုံးဆရာတော် အသည်းခွဲစိပ်ကုသမှု အောင်မြင်

    -

    ဝင်းစိန်တောရ ဗျိုင်းနှစ်ကောင်ဆရာတော်(ခေါ်) ကျောက်တစ်လုံးဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တကေသရသည် အသည်းခွဲစိပ်ကုသမှု အောင်မြင်ခဲ့သည်ဟု ဒါယကာဖြစ်သူ ကိုဇေသီက

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ကိုဇေသီက ” ကင်ဆာဆဲတွေ အချိန်မီ လှီးထုတ်နိုင်ခဲ့တယ်၊ ဆရာဝန်တွေကတော့ နောက်ထပ် ၁၀ နှစ် တိတိ ပြန်မဖြစ်ဘူးလို့ အာမခံထားတယ်၊ ဆေးရုံကို ပုံမှန်ဆေးလာစစ်ရပါမယ်” ဟုပြောသည်။

    လာမည့် သီတင်းကျွတ်လတွင် နောက်တစ်ကြီး ဆေးစစ်ဆေးမှု Medical check ဆက်လက်ပြုလုပ်ရမည်ဟု ဆိုသည်။

    ဆရာတော်အား သွားရောက် ဖူးတွေ့သူ မိထောချမ်း က ” လာဖူးတဲ့လူက တအားများတော့ စောင့်ရတယ်၊ အချိန်ကနည်းနည်းပဲရတယ် ၁၀ ယောက်၊ တစ်ဖွဲ့ ၅ မိနစ်လောက်ပဲ အချိန်ပေးတယ်” ဟု ပြောသည်။

    ဇူလိုင်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ Bangkok Hospital ၌ ခွဲစိပ်ကာ၊ ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်သည်ဟု ကိုဇေသီက ပြောသည်။

    ကျောက်တစ်လုံးဆရာတော်သည် ယခုအခါ သက်တော် ၉၃ နှစ်ကျော်ပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks