spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျောက်တစ်လုံးဆရာတော် ဘန်ကောက်၌ ဆေးကုသမှုခံယူနေ

    ကျောက်တစ်လုံးဆရာတော် ဘန်ကောက်၌ ဆေးကုသမှုခံယူနေ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ ကျောက်တစ်လုံးဆရာတော်ဟုထင်ရှားသော ဝင်းစိန်တောရ ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တကေသရသည် အသည်းရောဂါဖြင့် ထိုင်းနိုင်ငံ Bangkok Hospital ၌ ဆေးကုသမှု ခံယူနေသည်ဟု ဒါယကာဖြစ်သူ ဇေကမ္ဘာ ကုမ္ပဏီလီမီတက် ဒေါက်တာဦးခင်ရွှေ၏သား ကိုဇေသီက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ကျောက်တစ်လုံးဆရာတော်အား ဘန်ကောက်ဆေးရုံတွင် ဆေးကုသခံနေစဉ်(Facebook)
    ကျောက်တစ်လုံးဆရာတော်အား ဘန်ကောက်ဆေးရုံတွင် ဆေးကုသခံနေစဉ်(Facebook)
    သူက “အသည်းကဒဏ်ရာ 2.4 Cm လောက်ဖြစ်နေပါတယ်။ ခွဲစိတ်ပြီးရင် အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်” ဟု ပြောသည်။

    ဆရာတော်နှင့်အတူ တပည့် ၁၂ ယောက်လိုက်ပါလျက် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့မှတဆင့် ဘန်ကောက်မြို့သို့ ဆေးကုသရန် ရောက်ရှိလာခြင်း ဖြစ်သည်။

    ကိုဇေသီ က ” ဆရာတော်ဆီကို ပြီးခဲ့တဲ့အပတ်က ရေးမြို့ ကအပြန် အဖေဝင်ဖူးခဲ့တယ်။ ဆရာတော်ရဲ့ အသည်းမှာ အနာရှိတာ သိတော့ ဒီအတိုင်းထားရင် မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် Bangkok ကို ဆေးကုဖို့ပင့်ခဲ့တယ်” ဟု ပြောသည်။

    ဝင်းစိန်တောရ ဗျိုင်းနှစ်ကောင်ဆရာတော်(ခေါ်) ကျောက်တစ်လုံးဆရာတော်၏ သက်တော် ၉၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်မင်္ဂလာပွဲတော်ကြီးအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ မှ ၃ ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks