spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထိုင်းနေထိုင်ခွင့်လက်မှတ်ရရှိသူများအတွက် Passport ထုတ်ပေးရန် သံရုံးတစ်ခုသာရှိ

    ထိုင်းနေထိုင်ခွင့်လက်မှတ်ရရှိသူများအတွက် Passport ထုတ်ပေးရန် သံရုံးတစ်ခုသာရှိ

    -

    ဘန်ကောက်မြန်မာသံရုံး(Internet)
    ဘန်ကောက်မြန်မာသံရုံး(Internet)
    ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ထိုင်းအစိုးရကပြုလုပ်ပေးလျက်ရှိသည့် ထော်ရော် ၃၈/၁ နေထိုင်ခွင့်လက်မှတ်ရရှိထားသူများအား နောက်တဆင့် မြန်မာနိုင်ငံသားစိစစ်ရေးလုပ်ငန်းများနှင့် နိုင်ငံကူးလက်မှတ် ပတ်စပို့ပြုလုပ်ရန်အတွက် ဘန်ကောက်မြို့တော်ရှိ မြန်မာသံရုံးတစ်ခု၌သာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    မြန်မာသံရုံး သို့မဟုတ် မြန်မာသံရုံးကဖွဲ့ စည်းထားသည့် မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေး နယ်လှည့်စာရင်းကောက်အဖွဲ့ဝင် ၁၀ ဦးထံ ဆက်သွယ်၍ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများနှင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
    မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေး နယ်လှည့်စာရင်းကောက်အဖွဲ့ဝင် ကိုရဲကိုကိုက "ကျနော့်ဆီ မှာလာပြီးစာရင်းတင်တဲ့လူတွေက ရာဂဏန်းလောက်ပဲရှိပါသေးတယ်၊ နိုင်ငံသားစိစစ်ပြီး Passport ထုတ်ပေး လို့ရတဲ့နေရာက သံရုံးတစ်ခုပဲရှိပါသေးတယ်၊ အခုလောလောဆယ်မှာလည်း မြန်မာနှင့် ထိုင်းအစိုးရတို့ Passport ထုတ်ပေးမဲ့နေရာအတွက်ကိုလည်း ဆွေးနွေးနေကြပါတယ်၊ ဆွေးနွေးပြီးမှပဲ ဘယ်နေရာမှာ ပတ်စပို့ရုံးတွေဖွင့်လှစ်မှာကို ကျနော်တို့သိရမှာပါ"ဟု ပြောသည်။

    နယ်လှည့်စာရင်းကောက်အဖွဲ့သို့ လာရောက်စာရင်းသွင်းကြည့်သည့် ရွှေ့ပြောင်းအလုပ်သမားအများစုသည် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိကြသည့်အလုပ်သမားများဖြစ်သဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့်အခါ အခက်အခဲများရှိနိုင်ကြောင်း၊ လက်ရှိတွင် ထိုစာရင်းကောက်အဖွဲ့နှင့် ထိုင်းအစိုးရအဖွဲ့တို့ လက်တွဲပူးပေါင်းထားခြင်းမရှိသဖြင့် စက်ရုံ၊ အလုပ်ရုံကြီးများတွင် စာရင်းလိုက်လံကောက်ခံမရနိုင်ကြောင်း ကိုရဲကိုကိုက ဆက်ပြောသည်။

    ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုသီဟက "မြန်မာသံရုံးကိုလာပြီး ကိုယ်တိုင်စာ ရင်းတင်လို့လည်း ရပါတယ်၊ စာရင်းတင်တာက နိုင်ငံသားစိစစ်တဲ့အဆင့်ပေါ့ဗျာ၊ နိုင်ငံသားစိစစ်မှုအပြီး မြန်မာနိုင်ငံသားအမှန်ဖြစ်ခဲ့ရင် သူတို့ပတ်စပို့စာအုပ်ကြီးထုတ်ပေးလို့ရပြီ ၊ ဒါပေမယ့် တကယ်လို့ထော်ရော် ၃၈/၁ လုပ်ထားပြီးတဲ့လူ တစ်ယောက်က အောက်လမ်းကနေ မြန်မာပြည်ကိုပြန်သွားပြီး ပတ်စပို့ စာအုပ်ကြီးလုပ်ခဲ့ရင်တော့ အဲဒီစာအုပ်ကြီးနဲ့ ထော်လော ၃၈/၁ က လုံးချိတ်ဆက်လို့မရပါဘူး" ဟု ပြောသည်။

    အဆိုပါ ထော်ရော် ၃၈/၁ သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းနိုင်ငံ ခြားအလုပ်သမားအတွက်သာ ထုတ်လုပ်ပေးပြီး သက်မှတ်ထားသည့် ကဒ်ပြားမှတ်ပုံတင် အချိန်ကာလကုန်ဆုံး သွားပါက တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူများနှင့် ၎င်းတို့အား ခန့်အပ်ထားသည့် အလုပ်ရှင်များ၊ ပါ ဝင်ပတ်သက်နေသူများကိုလည်း တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူနိုင်ကြောင်း သူကဆက် ပြောသည်။

    ထိုင်းစစ်တပ်အာဏာသိမ်းကာလ နိုင်ငံတော်ငြိမ်းချမ်းရေးကောင်စီ၏ အမိန့်ကြေညာစာ အမှတ် ၁၁၇/၂၅၅၇ နှင့် ၁၁၈/၂၅၅၇ အရ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်နိုင်ရန်အတွက် ခရိုင်ပေါင်း ၄၂ ခရိုင်၌ One Stop Service Center တစ်နေရာနေချင်းပြီး ၂ လသက်သက်တမ်းရှိ ထော်ရော် ၃၈/၁ မှတ်ပုံတင်ထုတ်ပေးရေးစခန်းများကို ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့က ၁ နှစ်သက်တမ်းနေထိုင်ခွင့်လက်မှတ် ဆက်လက်လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

    ယခုအခါ အဆိုပါ ထော်ရော် ၃၈/ ၁ ခေါ် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ကို ယခုအခါ ၁ နှစ်သက်တမ်းအထိတိုး မြှင့်လုပ်ဆောင်ပေးနေပြီး ကုန်ကျစရိတ် ၃၀၈၀ ဘတ်ဖြစ်၍ ၂၀၁၅ မတ်လကုန်အထိ ပြုလုပ်ပေးမည်ဟုလည်း သိရသည်။

    ရွှေ့ပြောင်းအလုပ်သမားများသည် ထော်ရော် ၃၈/၁ ပြုလုပ်ပြီးပါက မိမိအစိုးရထံမှ နိုင်ငံသားမှန်ကန်ကြောင်း ထောက်ခံချက်ရယူပြီးမှသာလျှင် ထိုင်းအစိုးရက အလုပ်လုပ်ခွင့်လက်မှတ်(Work Permit)ကို ဆက် လက်ထုတ်ပေးမည်ဟု ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks