spot_img
Tuesday, February 3, 2026
More
    spot_img
    Homeသတင်းသဘာဝဘေးအန္တရာယ် နှိုးဆော်အဆင့်ရောက်နေပြီဟုဆို

    သဘာဝဘေးအန္တရာယ် နှိုးဆော်အဆင့်ရောက်နေပြီဟုဆို

    -

    ဦးထွန်းလွင်၏မိုးလေဝသခန့်မှန်းချက်(Facebook)
    ဦးထွန်းလွင်၏မိုးလေဝသခန့်မှန်းချက်(Facebook)
    မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်ရွာသွန်းခြင်းကြောင့် ရေကြီးမှုအခြေအနေဖြစ်ပေါ်ကာ သဘာဝဘေးအန္တရာယ် နှိုးဆော်အဆင့်သို့ ရောက်လာမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် (MCCW) က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

    ဒေါက်တာထွန်းလွင် က “သဘာဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့သတင်းတွေကို ကျွန်တော်အဆင့် (၃)ဆင့်ထားပါတယ်။ စောင့်ကြည့်အဆင့် (Close Watch)၊ နှိုးဆော်အဆင့် (Alert) နဲ့ သတိပေးအဆင့် (Warning) ဆိုပြီးခွဲထားတယ်။ အခု စောင့်ကြည့်အဆင့်လွန်လာခဲ့ပြီ၊ နှိုးဆော်အဆင့်ကိုရောက်လာပါပြီ”ဟု ရေးသားထားသည်။

    အဆိုပါရေဘေးကြုံတွေ့နိုင်သည့် မြို့မှာ ပြည်၊ ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ သာယာဝတီ၊ ရန်ကုန်၊ ပဲခူး၊ သထုံ စသောမြို့များတွင် ရေးကြီးမည့် အန္တရာယ် အနီးစပ်ဆုံးရှိနိုင်သည်ဟု ဇူလလိုင် ၂၂ ရက်နေ့တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

    ဇူလိုင်မှ စက်တင်ဘာလအထိ (၃)လအတွင်း မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ် မြေလတ်ပိုင်းဒေသ၊ တနင်္သာရီတိ်ုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိ်ုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းတို့၌ မိုးရွာသွန်းမှု ရွာသွန်းမြဲထက် ၄၅% – ၅၀% ခန့်အထိ ပိုမိုကာ၊ မိုးလယ်၊ မိုးနှောင်းကာလ အပြောင်းအလဲ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်ဟုလည်း ခန့်မှန်းဖော်ပြထားသည်။

    ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၌ တောင်ကျရေများစီးဆင်းပြီး အနိမ့်ပိုင်းကားလမ်းနေရာ ရေလွှမ်းမိုးမူများဖြစ်ပေါ်ခဲ့သည်။

    ဒေသခံ တစ်ဦးက “ဇူလိုင်လ ၁၇ ရက်မှာ လမ်းပေါ်မှာ ၂ ပေလောက်မြင့်လာတာ၊ ၁၈ ရက်မှာ ၁ ပေ လောက်ဘဲကျန်တယ် အခုတော့ ရေကျနေပါပြီ” ဟုပြောသည်။

    ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်၌ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ တွင်လည်း ပင်လယ်ရေမြင့်တက်ခြင်း၊ ဒီရေတက်ခြင်းကြောင့် နေအိမ် ၇ လုံးပြိုခဲ့သည့်အပြင် ဘီးလူကျွန်း၊ ချောင်းဆုံမြို့နယ်၊ ပင်လယ်ကမ်းနားအနီးရှိ ကျေးရွာများ ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ လယ်ယာစပါးခင်းအချို့ ပျက်စီးခဲ့သည်ဟု ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

    အလားတူ ယခုအခါ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲမြစ်ရေကြီးပြီး ရပ်ကွက်များအတွင်း ရေလျှံနေခြင်း၊ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်၌ ဇူလိုင်လ ဒုတိယပတ်အတွင်း ရေကြီးသဖြင့် လူဦးရေ ထောင်နှင့်ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့သကဲ့သို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ်တွင်လည်း တောင်ကျရေကြောင့် လယ်ဧကတွေ ရာနှင့်ချီ ပျက်စီးခဲ့ရကြောင်း သတင်းများတွင် ဖတ်ရှုရသည်။

    ဇူလိုင်လ ၂၂ ရက် နံနက် ၇ နာရီ အချိန် မိုး/ဇလ ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအား အလွန်ကောင်းနေသည်ဟု ဆိုသည်။

    ထို့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်သည် တစ်နာရီလျှင် (၃၅) မှ (၄၀) အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks