spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ရလဒ်များကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြမည်

    ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ရလဒ်များကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြမည်

    -

    MYEO ထုတ်ပြန်ချက်(Copy)
    MYEO ထုတ်ပြန်ချက်(Copy)
    ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် (Cvil Society For Peace and Development Forum) မှ ထွက်ပေါ်လာသော ရလဒ်များကို ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ထံတွင် တင်ပြသွားမည်ဟု ဖိုရမ်ဖြစ်မြောက်ရေးဦးဆောင်သူ မင်းစိုးမြင့်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။

    မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း (၇၉) ဖွဲ့၊ ကိုယ်စာလှယ်ပေါင်း (၁၂၈) ဦးတက်ရောက်ဆွေးနွေးပြီး၊ ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်အထိ မော်လမြိုင်မြို့၊ ရွှေမြင့်မိုထွန်းဟိုတယ် တွင်ကျင်းပပြုလုပ်ခဲ့သည်။

    မင်းစိုးမြင့် က” ကျနော်တို့ ထုတ်ပြန်တောင်းဆိုတဲ့ statement အတိုင်း၊ ၂၀၁၄ မှာပြည်နယ်အဆင့်၊ ၂၀၁၅ မှာပြည်ထောင်စုအဆင့်ထိ ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမယ်” ဟု ပြောသည်။

    ယင်းဖိုရမ်တွင် မွန်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတမှု၊ မူးယစ်ဆေးဝါးပြဿနာ၊ အမျိုးသမီးအခန်းကဏ္ဍ စသည့်ခေါင်းစဉ်များဆွေးနွေးခဲ့ကြပြီး သဘောထားကြေငြာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေသော ဥပဒေများအား ပယ်ဖျက်ပေးရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်ဖွံ့ဖြိုးရေး၊ မူယစ်ဆေးဝါး၊ လောင်းကစား၊ မြေယာသိမ်းဆည်းခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ အခွန်အကောက်ခြင်း၊ အမျိုးသမီးများဘဝလုံးခြုံရေး ဖွံ့ဖြို့တိုးတက်ရေး ကဏ္ဍမျိုးစုံတွင် ပါဝင်နိုင်ရန်အခွင့်အလမ်းများပေးရေး စသည့်အကြောင်းအရာများပါဝင်သည်ဟု ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

    ထို့အပြင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ပွင့်လင်းမြင်သာမှုရှိရန်၊ ပြည်သူ့ဆန္ဒနှင့်အညီ အကောင်အထည်ဖော်ရန်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ လုပ်ဆောင်ချက်များကို ပြည်နယ်အစိုးရအနေဖြင့်ကူညီပေးရန် တောင်းဆိုထားသည်။

    ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် ကို နယ်သာလန်နိုင်ငံအခြေစိုက် မြန်မာလှုပ်ရှားမှုအဖွဲ့ (BNC) ပံ့ပိုးမှုဖြင့် မွန်လူငယ် ပညာပေးရေးအဖွဲ့ (Mon Youth Education Organization) MYEO မှ ဦးဆောင်ကာ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks