spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ

    မွန်ပြည်နယ်တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ

    -

    သွေးလွန်တုတ်ကွေးဝေဒနာခံစားနေရသောခလေးငယ်(Internet)
    သွေးလွန်တုတ်ကွေးဝေဒနာခံစားနေရသောခလေးငယ်(Internet)
    ဂျူရီချိုင်း – ယခုလအတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့ ဆေးရုံကြီးနှင့် ဆေးခန်းများတွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားနေကြောင်း သိရသည်။

    သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွင် လသားကလေးငယ်များမှစ၍ အသက်(၁၀)နှစ်အောက် ရောဂါဖြစ်ပွားနေပြီး ဆေးခန်းများနှင့် ဆေးရုံများတွင် ကုသခံယူနေရသူ အလွန်များပြားနေသည်ဟု မော်လမြိုင်မြို့တွင် ဆေးခန်းဖွင့်ထားသည့် ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    ၎င်းက“ဒီနှစ်မှာ မနှစ်ကထက် သွေးလွန်တုပ်ကွေးဖြစ်ပွားတာများလာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော့ ဆေးခန်းမှာလာပြနေတဲ့လူနာတွေ တစ်နေ့ကို အယောက် ၅၀ လောက်ရှိတယ်၊ ဆေးရုံကြီး မှာဆိုလည်း အရေးပေါ်ကုသနေတဲ့ကလေးတွေ တော်တော်များတယ်၊ သေဆုံးတာတော့ မကြားမိသေးဘူး” ဟု ပြောသည်။

    အကယ်၍ ကလေးကိုယ်အရမ်းပူခြင်း၊ ၄င်းကိုယ်ပူရှိန်ကြောင့် ကလေးတက်တတ်ခြင်း၊
    ကလေး အရမ်းမှိန်းခြင်းသည် shock ရချင်သောလက္ခဏာဖြစ်ပြီး ကော်ဖီရောင်များအန်ခြင်း၊ ဝမ်းမည်းမည်းများသွားခြင်း၊ ဖျားပြီး သွားဖုန်းသွေးယြိုခင်း၊ နှာခေါင်းသွေးလျှံခြင်း ဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်ဆုံးသွားရောက်ကုသသင့်ကြောင်း သူက ဆိုသည်။

    သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်များတွင် သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံရမှုနည်းပါး သေးသော်လည်း မော်လမြိုင်မြို့ပေါ်တွင် ကူးစက်ခံရမှု မြင့်မားနေဆဲဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနသို့ IMNA က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုအရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်ပြီး မကြာမီထုတ်ပြန်သွားမည်ဟု ဆိုသည်။

    သွေးလွန်တုပ်ကွေးရောဂါသည် နှစ်စဉ်မိုးဦးကျချိန် ဇွန်လအဝင်မှ သြဂုတ်လအထိ မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည်။

    အလားတူ မွန်ပြည်နယ် ရေးမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများတွင်လည်း အသက် (၅)နှစ်နှင့် (၆) နှစ်ကျောင်း နေရွယ်ကလေးများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အလွန်များပြာလျှက်ရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

    “အမကလေး ၅ နှစ်ပေါ့ မူကြိုကျောင်း တတ်နေတယ်၊ သွေးလွန်တုပ်ကွေးဖြစ်လို့ အခု ဆေးရုံမှာ လာ ကုနေတာ သွေးစစ်လိုက် ဆေးထိုးလိုက်နဲ့ ၃ ရက်ရှိပြီး၊ ဆေးဖိုးက တစ်နေ့ကို ကျပ်တစ်သောင်းကျော် ကုန်ကျနေတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    သွေးလွန်တုပ်ကွေးရောဂါသည် မိုးဦးကာလတွင် ခြင်ပေါက်ဖွားမှုများပြားပြီး နေ့ခင်းဘက်ကိုက်တတ်သည့် Aedes aegypti နှင့် Albopictus ခေါ် ခြင်အမျိုးအစားများကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းဖြစ်သည်။

    ရောဂါကူးစက်ခံရသည့် လက္ခဏာများမှာ ခြင်ကိုက်ခံရပြီး ၃ ရက်မှ ၁၀ ရက်အတွင်း အအေးမိဖျားနာခြင်းကဲ့ သို့ အဖျားတက်ခြင်း၊ ခေါင်းကိုက်ပျို့အန်ခြင်း၊ အဆင့်အမြစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အနီစက်အပြောက်များ ထွက်ခြင်းတို့ဖြစ်ပြီး ၆ လသား ခလေးငယ်များမှ စ၍ အသက် (၁၂) နှစ်အရွယ်အထိဖြစ်တတ်သည်ဟု ဆေးမှတ်တမ်းများတွင် ဖေါ်ပြခဲ့သည်။

    မွန်ပြည်နယ်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြန်မာနိုင်ငံတွင် ဒုတိယအမျာဆုံးဖြစ်ပွားခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ကျန်မာ ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ သက်ဆိုင်ရာ ကျန်းမာရေးဌာနက မြို့ပေါ်နှင့် ကျေးရွာများတွင် ရပ်ကွက် အလိုက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဟောပြောပွဲများ ၊ ခြင်ပေါက်ဖွားမှု ကာကွယ်ရေးပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks