spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအုပ်ခဲပြတိုက်တစ်ခု တည်ဆောက်နေပြီ

    အုပ်ခဲပြတိုက်တစ်ခု တည်ဆောက်နေပြီ

    -

    ပြတိုက်အတွင်းထားရှိသောအုတ်အချို့(ဦးစံဝင်း)
    ပြတိုက်အတွင်းထားရှိသောအုတ်အချို့(ဦးစံဝင်း)
    ခတ္တာနန်း – ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ပေါ်တော်မူစိန်ဘုရားကျောင်းတွင် သမိုင်းသုတေသနဌာနအငြိမ်းစား လက်ထောက်ညွန်ကြားရေးမှူး ဦးစံဝင်းက အုပ်ခဲပြတိုက်တစ်ခု ဦးစီးဆောက်လုပ်နေကြောင်း သိရသည်။

    ဦးစံဝင်းက “ လက်စင်းကြောင်းတွေပါတဲ့ အုတ်ခဲတွေကိုပဲ အဓိကထားရှိပြသမယ်၊ တစ်ချို့ အုတ်ခဲတွေက အကောင်းပကတိအတိုင်းပဲ၊ ဒါပေမယ့် ထက်ပိုင်းကျိုးတွေ၊ သုံးပိုင်းကျိုးတွေကိုလည်း ပြသထားမှာပါ” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးတွေ့ရှိခဲ့ရသော ပေါ်တော်မူစိန်ဘုရားကျောင်းဝင်းအတွင်းရှိ အုတ်ကုန်းမှ အုတ်ခဲများသည် မြန်မာနိုင်ငံအလယ်ပိုင်း ပျူခေတ်အုတ်ခဲများနှင့် တစ်တန်းထဲတစ်ခေတ်ထဲဖြစ်ပြီး သုဝဏ္ဏဘူမိသထုံ၊ ဝင်းကဒေသဘက်တွင်လည်း ယင်းကဲ့သို့အုတ်အမျိုးအစားတူညီနေသည်ကိုလေ့လာတွေ့ရှိရကြောင်း ဦးစံဝင်းက ဆိုသည်။

    “ဒီအုတ်ခဲတွေတွေ့ရှိခဲ့တဲ့ကုန်းကိုလည်း ဆက်ပြီးသုတေသနလုပ်ရပါမယ်၊ ရှေးဟောင်းသုတေသန ဌာနကနေ ခွင့်ပြုချက်ရထားပြီးပြီ၊ လာမယ့်နိုဝင်ဘာလ မိုးကုန်လောက်မှာ ပြတိုက်ကိုဖွင့်လှစ်မယ်လို့ စီစဉ်ထားတယ်” ဟု သူက ဆက်ပြောသည်။

    စိန်ဘုရားကျောင်းဝင်းကုန်းပေါ်မှ တူးဖေါ်ရရှိသည့်အုတ်များကိုသာ
    ယင်းပြတိုက်တွင် အဓိကထားရှိပြသမည့်အပြင် အနီးပတ်ဝန်းကျင်မှတူးဖေါ်ရရှိသည့် ခေတ်ကာလမတူညီသည့် အခြားသောအုတ်များကိုလည်း နှိုင်းယှဉ်ပြသထားရန် အစီအစဉ်ရှိကြောင်း သိရသည်။

    ဦးစံဝင်းက “ဟိုးလွန်ခဲ့တဲ့အနှစ် ၂၅၀ဝ ကျော်ကာလတုန်းက ကျနော်တို့ မွန်လူမျိုးတွေ ဒီလိုအုတ်မျိုးတွေရွှေတိဂုံဘုရားတည်ခဲ့တာကို သက်သေပြချင်တယ်၊ ဒါပေမယ့် ခေတ်အဆက်ဆက်ဘုရင်တွေက အသစ်အသစ်သောလက်ရာတွေနဲ့ ဆက်လက်မွမ်းမံခဲ့လို့ မူရင်းအုတ်တွေကို ရှိဖွေလို့ရနိုင်တော့မှာမဟုတ်ဘူး၊ အခုခေတ်မှာဆို ရွှေတိဂုဏ်ဘုရာစောင်းတန်းတွေမှာလည်း အလူမီနီယံတွေနေရာဝင်ယူလာပြီ” ဟု ထောက်ပြသည်။

    စာပေအရေးအသားမပေါ်ပေါက်မီ ကျောက်စာအထောက်အထားမရှိခဲ့သည့် မွန်လူမျိုးများစတင်တည်ထားခဲ့သော ရွေတိဂုံဘုရား၏ သက်တမ်းမည်မျှရှေးကျခဲ့သည်ကို သက်သေပြသနိုင်ရန်ရည်ရွယ်၍ ယင်းအုပ်ခဲပြတိုက်ကို တည်ဆောက်ခြင်း ဆိုသည်။

    မွန်သမိုင်းပညာရှင် နိုင်မောင်တိုးက “ ဒီလက်စင်းကြောင်းပါတဲ့ အုတ်တွေက ပျူလက်ရာအုတ်လို့ ဟိုတုန်းက ချစ်စံဝင်းတို့ ပြောခဲ့ဘူးတယ်၊ ဒါပေမယ့် အခုဆိုရင် သုဝဏ္ဏဘူမိ မြို့ဟောင်းတူတဲ့ နေရာမှာလည်း အများကြီး ၊ အလားတူ ဒီစိန်ဘုရားကျောင်းဝင်းမှာလည်းတွေ့ရတော့ ဒီနေရာတွေဟာ ပျူနေရာတွေမဟုတ်ဘူး မွန်တွေနေထိုင်ခဲ့တဲ့နေရာတွေထင်းရှားနေပြီပဲ” ဟု ဆိုသည်။

    ယင်းကဲ့သို့ အုတ်ပြုလုပ်သည့် အတတ်ပညာကို ခေတ်ပြိုင်ပျူနှင့်မွန်လူမျိုးတို့ အတူတူတတ်မြောက်ထားကြကြောင်း၊ ထို့ကြောင့် မွန်ယဉ်ကျေးမှုလက်ရာ သမိုင်းအထောက်အထားများ သက်သေအခိုင်အမာပြသနိုင်ရန် အလားတူပြတိုက်များ တိုးချဲ့ဖွင့်လှစ်ထားရှိသင့်ကြောင်း နိုင်မောင်တိုးက ဆက်ပြောသည်။

    ယင်းအုတ်ခဲပြတိုက်တည်ဆောက်ရေးအတွက် ရန်ကုန်မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ မိတ်ဆွေအပေါင်းအသင်းတို့၏ ထောက်ပံ့မှုအပြင် ဦးစံဝင်၏ ကိုယ်ပိုင်ငွေများဖြင့် ဖက်မိုးဝါးထရံကာဖြင့် ဝါးတဲဆောက်လုပ်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့်သီတင်းပတ်တွင်လည်း သုဝဏ္ဏဘူမိမြို့ဟောင်းမှ တူးဖော်တွေ့ရှိခဲ့ရသည့် အလားတူအုတ်ခဲများနှင့် ရှေးဟောင်းပစ္စည်များကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ရှေးဟောင်းသုတေသနပြတိုက်တွင် တစ်ပတ်ကြာပြသထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks