spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလစ်လပ်သော AMDP ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပြီးစီး

    လစ်လပ်သော AMDP ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပြီးစီး

    -

    AMDP ဗဟိုအလုပ်အမှုဆောင်အချို့( IMNA)
    AMDP ဗဟိုအလုပ်အမှုဆောင်အချို့( IMNA)
    အေမီအောင် – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ လစ်လပ်နေသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၄) ဦး နေရာတွင် ဇွန်လ ၂၂ ရက်နေ့တွင် ရွေးချယ်ခဲ့ပြီးဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက လွတ်လပ်သောမွန်သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။

    အဆိုပါ လစ်လပ်သောဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄ ဦးတွင် နိုင်ချမ်းတွဲ့ (ချောင်းဆုံမြို့နယ်)၊ နိုုင်ခင်မောင်ရင် (ရန်ကုန်တိုင်း)၊ နိုင်ချမ်းနိုင် (မော်လမြိုင်မြို့)၊ နိုင်ခင်မောင်မြင့် (တနင်္သာရီတိုင်း) တို့အား မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(ဗဟို)ဌာနချုပ်ရုံးရှိရာ မော်လမြိုင်မြို့တွင် ရွေးချယ်ခဲ့သည်ဟု နိုင်သန်းရွှေက ပြောသည်။

    သူက “ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၄) ဦး လစ်လပ်သွားရတာက ဥက္ကဌနိုင်ငွေသိန်းနဲ့ နိုင်ချစ်ဦး တို့ကို ပါတီကနေ ထုတ်ပယ်တယ်၊ နိုင်စိန်အောင် ကွယ်လွန်သွားပြီး နိုင်ခင်အောင်က ကျန်းမာရေးမကောင်းလို့ပါ” ဟု ဆိုသည်။

    မွန် ၂ ပါတီပေါင်းစည်းရေးအတွက် ယခင် AMDP ဥက္ကဌနိုင်ငွေသိန်းနှင့် နိုင်ချစ်ဦးတို့သည် မွန်အမျိုးသားဒီမိုကရေစီပါတီ MDP နှင့် ပူးပေါင်းကာ မွန်အမျိုးသားပါတီ MNP တွင် ပါဝင်ခဲ့ပြီးနောက်ပိုင်းတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ထုတ်ပယ်ခဲ့သည်ဟု ထုတ်ပြန်ကြေညာချက်အရ သိရသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “ တစ်ပါတီနဲ့တစ်ပါတီပေါင်းစည်းတာမဟုတ်ပဲနဲ့ တစ်ဦးချင်းသွားပေါင်းတာကို နှစ်ပါတီပေါင်းတယ်လို့ပြောရင် စောင့်ထိန်းရမယ့်စည်းကမ်းကို ချိုးဖောက်တယ်လို့ပဲ ကျနော်တို့သတ်မှတ်တယ်” ဟု ပြောသည်။

    ထို့အပြင် မွန် ၂ ပါတီပေါင်းစည်းရေးအတွက် လက်ရှိနိုင်ငံရေးအခြေအနေအရ မဖြစ်နိုင်သေးကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအနေအထားအပေါ် လေ့လာသုံးသပ်ပြီးမှ မွန် ၂ ပါတီပေါင်းစည်းရေးကို လုပ်ဆောင်နိုင်မည်ဟု ပြီးခဲ့သည့်မေလ စတုတ္ထပတ်တွင်ကျင်းပခဲ့သော ပထမအကြိမ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီညီလာခံ သတင်းစာရှင်းလင်းပွဲ့၌ ဒေါက်တာမင်းနွယ်စိုး ပြောကြားခဲ့သည်။

    အဆိုပါ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီညီလာခံအား ပါတီဥက္ကဌသစ်အဖြစ် နိုင်စိုက်(နိုင်မောင်သိုက်)၊ ဒုဥက္ကဌ ဒေါက်တာနိုင်လှအောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) နိုင်စံတင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးတို့ ဦးဆောင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks