spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့ ကြာကန်အင်းကို ရေပေးဝေနိုင်ရေး အသုံးပြုမည်ဟုဆို

    သံဖြူဇရပ်မြို့ ကြာကန်အင်းကို ရေပေးဝေနိုင်ရေး အသုံးပြုမည်ဟုဆို

    -

    မင်းထူးသစ် – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ကြာကန်အင်းကို မြို့ရေပေးဝေနိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်သွားရန် ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင် ပြောကြားခဲ့ကြောင်း ရှင်းလင်းပွဲတက်ရောက်သူများထံမှ သိရသည်။

    မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမဆောင်၌ မေလ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် စည်ပင်သာယာရေးဝန်ကြီးက ကြာကန်အင်းတူးဖေါ်ရေးကော်မတီနှင့် ဒေသခံများအား တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ထိုသို့ပြောကြားခဲ့ကြောင်း အင်းကော်မတီဝင် ဦးအောင်ရွှေက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    သူက “အင်းဘောင် မြေဖို့ထားတဲ့နေရာမှာ ဦစားပေး အနေနဲ့ မြို့ရေ ပေးဝေရေး ကိုဘဲ လုပ်သွားဖို့ ရှိတယ်၊ ဘက်လိုက်မှု ဖြစ်ပေါ်မှု မဖြစ်ရအောင် စည်ပင်ဌာနကအင်ဂျင်နီယာကို မသုံးဘူး၊ ပြင်ပ အင်ဂျင်နီယာကိုဘဲ အသုံးပြုဖို့ ဝန်ကြီးက ညွှန်ကြားထားတယ်လို့ပြောသွားတယ်၊ နောက် ပန်းခြံလုပ်ဖို့ အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားမယ်လို့ ဆိုတယ်” ဟု ပြောသည်။

    ယခုနှစ်ဦးပိုင်းမှစတင်၍ မြို့နယ်အဆင့်ကော်မတီ ၄ ရပ်က အင်းတူးဖော်ရေး ကော်မတီဖွဲ့စည်းကာ ရေအရင်းအမြစ်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ မြို့ရေ ပေးဝေနိုင်ရေး၊ မီးဘေးကြုံတွေ့လာခဲ့ပါက အရေးပေါ်ရေလုံလောက်စွာ ရရှိရေး စသည့် ရည်ရွှယ်ချက်ဖြင့် ကြာကန်အင်းတူးဖော်မှုကို အကောင်အထည်ဖေါ်ခဲ့ရာ ကြာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သားအချို့ ကန့်ကွက်ရာမှ အငြင်းပွားစရာဖြစ်ခဲ့ကြသည်။

    ဦးဆောင်ကန့်ကွက်သူ ကြာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က “ အင်းဘေးနားက ဘောင်ပေါ်မှာ ပန်းဥယျာဉ်ပြုလုပ်တာဟာ အထက်အမိန့်ရလို့ လုပ်တာလား ဒါမှမဟုတ် အဖွဲ့အစည်းတခုခုက လုပ်ခိုင်းတားလား၊ ဒါမှမဟုတ်ပြန်ရင် သူတို့ရဲ့ idealism လို့ခေါ်တဲ့ စိတ်ကူးယဉ်ပြီး ပြုလုပ်တားလား” ဟု ယခင်ရှင်းလင်းပွဲတစ်ရပ်တွင် မေးခွန်းထုတ်ခဲ့သည်ကို တွေ့ရှိရသည်။

    အင်းတူးဖော်ရေးနှင့်လုပ်ငန်းစဉ်ရှင်းလင်းပွဲကို မေလ ၁၉ ရက်နေ့၊ မွန်းလွဲ ၃နာရီ၌ မြို့နယ်အုပ်ချူပ်ရေးမှူးရုံး ခန်းမတွင် ပြုလုပ်ခဲ့စဉ် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊တိုင်းကြားသူ ဦးမင်းနိုင်နှင့် ရပ်ကွက်သူ/သားများ၊ မြို့မိ မြို့ဖများ၊ သတင်းမီဒီယာများ၊ စုစုပေါင်း (၁၀ဝ)ဦး ခန့်တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

    သံဖြူဇရပ်မြို့ အနောက်မြောက်ဖက်တွင်တည်ရှိသည့်ကြာကန်အင်းသည် ယခင်က (၄၀)ဧက ဝန်းကျင်ရှိသည်ဟု သိရှိပြီး ယခုပြန်လည်တိုင်းတာချက်အရ ၃၀.၆၉ ဧကသာ ကျန်ရှိကြောင်း၊ နှစ်ပေါင်း(၃၀)ကျော် ထိန်းသိမ်းမှုကင်းမဲ့ခဲ့သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks