spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျေးရွာအုပ်စုသစ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

    ကျေးရွာအုပ်စုသစ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းဥရွာအား ကျေးရွာအုပ်စုသစ်အဖြစ်တရားဝင်သတ်မှတ်ခွင့်ရရှိပြီး မေလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ဆိုင်းဘုတ်တင်အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

    ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “သီးသန့် ကျေးရွာတစ်ခုဖြစ်သွားတာကို ရွာသူရွာသားတွေ သိပ်ကိုဝမ်းသာကျေနပ်နေကြတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    နံနက် ၆ နာရီခန့်တွင် သံဃာတော်များထံမှ ပရိတ်တရားတော်နာယူပြီး ဆွမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု သူကဆိုသည်။

    ထို့နောက် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထောက်အကူပြုကော် မတီဝင်များ၊ မြို့နယ်စည်ပင်ကော်မတီဝင်များ၊ ဒေသတွင်းရှိနိုင်ငံရေးပါတီဝင်များ၊ မိခင် နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖဝင်များ၊ ဒေသခံရွာသူရွာသားများ စုစုပေါင်း ၅၀ဝ ဦးခန့် အခမ်းအနားတက်ရောက်ခဲ့သည်ဟု သိရသည်။

    အခမ်းအနားသို့ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်လှမောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့က ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားများ ပြောကြားခဲ့သည်။

    ယခင်က ကမာမိုကျေးရွာလက်အောက်ခံမှ မိမိကျေးရွာအုပ်စုအဖြစ်သတ်မှတ်ခံရပြီးနောက် စာသင်ကျောင်းတိုးချဲ့ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဆေးပေးခန်း များတိုးချဲ့ဆောက်လုပ်ခြင်း၊ ၂၄ နာရီပတ်လုံး မီးလုံလောက်စွာ သုံးစွဲနိုင်ခြင်းစသည့် ဒေသဖွံ့ဖြိုး ရေးလိုအပ်ချက်များကို ဒေါင်းဥကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နိုင်စံဗါက ၎င်းဖွင့်ပွဲအခမ်းအနားတွင် တင်ပြတောင်း ဆိုသွားခဲ့သည်။

    နိုင်စံဗါက “သီးသန့်ကျေးရွာတခုဖြစ်လာပြီးဆို ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံတွေ ပိုပြီးလိုအပ်လာတယ်” ဟု ပြောသည်။

    ချောင်းဆုံမြို့နယ် ဒေါင်းဥရွာသည် ယခင်က ကမာမိုကျေးရွာ၏ လက်အောက်ခံကျေးရွာဖြစ်ပြီး သီးသန့် ကျေးရွာ အုပ်စုဖြစ်ရန်အတွက် လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှစ၍ ကျေးရွာအုပ်စုသတ်မှတ်ပေးရန် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအား တောင်းဆိုခဲ့ပြီး ပြည်ထောင်စုလွှတ်တောက်က ဆုံးဖြတ်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

    ဒေါင်းဥကျေးရွာအုပ်စုတွင် အိမ်ခြေ ၅၀ဝ ခန့်တည်ရှိပြီး လယ်ယာ၊ ရာဘာခြံနှင့် အုန်းဆံကြိုးခွေလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကြောင်း ပြုနေကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks