spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ကျောက်စာသင်တန်း ဖွင့်လှစ်ပြီ

    မွန်ကျောက်စာသင်တန်း ဖွင့်လှစ်ပြီ

    -

    မွန်ကျောက်စာ(IMNA)
    မွန်ကျောက်စာ(IMNA)
    ခတ္တာနန်း – မွန်သမိုင်း သုတေသနအသင်းက ဦးစီးသော ရှေးမွန်ကျောက်စာသင်တန်းကို ယနေ့(မေလ ၁၆ ရက်) နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံ၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

    မွန်ကျောက်စာပညာရပ်မပျောက်ပျက်စေရန်၊ မွန်ကျောက်စာများအား ရှာဖွေဖော်ထုတ်ပြီး သမိုင်းအမှန်ဖော်ထုတ်နိုင်ရန်၊ ကျောက်စာပညာရှင် နိုင်ဘရှင် သင်ကြားပေးနိုင်စဉ်ကာလအတွင်း ပညာအမွေရယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    နိုင်ရဲဇော်က “ပျောက်ကွယ်လု ဖြစ်နေတဲ့ မွန်ကျောက်စာပညာရပ် ပြန်လည်ရှင်သန်ဖို့ လမ်းစတစ်ခု ပေါ်လာတယ်၊ ဆင့်ပွားတိုးတက်လေ့လာဖို့ အခြေခံကောင်းရလာမယ်၊ မွန်လူမျိုးတို့အတွက် ထိန်သိမ်းစောင့်ရှောက်သင့်တဲ့အတွက် အားလုံးက အားပေးကူညီသွားကြဖို့လိုတယ်” ဟု ဆက်ပြောသည်။

    မွန်ကျောက်စာသင်တန်းကို ပထမပိုင်း အခြေခံအဆင့်၊ ဒုတိယပိုင်း လက်တွေ့ရေးထိုးကျောက်စာဖတ်ခြင်း ဟူ၍ အပိုင်းခွဲခြားထားပြီး၊ ခေတ်ဦး၊ ခေတ်လယ်နှင့် ခေတ်သစ်မွန်စာပေဟူ၍ အဆင့် ၃ ဆင့် ခွဲခြားထားကြောင်း သိရသည်။

    နိုင်ရဲဇော်က “ခေတ်နဲ့ ခွဲထားတယ်လို ပြောရင်ရပါတယ်၊ သင်ခန်းစာတွေကတော့ ရှေးမွန်ကျောက်စာ အဆင့်ဆင့်ပြောင်းလဲရေးထိုးမှုတွေ ပါဝင်ပါ့မယ်” ဟုပြောသည်။

    အဆိုပါ မွန်ကျောက်စာ သင်တန်းကို သင်တန်းသားများ၏ လေ့လာတက်မြောက်မှုပေါ် မူတည်၍ အချိန် (၂) လခန့် လျာထားကြောင်း၊ သင်တန်းတက်ရောက်လိုသူများအနေဖြင့် မွန်စာတတ်မြောက်ပြီးသူများကိုသာ လက်ခံမည် သင်ကြားမည်ဖြစ်ကြောင်း၊ ဆရာနိုင်ဘရှင်က ဦးစီးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

    အသက် ၈၂ နှစ်ရှိပြီဖြစ်သော ဆရာနိုင်ဘရှင်သည် ရှေးဟောင်းသုတေသနဦစီးဌာန လက်အောက်ရှိ ကမ္ဗည်းကျောက်စာဌာနခွဲ လက်ထောက်ညွန်ကြားရေးမှူးတာဝန်မှ အငြိမ်းစားယူခဲ့သူတစ်ဦး ဖြစ်သည်။

    မွန်ပြည်နယ်မှ သင်တန်းသားအများဆုံးဖြစ်ပြီး သံဃာတော်များ၊ တက္ကသိုလ်ဆရာ/မများ၊ ရှေးဟောင်းသုတေသနဌာနဝန်ထမ်းများနှင့် မွန်လူငယ်များ အနည်းဆုံး ၃၀ မှ အများဆုံး ၅၀ ဦးခန့်တက်ရောက်ဆည်းပူးမည်ဟု ကနဦးစာရင်းအရ သိရသည်။

    ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင်လည်း မော်လမြိုင်တက္ကသိုလ်တွင် ဆရာနိုင်ဘရှင် ဦးစီး၍ ရှေးမွန်ကျောက်စာသင်တန်းဖွင့်လှစ်ခဲ့ပြီး ယခုအကြိမ်တွင် မွန်ပြည်နယ်၌ ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks