spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဌာနေလူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂ ပုံမှန်အစည်းအဝေးသို့ မွန်တိုင်းရင်းသား ၆ ဦး တက်ရောက်နေ

    ဌာနေလူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂ ပုံမှန်အစည်းအဝေးသို့ မွန်တိုင်းရင်းသား ၆ ဦး တက်ရောက်နေ

    -

    UNPFII တက်ရောက်နေသောမွန်အမျိုးသား ၆ ဦး(MAA)
    UNPFII တက်ရောက်နေသောမွန်အမျိုးသား ၆ ဦး(MAA)
    မင်းလုံး – အမေရိကန်နိုင်ငံ၊ နယူးယောက်(ခ်)မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ နှစ်စဉ် ကျင်းပလေ့ရှိသော ကမ္ဘာတဝန်းမှ United Nations Permanent Forum for Indigenous Issues (UNPFII) ဌာနေ လူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂ ပုံမှန်အစည်းအဝေးပွဲသို့ မွန်တိုင်းရင်းသား ၆ ဦးတို့ တက်ရောက်နေကြောင်း သိရသည်။

    မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပနေသော အဆိုပါ ၁၃ ကြိမ်မြောက် ဌာနေလူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂပုံမှန်ဆွေးနွေးပွဲသို့ အမေရိကန်အခြေစိုက် မွန်တိုင်းရင်းသားများအသင်း Mon American Association(MAA) ဥက္ကဌ နိုင်ဂျနူမန်၊ အဖွဲ့ဝင် နိုင်ရွတ်ရွတ်၊ ထိုင်းနိုင်ငံ ထိုင်း-မွန်ရာမာဉ်အသင်းဥက္ကဌ ဒေါက်တာမိမွန်ထော၊ မွန်ပြည်သစ်ပါတီ(ဗဟို)စည်းရုံးရေးဌာန ဒုတာဝန်ခံ နိုင်ယက္ခ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းဇေယျာနှင့် အသျှင်အဇ္ဇ(ဦးဇင်းဇော်လတ်) တို့ တက်ရောက်လျက်ရှိသည်။

    ဆွေးနွေးပွဲတက်ရောက်နေသူ မင်းဇေယျာ က “ဒီအစည်းအဝေးပွဲကို နိုင်ငံအလိုက်ဖိတ်တဲ့အထဲမှာ မြန်မာနိုင်ငံ ကိုယ်စားတော့မဟုတ်ပါဘူး၊ ကျနော်တို့က MAA အစီအစဉ်နဲ့ မွန်တိုင်းရင်းသား ကိုယ်စား လာတက်တာပါ၊ အစည်းအဝေးမှာတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေ၊ ရရှိထားတဲ့အခွင့်အလမ်းတွေ ရပိုင်ခွင့်တွေအပေါ် တားဆီးပိတ်ပင်နေတာတွေကို အပြန်အလှန်ဆွေးနွေး ကြတာပါပဲ၊ တက်ရောက်လာတဲ့ တိုင်းရင်းသားအားလုံးကို အလှည့်ကျစနစ်နဲ့ စာတမ်းတင်ခွင့်ပေးတာပါ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အစည်းအဝေးသို့ မေလ ၁၅ ရက်နေ့တင်ပြခဲ့သော မွန်တိုင်းရင်းသားစာတမ်းတွင် မွန်တစ်မျိုးတည်းအရေးကိုသာ တင်ပြခဲ့ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးများ၏ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများ၊ လက်ရှိမြန်မာနိုင်ငံ၌ ဆောင်ရွက်နေဆဲဖြစ်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံအခြေအခံဥပဒေပြုပြင်ပြောင်းလဲမှုများကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း ကိုမင်းဇေယျာက ဆက်ပြောသည်။

    နိုင်ယက္ခ က ” ကျနော်ကလည်း ဒီအမေရိကန်နိုင်ငံကိုရောက်နေစဉ်မှာ ဒီကမွန်အဖွဲ့တွေနဲ့အခြားတိုင်းရင်းသားတွေ၊ ABSDF အဖွဲ့ကနေ အနားယူထားတဲ့လူတွေ၊ လူ့ဘောင်သစ်ဒီမိုကရေစီအဖွဲ့ကလူဟောင်းတွေနဲ့တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ ဒီ UNPFII အစည်းအဝေးမှာလည်း မွန်တိုင်းရင်းသားတွေအခွင့်အရေး ဘယ်လိုချိုးဖောက်ခံခဲ့ရတဲ့အဖြစ်အပျက်တွေကို တင်ပြဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

    ယင်းအစည်းအဝေးပွဲသို့ နိုင်ငံပေါင်းတစ်ရာကျော်မှ ကိုယ်စားလှယ်ပေါင်းတစ်ထောင်ကျော် တက်ရောက်ကြရာ အများအားဖြင့် မြောက်အမေရိကနှင့် တောင်အမေရိကတိုက်မှ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၊ အာရှတိုက်နှင့် ဥရောပတိုက်မှ တိုင်းရင်းသားအချို့ နှင့် သြစတြေးလျတိုက်မှ ဌာနေတိုင်းရင်း သားခေါင်းဆောင်အချို့တို့ပါဝင်ကြောင်း သိရသည်။

    အဆိုပါ ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ အမေရိကန်သမ္မတ ဘားရက်(ခ်) အိုဘားမား သဝဏ်လွှာပေးပို့ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်း ကလည်း တက်ရောက်အမှာစ ကား ပြောကြားခဲ့ကြောင်း သတင်းမီဒီယာများက ဖေါ်ပြကြသည်။

    နှစ်တွင်ကျင်းပလျှက်ရှိသော ဌာနေလူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂပုံမှန်အစည်းအဝေးပွဲသို့ အမေရိကန်အခြေစိုက် မွန်တိုင်းရင်းသားများအသင်း MAA အနေဖြင့် ၂၀ဝ၈ ခုနှစ်မှ စတင်တက်ရောက်ခဲ့ရာ ယမန်နှစ်တွင် အသျှင်ရာဝိက၊ နိုင်ရွတ်ရွတ်နှင့် နိုင်လဂွန်းအိန်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts