spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထိုင်းဝန်ကြီးချူပ် မစ္စယင်းလတ် ရာထူးမှ ဖယ်ရှားခံရ

    ထိုင်းဝန်ကြီးချူပ် မစ္စယင်းလတ် ရာထူးမှ ဖယ်ရှားခံရ

    -

    မစ္စယင်းလတ် တိုင်းပြည်သို့နှုတ်ဆက်မိန့်ခွန်းပြောကြားစဉ်(RTG)
    မစ္စယင်းလတ် တိုင်းပြည်သို့နှုတ်ဆက်မိန့်ခွန်းပြောကြားစဉ်(RTG)
    မင်းလုံး – ထိုင်းအိမ်စောင့်အစိုးရ ဝန်ကြီးချူပ်မစ္စယင်းလတ်ရှင်နာဝပ်အား အာဏာအလွဲသုံးမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မေလ ၇ ရက်နေ့တွင် ရာထူးဖယ်ရှားသည့်အမိန့်ချမှတ်လိုက်ပြီး ကုန်သွယ်ရေးဝန်ကြီး နိဝပ်ထမ်းရုံးဘွန်းစုံ Niwatthamrong Boonsongphaisan အား ယာယီဝန်ကြီးချူပ်အဖြစ်ခန့် အပ်လိုက်ကြောင်း ထိုင်းမီဒီယာမျာက ဖေါ်ပြသည်။

    ယင်းလတ်ရှင်နာဝပ်သည် ၂၀၁၁ ခုနှစ်တွင် ဆွေမျိုးတော်စပ်သူတစ်ဦးအား ရာထူးအဆောင်အယောင်ပေးလိုသည့်အတွက် အမျိုးသားလုံးခြုံရေးအကြီးအကဲအရာရှိတစ်ဦးအား ရာထူးအရွှေ့ အပြောင်းလုပ်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေအခံဥပဒေဖွဲ့စည်းပုံနှင့် ကိုက်ညီမှုမရှိခြင်းနှင့် အာဏာအလွဲသုံးမှုများကြောင့် အခြေခံဥပဒေခုံရုံးက ယင်းကဲ့သို့ရာထူးမှဖယ်ရှားလိုက်သည်ဟု ဆိုသည်။

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ ကိုသက်ခိုင်က “ထိပ်တန်းအကြီးအကဲတစ်ယောက်ကို ရားထူးမှရွှေ့ပြောင်းလိုက်တာက တစ်မှုပေါ့ဗျာ၊ နောက်တစ်မှုဖြစ်တဲ့ လယ်သမားတွေဆီကဝယ်ထားတဲ့ ဆန်းစပါးကိစ္စကတော့ဘယ်လိုလာ မလဲဆိုတာကိုစောင့်ကြည့်ရဦးမယ်၊ အခုသူက ဝန်ကြီးချူပ်ကနေဖယ်ရှားခံရတဲ့အတွက် ၅ နှစ်တော့နားရဦးမယ်၊ သူဘယ်အခြေအနေမျိုးမှာပဲရောက်ရောက် သူနဲ့ပက်သက်တဲ့အမှုတွေကိုတော့ ဆက်စစ်ဆေးနေဦးမှာပဲ” ဟုပြောသည်။

    ယင်းလတ်အား ရားထူးမှဖယ်ရှားသည့်အမိန့်ချမှတ်ပြီးနောက်ညနေပိုင်းတွင် “တက်ဆင်”အစိုးရကိုထောက်ခံသည့် အနီရောင်တီရှပ်အဖွဲ့က တရားသူကြီးနေထိုင်သည့် နေအိမ်အား ဗုံးပစ်ဖေါက်ခြင်းနှင့် လောင်စာမီးများပစ်ခတ်မှုများပြုလုပ်ခဲ့ကြသည်ဟု ကိုသက်ခိုင်က ဆက်ပြောသည်။

    “အစိုးရအတိုက်အခံလို့ပြောလို့ရတဲ့ ဘုန်းကြီးတစ်ပါးဦးဆောင်တဲ့အဖွဲ့သိမ်းထားတဲ့ မြေဧရိယာတွေကို ပြန်သိမ်းမယ်လို့ပြောထားတာတွေရှိတယ်၊ နဂိုလ်ကတည်းကအဲဒီမှာ လနဲ့ချီပြီး ဆန္ဒပြသမားတွေရှိနေတယ်၊ တကယ်လို့သူတို့သိမ်းမယ်ဆိုရင် ပဋိပက္ခတွေအကြီးအကျယ် ဖြစ်လာနိုင်တယ်၊ ဆိုလိုတာက အခြေအနေတွေဆက်ပြီးတင်းမာသွားမယ့်သဘောရှိတယ်လို့ ပြောလို့ရတယ်” ဟု ကိုသက်ခိုင်က ဆိုသည်။

    အထက်ပါ အမျိုးသားလုံခြုံရေး အကြီးအကဲအရာရှိတစ်ဦးအား ရာထူးမှအပြောင်းအလဲပြုလုပ်ခဲ့သည့်ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲ့သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၉ ဦးလည်း ရာထူးမှဆင်းပေးရမည်ဟု သတင်းမီဒီယာများက ဖေါ်ပြသည်။

    မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်းဝင် ကိုကျော်သီဟ ကလည်း “ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ကြီး ၉ ယောက်အထဲမှာ အလုပ်သမားဝန်ကြီးတစ်ဦးလည်းပါတယ်၊ မြန်မာအလုပ်သမားတွေအတွက် အလုပ်ဗီဇာသက်တမ်းတိုးရမယ့်ကိစ္စမှာတော့နှောက်နှေးသွားမယ်၊ ဒီကိစ္စမှာ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနနဲ့ မြန်မာသံရုံးက သဘောတူထားပြီးသားပါပဲ၊ ကြေညာချက်မထုတ်ရသေးတာပဲရှိတာပါ” ဟုပြောသည်။

    ထိုသို့ တရားရုံးက အမိန့်ချမှတ်လိုက်ပြီးသည့်နောက် အစိုးရအတိုက်အခံဆန္ဒပြခေါင်းဆောင် ဆူထစ်တက်ဆုဘန် ဘက်ကလည်း ဘန်ကောက်မြို့လယ်ရှိ အင်အားစုများကိုပေါင်းစည်း၍ မေလ ၉ ရက်နေ့တွင် နောက်ဆုံးတိုက်ပွဲဟုခေါ်သည့် လူထုချီတက်ဆန္ဒပြပွဲကျင်းပြုလုပ်မည်ဖြစ်၍ မည်သည့်လှုပ်ရှားမှု မျိုးပြုလုပ်မည်ကို ကြေညာထားမရှိသော်လည်း နိုင်ငံအတွက်အရေးကြီးသည့်လှုပ်ရှားမှုမျိုးပြုလုပ်လိမ့်မည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

    “တက်ဆင်” အနွယ်ဝင်များနှင့် ဝန်ကြီးချူပ် ယင်းလတ် အစိုးရဖြုတ်ချရေးအတွက် အစိုးရအတိုက်အခံခေါင်းဆောင်က လနှင့်ချီပြီးဆန္ဒပြခဲ့ရာ ဝန်ကြီးချူပ်ယင်းလတ် အစိုးရ၏ မသမာမှု၊ လာဘ်စားမှုများကို ရှာဖွေတွေ့ရှိခဲ့၍ အခြေခံဥပဒေတရားရုံးတွင် တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံ၏ ၂၈ ဦးမြောက်ဝန်ကြီးချုပ်ဖြစ်သူ မစ္စယင်းလတ်သည် ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်ခဲ့ပြီး နိုင်ငံကို ၂ နှစ် ၉ လ ၂ ရက်တိတိတာဝန်ထမ်းဆောင်ခဲ့သည်ဟု သူမ၏ယမန်နေ့တွင်ပြောကြားသောနှုတ်ဆက်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks