spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းBNI ငြိမ်းချမ်းရေး စောင့်ကြည့်မှု ပုံဖေါ်ခြင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

    BNI ငြိမ်းချမ်းရေး စောင့်ကြည့်မှု ပုံဖေါ်ခြင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

    -

    ငြိမ်းချမ်းရေးစောင့်ကြည့်မှုပုံဖေါ်ခြင်း သတင်းစာရှင်းလင်းပွဲ(Facebook)
    ငြိမ်းချမ်းရေးစောင့်ကြည့်မှုပုံဖေါ်ခြင်း သတင်းစာရှင်းလင်းပွဲ(Facebook)
    မင်းလုံး – Burmese News International (BNI) ငြိမ်းချမ်းရေးစောင့်ကြည့်မှု သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၌ ယနေ့(မေလ ၇ ရက်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ထိုသတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့တော်ရှိ FCCT ရုံး၌ပြုလုပ်ကျင်းပခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးပွဲများ၊ ဒုက္ခသည်စခန်းများနှင့်ပတ်သက်သည့် အချက်အလက်များ၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတို့ ဆွေးနွေးထားကြသည့် အချက်အလက်များကိုနိုင်ငံတကာ သံတမန်များ၊ ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်ခြင်း BNI ငြိမ်းချမ်းရေးဖြစ်စဉ်စောင့်ကြည့်စစ်ဆေးရေးအစီအစဉ်မှ Program Coordinator ကိုစိုင်းလိတ်က ပြောသည်။

    ကိုစိုင်းလိတ်က “ကျနော်တို့ရရှိလာတဲ့ရလအ်တွေကတော့ တက်ရောက်လာတဲ့ သံရုံးကတာဝန်ရှိသူ တွေ၊ သတင်းစာဆရာတွေက ဒီကျနော်တို့စုဆောင်းထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးထားတဲ့အချက်အလက်တွေကို၊ သူတို့သိရှိနားလည်သဘောဘော ပေါက်သွားမှာဖြစ်တယ်” ဟု ပြောသည်။
    အဆိုပါသတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာမှ သံတမန်များ၊ သံရုံးအရာရှိများ၊ ဂျာနယ်လစ်သတင်းစာဆရာများ၊ သတင်းထောက်များ စုစုပေါင်း လူဦးရေ ၃၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    အဆိုပါမှတ်တမ်းများတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ၏အချက်အလက်များနှင့် ယခုနှစ်အတွင်းဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များပါဝင်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်ရှင်းလင်းသူတစ်ဦးဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာနတည်ထောင်သူနှင့် ပြည်ထောင်စုအင်စတီကျု စီမံခန့်ခွဲမှုဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောသည်။

    ဦးခွန်ဆိုင်းက “ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေပါလျက်နဲ့ တိုက်ပွဲ တွေဖြစ်နေတာတွေ၊ ရခိုင်အရေးအခင်းတွေ၊ နောက်တော့ ဘာသာရေးပဋိပက္ခတွေ၊ ရန်ကုန်မြို့နယ်အရပ်ရပ်မှာ ဗုံးပေါက်ကွဲတဲ့ကိစ္စတွေ စတဲ့အချက်အလက်တွေအားလုံးပါတယ်” ဟု ပြောသည်။

    ယနေ့၌ ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အရ လက်ရှိဝန်ကြီးချူပ် ယင်းလက်ရှင်နာဝပ် အား ဝန်ကြီး ချူပ်အဖြစ်မှဖြုတ်ချလိုက်ပြီးဖြစ်သောကြောင့် သတင်းစာရှင်းလင်းပွဲသို့ သတင်းထောက်များ၊ သတင်းစာဆရာ များတက်ရောက်သူ နည်းသွားသည်ဟု ဦးခွန်ဆိုင်းက ဆက်ပြောသည်။

    အလားတူ ၂၀၁၃ အစီအရင်ခံစာတွင် ၂၀၁၁ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ နိုင်ငံရေးဆွေးနွေးပွဲပြု လုပ်ကျင်းပရန်ဖိတ်ခေါ်ခဲ့သည့်အချိန်မှစပြီး ၂၀၁၂ နှစ်ဆုံးသည့်အထိမှတ်တမ်းအစီရင်ခံစာများကိုလည်း ယမန်နှစ်က ရန်ကုန်မြို့ရှိ MJN ရုံး၌ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ စစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေအစီရင်ခံစာကို ၂၀၁၃ စက်တင်ဘာလတွင် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ယခု အစီရင်ခံစာသည် ၂၀၁၃ မှစပြီး ၂၀၁၄ မတ်လ အထိဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ၏ အချက်အလက်များကိုလည်း တင်ပြခြင်းထားခြင်း ဖြစ်သည်။

    BNI သည် တိုင်းရင်းသားဒေသများကို အထူးပြုပြီး မြန်မာနိုင်ငံအတွင်းရှိ အဖြစ်အပျက်များကို ပြည်တွင်း နှင့် နိုင်ငံတကာမှ ပိုမို နားလည် သိရှိနိုင်ရန်အတွက် အရည်အသွေး ပြည့်မှီသည့် ဘက်စုံ သတင်းမီဒီယာ လုပ်ငန်းများ ဦးတည် လုပ်ဆောင်သွားရန်မျှော်မှန်းချက်ဖြင့် ၂၀ဝ၃ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ တိုင်းရင်းသားသတင်းဌာန ၁၂ ခု ပူးပေါင်းပါဝင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks