spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမြန်မာ့တပ်မတော် သာလွန်အင်အားသုံး ထိုးစစ်ဆင်နေမှု UNFC ကန့်ကွက်

    မြန်မာ့တပ်မတော် သာလွန်အင်အားသုံး ထိုးစစ်ဆင်နေမှု UNFC ကန့်ကွက်

    -

    ခတ္တာနန်း – ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ဧပြီလဆန်းပိုင်းမှစတင်၍ မြန်မာ့တပ်မတော်က “သာလွန်အင်အားသုံး” မဟာဗျူဟာထိုးစစ်ဆင်နွဲနေခြင်းအပေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC

    က ပြင်းထန်စွာကန့်ကွက်ကြောင်း ဧပြီ ၂၃ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှစ်ဘက်ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးနေချိန်တွင် ယင်းကဲ့သို့ အစိုးရဘက်က ကြီးမားသောစစ်ဆင်ရေးအသွင်ဆောင် စစ်အင်အားအသုံးပြုနေခြင်းသည် မဖြစ်သင့်ကြောင်း၊ ရရှိထားသည့် နာလည်မှု၊ ယုံကြည်မှုများ ချေဖျက်နေသကဲ့သို့ ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    UNFC အထွေထွေအတွင်းရေးမှူး နာဲဟံသာက “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတဲ့ အခုလိုအချိန်မှာ ကချင်ဒေသထဲမှာ အစိုရစစ်ကြောင်းတွေ ပိုမိုတိုက်စစ်ဆင်နေတာဟာ တစ်ဖက်နဲ့ တစ်ဖက် သံသယတွေပိုပြီး ကြီးထွားစေနိုင်တယ်၊ ဆွေးနွေးပွဲလုပ်နေတဲ့ အချိန်မှာ ဒီလိုလုပ်ရပ်တွေ မလုပ်သင့်ပါဘူး”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ထို့အပြင် အစိုးရတပ်များနေရာယူဖြန့်ကျက်ထားသည့်တပ်များအားလုံး ပြန်လည်ရုပ်သိမ်းပေးရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားနိုင်မည့် သဘောတူညီချက်များ ရယူနိုင်သည့်အထိ ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖေါ်ဆောင်ကြရန်အတွက် UNFC က တိုက်တွန်းထားသည်။

    “ဆွေးနွေးနေချိန်မှာစစ်ဆင်တာက ဖိအားတစ်မျိုးမျိုးလည်း ဖြစ်နိုင်တယ် ဒါမှမဟုတ်ရင် ငြိမ်းချမ်းရေးဆွေးနွေးနေမှုကို နှောက်ယှက်တဲ့သဘော၊ မလိုလားတဲ့သဘောလည်း ဖြစ်နိုင်တယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ယခုဧပြီလဆန်းမပိုင်းမှစ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA ,TNLA ,SSA (N) တပ်များအား မြန်မာတပ်မတော်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပေါ်လျှက်ရှိသည်ကို သတင်းများတွင် မကြာခဏဖေါ်ပြနေသည်။

    ထိုစစ်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် စစ်ပြေးဒုက္ခသည်များအဖြစ် နေရပ်စွန်ခွာရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများဖြစ်ပေါ်နေမှုများ နေ့စဉ်ရက်ဆက်ကြားသိနေရသည့်အတွက် UNFC အနေဖြင့်စိုးရိမ်မကင်းဖြစ်မိသည်ဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

    အလားတူ ဧပြီလ ၂၃ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ အစီရင်ခံစာတရပ်တွင် မြန်မာနိုင်ငံ၌ အမျိုးသမိးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ရှိနေသည့်ပြောဆိုရေးသားမှု အများအပြားတွေ့ရှိလာရာ အထူးသဖြင့် ကချင်ပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်များ အကြမ်းဖက်ခံရခဲ့ရသည်ဟု ဖေါ်ပြထားသည်။

    သို့ရာတွင် အဆိုပါ UNFC ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာအစိုးရဘက်မှတစုံတရာ ပြန်လည်တုန့်ပြန်ပြောဆိုခြင်း မတွေ့ရှိခဲ့သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks