spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ

    လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ

    -

    ကွမ်လှာကျေးရွာအဝင်လမ်း
    ကွမ်လှာကျေးရွာအဝင်လမ်း

    မင်းထူးသစ် – မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ် ပွဲခင်းရံပုံငွေဆိုင်တစ်ဆိုင်မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂ ဦးအား

    လူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွင် တရားခံဟုယူဆရသူ လူငယ် ၃ ဦးဖမ်းဆီးရမိပြီး ကျန် ၄ ဦးလွတ်မြောက်နေဆဲဟု သိရသည်။

    အဓိကတရားခံဟုယူဆရသူ သံဖြူဇရပ်မြို့ အောင်သာယာရပ်နေ အဇွန့်နှင့် မုဒုံမြို့နယ်၊ တောင်ပကျေးရွာမှ လူငယ်များဖြစ်ကြသော အလေး၊ အမွန်၊ အညူတို့အားတရာခံပြေးဟု ကြော်ငြာဖွယ်ရှိကြောင်း၊ လက်ရှိတွင် ကွန်ပလာ၊ အတူး၊ အထွန်းတို့ ၃ ဦးကို ဖမ်းဆီးရမိထားကြောင်း ကမာဝက်နယ်မြေရဲစခန်း ဂတ်စာရေး တပ်ကြပ်ကြီးကျော်ကျော်မြင့်က ပြောသည်။

    တပ်ကြပ်ကြီးကျော်ကျော်မြင့်က “အလိုမတူ အဓမ္မ အတင်းနိုင်ထက်ကားတင်ပြေးခြင်း ပ/(၁၇)/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၆ နဲ့ အမှုဖွင့်ထားတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

    ပြီးခဲ့သည့်ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်တွင် ကျေးရွာ၌ကပြဖြေဖျော်နေသော ဇာတ်သဘင်ပွဲခင်းအတွင်း ထိုသို့အခင်းဖြစ်သည်ကိုသိရှိသည်တပြိုင်နက် ကွမ်းလှာကျေးရွာမှ လူငယ် (၄၀) ကျော်ခန့်စုစည်းမိကာ မော်တော်ဆိုင်ကယ်များဖြင့်လူအုပ်စုခွဲ၍ လိုက်လံရှာဖွေခဲ့ရာ တစ်နာရီခန့်အကြာတွင် ရွာမှသုံးမိုင်ခန့်အကွာ နှီးပဒေါကျေးရွာ တံတားကြီးအလွန်၌ ရွာခံပြည်သူ့စစ်နှင့်ရဲများ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    ကွမ်လှာရွာသား နိုင်ဆန်နီက “မိန်းခလေးတွေကို သင်္ကြန်ရေပက်ကစားသလိုလိုနဲ့ ကားပေါ်အတင်းအဓမ္မဆွဲတင်ပြီး တယောက်ကိုပါးစပ်ပိတ်၊ တယောက်ကို သူတို့ဖမ်းချူပ်နှောင်ထားလိုက်တယ်၊ ကံကောင်းထောက်မလို့ မိန်ခလေးနှစ်ယောက်ကို ပြန်ကယ်တင်လိုက်နိုင်လိုက်တာပါ၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး အသေသတ်လိုက်မှာလား၊ ရောင်းစားတာမှာလားတော့ မတွေးဝန့်စရာ” ဟု ပြောသည်။

    ပြန်လည်လွတ်မြောက်လာသူ မိန်းမပျိုတစ်ဦး၏မိခင်ဖြစ်သူ ဒေါ်ဖွားအေးက သမီးဖြစ်သူကိုလာရောက် ရည်ငံနေသည့် လက်ရှိအဓိကတရားခံဟုယူဆရသူ အဇွန့်ဆိုသူမှာ မိမိနေအိမ်သို့ နှစ်ကြိမ်နှစ်ခါခန့် လာရောက်လည်ပတ်ခဲ့ရာတွင် သမီးဖြစ်သူတစ်ခါမှအတွေ့မခံသဖြင့် မိမိသာလျှင်အားနာ၍ လက်ခံ စကားပြောပေးခဲ့ရသည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ဆိုသည်။

    မွန်ပြည်နယ်တွင် အထက်ပါဖြစ်ရပ်ကဲ့သို့ မိန်းမပျိုများအား အုပ်စုဖွဲ့ကားပေါ်တင်ပြေးသည့်အမှုများ ယခင်ကဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဒေသခံများအပြောအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks