spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းနိုင်ဟံသာ၏ "မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဖြစ်စဉ်သမိုင်း" စာအုပ် ဖြန့်ချိပြီ

    နိုင်ဟံသာ၏ “မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဖြစ်စဉ်သမိုင်း” စာအုပ် ဖြန့်ချိပြီ

    -

    မင်းလုံး – မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ရေးသားပြုစုခဲ့သည့် “မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး ဖြစ်စဉ်သမိုင်း” စာအုပ်ကို တိုင်းရင်းသားလူမျိုးရေးရာသုတေသနအဖွဲ့က ဖြန့်ချိနေကြောင်း သိရသည်။

    ယင်းစာအုပ်တွင် အခန်း ၉ ခန်းပါဝင်၍ မွန်လူမျိုးတို့၏ နောက်ခံသမိုင်းအကျဉ်းမှအစ မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးသမိုင်းများကို ရေးသားဖေါ်ပြထားပြီး စာမျက်နှာအရေအတွက်၂၃၈ ရွက်၊ ဈေးနှူန်း ၂၀ဝ၀ ကျပ်ဟု သိရသည်။

    မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဖြစ်စဉ်သမိုင်းစာအုပ် (IMNA)
    မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဖြစ်စဉ်သမိုင်းစာအုပ် (IMNA)
    နိုင်ပန်းသာ၏ မွန်နိုင်ငံ ရေးလှုပ်ရှားမှု အတွေ့အကြုံစာအုပ်ထုတ်ဝေသူ ကိုသူက “တခြားနိုင်ငံရေးအကြောင်း စာအုပ်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီစာအုပ်က အချက်အလက်လေးတွေ တော်တော်စုံတယ်၊ ဖတ်ချင်စရာကောင်းလောက်အောင်လည်း ရေးထားတယ်၊ စာအုပ်ထဲမှာက အကြောင်း အရာတစ်ခုကို အရှည်ကြီးရေးထားတာမဟုတ်ဘူး၊ တိုတိုလေးနဲ့ အဓိပ္ပါယ်ကိုနားလည် သဘောပေါက်အောင် ရေးထားတာ သိပ်ကောင်းပါတယ်” ဟု ပြောသည်။

    အဆိုပါစာအုပ်ကို ရန်ကုန်မြို့ အင်းဝစာပေတွင်လည်ကောင်း၊ တိုင်းရင်းသားကွန်ယက်တွင် လည်ကောင်း၊ စာပေဗိမာန်တွင်လည်းကောင်း ဝယ်ယူနိုင်သည်ဟု သံလွင်တိုင်းမ်ဂျာနယ်အုပ်ချုပ်မှုအယ်ဒီတာ ကိုမင်းမင်းက ပြောသည်။

    ကိုမင်းမင်းက “စာအုပ်တော်တော်ရောင်းရတယ်လို့ပြောနေကြတယ်၊ ဒါပေမယ့် ကျနော်တို့မွန်ပြည်နယ်ကိုတော့ မရောက်သေးဘူး၊ ရန်ကုန်စာအုပ်ဆိုင်တွေတော်တော်များများမှာတော့ရှိတယ်၊ လူတွေကလည်း လိုက်မေးနေကြတယ် ဘယ်ဆိုင်မှာဝယ်ရမလဲဆိုတာ” ဟု ပြောသည်။

    ထိုစာအုပ်တွင် အမှန်တရားကိုဖော်ဆောင်ရန်နှင့် အများပြည်သူကိုအကျိုးပြုရန် ဦးတည်ထားသော တော် လှန်ရေးကြီးတွင် ပါဝင်ခဲ့ကြသည့် ရှေးက ခေါင်းဆောင်များ၏ ကောင်းသည့်လုပ်ဆောင်ချက်များကို အတုယူ ခြင်း၊ ဂုဏ်ပြုချီးကျူးခြင်း၊ မကောင်းသည့်လုပ်ဆောင်ချကများအပေါ် သင်ခန်းစာယူကာ ထို့နည်းတူမလုပ် ဆောင်မိရန် ရှောင်ရှားနိုင်ရန်အတွက် ရေးသားခဲ့သည်ဟု နိုင်ဟံသာ၏ အမှာစာတွင် ရေးသားထားသည်။

    နိုင်ဟံသာသည် စာပေရေးသားခြင်းနှင့် ဂီတအနုပညာတို့တွင် ဝါသနာပါသူဖြစ်ပြီး လက်ရှိတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေအထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌအဖြစ်လည်းကောင်း အနှစ် ၄၀ ကျော် တော်လှန်ရေးသမားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

    အလားတူ မွန်တော်လှန်ရေးသမားဟောင်းတစ်ဦးဖြစ်သော နိုင်ပန်းသာ ရေးသားပြုစုခဲ့သည့် အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုမှအစ မွန်အမျိုးသားအဖွဲ့ပေါ်ပေါက်လာပုံ၊ မွန်ပြည်သူ့တပ်ဦးနှင့် မွန်ပြည်သစ်ပါတီတို့၏ ပြောင်းလဲမှုဖြစ်စဉ်များအပါ အဝင် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရကြား ငြိမ်းချမ်းရေးရရှိရန် ကြိုးစားအားထုတ်ခဲ့ပုံများအား "မွန်နိုင်ငံ ရေးလှုပ်ရှားမှု အတွေ့အကြုံ"စာအုပ်ကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks