spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရာဘာဈေးနှုန်းကျဆင်းနေ

    မွန်ပြည်နယ်ရာဘာဈေးနှုန်းကျဆင်းနေ

    -

    မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံတစ်ရုံ(IMNA)
    မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံတစ်ရုံ(IMNA)
    မင်းထူးသစ် – လက်ရှိကာလ ရာဘာဈေးနှုန်းကျဆင်းနေမှုကြောင့် မွန်ပြည်နယ်ရာဘာစိုက်ပျိုးသူများ ငွေကြေးအရှုံးပေါ်နေကြောင်း မေးမြန်းချက်များအရ သိရသည်။

    ယခင်နှစ် တစ်ရက်လှန်းရာဘာတစ်ပေါင် (၈၀ဝ) ကျပ်ဝန်းကျင်ဈေးပေါက်ခဲ့သော်လည်း ယခုနှစ်ရာဘာ တစ်ရက်လှမ်းဈေးတစ်ပေါင် (၄၂၀)ကျပ်ဝန်းကျင်သာရှိနေခြင်းဖြစ်သည်။

    သံဖြူဇရပ်မြို့ ရာဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ကိုအေးမင်းက “ရာဘာ ၁၀ ဧက အပင်၂၀ဝ၀ ပိုင်တဲ့ခြံရှင်အနေနဲ့ လက်ရှိဈေးနှုန်းပေါက်ဈေးအတိုင်းဆိုရင်
    အလုပ်သမားစရိတ်ဘဲရတော့တယ်၊ တခြားစရိတ်တွေပါထည့်တွက်လိုက်ရင်အရှုံးပေါ်နေတယ်”ဟု ပြောသည်။

    ထို့အတူ ရာဘာအဝယ်ဒိုင်များတွင်လည်း အရေးအဝယ်အေးနေသည်ဟုလည်း သိရသည်။ ရာဘာအဝယ်ဒိုင်ဖွင့်ထားသူ မကရင်မ က “ရာဘာအဝယ်ဒိုင်လုပ်ရတာ လောင်းကစားဆန်ဆန်ပဲ၊ ဈေးနှုန်းပြန်တက်မလားလို့စောင့်နေတာ၊ ဝယ်ပြီးလှောင်ထားတာ လက်ရှိဈေးနှုန်းဆိုရင် အရှုံးပေါ်နေတယ်၊ နယ်အဝယ်ဒိုင်တွေဆိုရင် အပေါ်ဒိုင်တွေရဲ့ ခြယ်လှယ်မှုကိုခံနေတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်သည် ၂၀၁၂-၂၀၁၃ ခုနှစ်ထိ ရာဘာစိုက်ဧကစုစုပေါင်း (၄၈၀၂၂၄)ဧက၊ တစ်ဧကပျမ်းမျှအထွက်နုန်းခန့်မှန်း (၆၈၈.၉၆)ပေါင် ၊၂၀၁၂-၂၀၁၃ ရော်ဘာအထွက်တန်ချိန်(၁၀ဝ၂၀၂)တန် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရာဘာစိုက်ဧကအများဆုံးပြည်နယ်ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

    အလားတူ ၂၀ဝ၉ ခုနှစ်တွင် ရာဘာဈေးနုန်းတစ်ရက်လှန်း ၃၅၀ကျပ် ဝန်းကျင်အထိ ဈေးကျခဲ့ဘူး ရာဘာအဝယ်ဒိုင်များက ပြောသည်။

    ရာဘာဈေးနုန်းများသည် ကမ္ဘာ့ရေနံပေါက်ဈေးနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပြီး လက်ရှိရေနံဈေးကျနေချိန်တွင် ကားတာယာထုတ်စက်ရုံများက ရာဘာအစား အရည်အသွေးပိုမိုကောင်းမွန်သော ရေနံဖြင့်ထုတ်လုပ်သည့်ရာဘာတုများကို ပိုမိုထုတ်လုပ်နေသည်ဟု စင်္ကာပူရေနံ Eastman chemical company ၌ အလုပ်လုပ်ကိုင်နေသူ ကိုအောင်စံဝင်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts