Homeသတင်းထိုင်းရွေးကောက်ပွဲ ပြီးဆုံးသော်လည်း အစိုးရသစ် ဖွဲ့စည်းရန်ခက်ခဲ

ထိုင်းရွေးကောက်ပွဲ ပြီးဆုံးသော်လည်း အစိုးရသစ် ဖွဲ့စည်းရန်ခက်ခဲ

-

 ရွေးကောက်ပွဲအပြီး အစိုးရအတိုက်အခံများဆက်လက်ဆန္ဒပြစဉ် (photo: Suthep Thaugsuban)
ရွေးကောက်ပွဲအပြီး အစိုးရအတိုက်အခံများဆက်လက်ဆန္ဒပြစဉ် (photo: Suthep Thaugsuban)
မင်းလုံး – အခက်အခဲများကြားတွင် ထိုင်းပါလီမန် အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ် ပြီးစီးခဲ့သော်လည်း လွတ်တော်အစည်းအဝေး ခေါ်ယူနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် အလုံအလောက် မရှိသောကြောင့် အစိုးရသစ် ဖွဲ့စည်းရန် အခက်အခဲများစွာ ရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

အစိုးရအတိုက်အခံ ဆန္ဒပြသမားများ၏ ပိတ်ဆို့မှုကြောင့် ဘန်ကောက်မဲဆန္ဒနယ်အချို့နှင့် ဆန္ဒပြသမားများ၏ အမာခံနယ်မြေ အတိုက်အခံအကောင်းဆုံးဖြစ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသ မဲဆန္ဒနယ်များတွင် ပြည်သူလူထုများ မဲမပေးနိုင်၍ ကိုယ်စားလှယ်များမရရှိခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့အခြေအနေ စောင့်ကြည့်နေသူ ကိုသက်က “ထိုင်းဥပဒေသဘောအရ လွှတ်တော်ခေါ်မယ်ဆိုရင် မဲဆန္ဒနယ် ၄၇၅ ခုရှိမှ ခေါ်လို့ရမှာလေ၊ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တွေ အပိတ်ခံထားရတာ များတယ်၊ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ၂၉ နေရာကတော့ ပိတ်ထားပြီးသားပဲ၊ ဆိုလိုတာက မဲရုံတွေ ပိတ်ထားတော့ ကိုယ်စားပြု ကိုယ်စားလှယ်တွေ ရွေးလို့ မရဘူးဗျာ၊ မရတော့ အစိုးရသစ်ဖွဲ့ဖို့ လွှတ်တော်ခေါ်ဖို့ လုံးဝ မဖြစ်နိုင်သေးပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ပါလီမန် အထွေအထွေ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် မဲရုံ ၈၀% ခန့် မဲပေး ခဲ့ကြသော်လည်း မဲစာရွက် တော်တော်များများမှာ မည်သည့်ကိုယ်စားလှယ်ကိုမှ မရွေးချယ်ဘဲ နဂိုပုံစံအတိုင်း မဲပုံး ထဲကိုပြန်ထည့်ခဲ့ကြသည်ဟု ထိုင်းမီဒီယာများက ဖေါ်ပြသည်။

“ရွေးကောက်ပွဲရလအ်ကို တရားဝင်ကြေညာတာတော့ မဟုတ်ပါဘူး၊ ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့တဲ့ ခရိုင်တစ်ချို့မှာ မဲပေးတဲ့လူတွေ ၅၀%လောက်တော့ ရှိတယ်၊ အဲဒီအထဲမှာတော့ အခုလက်ရှိ အာဏာရပါတီ Pheu Thai ပါတီက တော့ရကြတာပေါ့၊ ရွေးကောက်ပွဲ လုပ်ဖြစ်တဲ့ခရိုင ်တစ်ခရိုင်မှာ ၁၀% လောက်ကတော့ ဘယ်ပါတီကိုမှ မရွေးချယ်ပဲ မဲစာရွက်ကိုဒီအတိုင်း ထည့်လိုက်တာတွေတော့ ရှိတယ်”ဟု ကိုသက်က ဆက်ပြောသည်။

ယခုလ ၂ ရက်နေ့တွင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ပိတ်ဆို့ခံထားရသည့် ခရိုင်များမှ မဲရုံများကို ပြန်လည်ဖွင့်လှစ်ပြီး မဲပေးနိုင်ရန် ရွေးကောက်ပွဲကော်မရှင်က အစိုးရနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

Thai TV channel 3 သတင်းဖေါ်ပြချက်အရ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲပေးသူစုစုပေါင်း ရာခိုင်နှူန်း ထက်ဝက် မကျော်၍ သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ % မပြည့်သောကြောင့် ဖွဲ့စည်း ပုံအခြေအခံဥပဒေအရ တရားဝင်ရွေးကောက်ပွဲမဖြစ်ကြောင်း အတိုက်အခံဒီမိုကရက်ပါတီမှ ရှေ့နေ့များက ဖွဲ့စည်းပုံအခြေအခံဥပဒေဆိုင်ရာ တရားလွှတ်တော်သို့ ဆုံးဖြတ်ပေးရန် တင်ပြထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေတင်းမာမှုသည် ရွေးကောက်ပွဲပြီးဆုံးသွားသော်လည်း ဆန္ဒပြမှု ပြီးဆုံးသွားခြင်းမရှိဘဲ၊ ဘုရင်စနစ်ကို ထောက်ခံကြသည့် ဆန္ဒပြသမားများက ဝန်ကြီးချူပ်ဟောင်း သက်ဆင် အား ပြည် ွင်းပြန်လာမည့်ဥပဒေကြမ်းကို ကန့်ကွက်ကြပြီး လက်ရှိဝန်ကြီးချူပ် ယင်းလက် အား ဝန်ကြီးချူပ်ရာထူး ကနေ ဆင်းပေးရန်အတွက် ဆက်လက်ဆန္ဒပြနေကြဆဲပင် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts