Homeသတင်းနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် သန်းခေါင်စာရင်းအရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် သန်းခေါင်စာရင်းအရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

-

တိုင်းရင်းသူ သတင်းထောက်များနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကြစဉ်(Ami Facebook)
တိုင်းရင်းသူ သတင်းထောက်များနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကြစဉ်(Ami Facebook)
အေမီအောင် – သန်းခေါင်စာရင်းကောက်ခံခြင်းသည် ကိန်းဂဏန်းများကောက်ယူခြင်းဖြစ်ပြီး နိုင်ငံတိုးတက်ရေး ဖွံ့ဖြိုးရေးအတွက် အသုံးချတတ်ရန် အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ ပြည်သူ့လွှတ်တော် ဥက္ကဌရုံးခန်း၌ ဇန်နဝါရီလ ၃၁ ရက်နေ့က တိုင်းရင်းသူသတင်းထောက်များအား လက်ခံတွေ့ဆုံခဲ့စဉ် ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က” သန်းခေါင်စာရင်းကောက်ပြီး စာအုပ်ထဲမှာ ထားပြီး ဘာမှလည်းအသုံးမချဘူး၊ ဘာမှလည်း မလုပ်ဘူးဆိုရင် အချိန်ကုန်၊ ငွေကုန်လူပမ်းတာပဲရှိမယ်” ဟုပြောသည်။

ထို့အပြင် နိုင်ငံခြားတွင် တရားဝင်ပတ်စပို့မရှိဘဲ အလုပ်လုပ်ကိုင်နေကြသူ အများအပြားရှိသဖြင့် ၂၀၁၄ သန်းခေါင်းစာရင်တွင် လူဦးရေစာရင်း အကြမ်းဖျင်းအားဖြင့်သာရရှိနိုင်သည့်အတွက် ကိန်းဂဏန်း အရေတွက် တိတိကျကျ ရရန်ခက်ခဲလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

သူရဦးရွှေမန်းက “အခြားသတင်းအချက်လက်တွေရယူဖို့မပါဘူး၊ ဘာမှမစိုးရိမ် မကြောက်ပါနဲ့ သူတို့မေးတဲ့ မေးခွန်း ၄၁ ခုကို တတ်နိုင်သလောက်မှန်မှန်ကန်ကန်ဖြေမှလည်း စာရင်းတိတိကျကျရနိုင်မယ်” ဟု ပြောသည်။

ယင်းသို့တွေ့ဆုံခဲ့စဉ် တိုင်းရင်းသူသတင်းထောက်များက သန်းခေါင်စာရင်းနှင့်ဆိုင်ရာမေးခွန်းများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုသဘောထားများ ပြည်ထောင်စုတပ်မတော်၊ လူငယ်နှင့် ပညာရေးစသော မေးခွန်းများကိုလည်း မေးမြန်းခဲ့သည်။

ထို့နောက် တိုင်းရင်းသားသတင်းထောက်များသည် ပြန်ကြားဝန်ကြီးဌာန ဒုဝန်ကြီးနှင့်၄င်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဌာနသို့ သွားရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့်၄င်း သွားရောက်တွေ့ဆုံခဲ့ပြီး ၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်များကို မေးမြန်းခဲ့ကြသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ သျှမ်း စသောတိုင်းရင်းသားသတင်းဌာန ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာမြန်မာ့သတင်း BNI သတင်းဌာနရှိ အလုပ်သင်အမျိုးသမီးသတင်းထောက်များ နေပြည်တော်သို့ ပထမအကြိမ်သွားရောက်သတင်းယူသည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts