spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းထိုင်းနိင်ငံ ရွေးကောက်ပွဲ၌ မဲသွားမပေးရန် ဆန္ဒပြခေါင်းဆောင် “ဆူထစ်” က တိုက်တွန်း

    ထိုင်းနိင်ငံ ရွေးကောက်ပွဲ၌ မဲသွားမပေးရန် ဆန္ဒပြခေါင်းဆောင် “ဆူထစ်” က တိုက်တွန်း

    -

    ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြအတိုက်အခံခေါင်းဆောင် "ဆူထစ်သေ့ဆုဘာန်"
    ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြအတိုက်အခံခေါင်းဆောင် “ဆူထစ်သေ့ဆုဘာန်”
    မင်းလုံး – လာမည့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးမှုလုပ်ငန်းစဉ်များကို နှောင့်ယှက်ပေးမည့်အစား သက်ဆိုင်ရာ မဲရုံကို မသွားကြရန် သို့တည်းမဟုတ် No Vote ပြုလုပ်ကြရန် ထိုင်းအစိုးရဆန့်ကျင်ရေး အတိုက်အခံခေါင်းဆောင် “ဆူထစ်သေ့ဆူဘာန်" က သူ၏ ထောက်ခံသူများအား ပြောခဲ့ကြောင်း မီဒီယာများတွင် ဖေါ်ပြကြသည်။

    လွန်ခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့မှစပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့အထိ ရွေးကောက်ပွဲကို ဆန့်ကျင်၍ မဲမပေးရေးဟု ဆိုကာ ဘန်ကောက်မြို့ အဓိက ဆန္ဒပြနေရာ ၇ နေရာထဲမှ ၄ နေရာ၌ လမ်းလျှောက်ပွဲများ ပြုလုပ်ပြီး၊ မဲမပေးရေးအတွက် အကြီးအကျယ် ဆန္ဒပြကြလိမ့်မည်ဟု ဘန်ကောက်မြို့နေ ကိုခိုင် (အမည်မှန်မဟုတ်) က ပြောသည်။

    သူက “သူတို့က မဲမပေးရေးအတွက် တော်တော်လေးကို ဆန္ဒပြင်းပြနေကြတယ်၊ ဒေသတိုင်း ခရိုင်တိုင်း တွေမှာရှိတဲ့ အုပ်ချူပ်ရေးရုံးတွေကိုလည်း နေယူပြီး ပိတ်ဆို့ထားတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အုပ်ချူပ်ရေးရုံးကပဲ မဲပုံးတွေကို နေရာအနှံ့ လိုက်ဖြန့်ပေးနေလို့လေ” ဟု ဆက်ပြောပါသည်။

    ဘန်ကောက်မြို့တွင် နေထိုင်ကြသည့် ဒေသခံများသည် ဆန္ဒပြအတိုက်အခံခေါင်းဆောင် “ဆူထစ်သေ့ဆူဘာန်" ၏ လမ်းစဉ်နှင့်မူဝါဒများကို ထောက်ခံကြပြီး အလှူငွေများလည်း အစဉ်မပျက် ထောက်ပံ့ပေးကြောင်း သိရသည်။

    ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ရွေးကောက်ပွဲကို အကြီးအကျယ် နှောင့်ယှက်မည်ဟု ဆန္ဒပြ ခေါင်းဆောင်များက ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည့်အတွက်၊ ထိုင်းအစိုးရက ဆန္ဒပြသမားများ ဆန္ဒပြရာ ဘန်ကောက်မြို့တော်တွင် ရဲဝန်ထမ်း အယောက် (၁၀ဝ၀ဝ) ခန့် ချထားပြီး ရွေးကောက်ပွဲအား စောင့်ကြပ်ရန် တာဝန် ပေးထားသည်။

    “လက်ရှိအစိုးရကို ထောက်ခံနေတဲ့ အနီရောင် ရှပ်နီအဖွဲ့ကလည်း ရွေးကောက်ပွဲကျင်းပရင် မဲပေးမယ့်လူတွေကို လိုက်ပြီး ကာကွယ်ရမယ်ဟု ကြေညာထားတယ်၊ ဒီ ရှပ်နီအဖွဲ့နဲ့ လက်ရှိဆန္ဒပြသမားတွေနဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ရက်မှာ ထိပ်တိုက်တွေ့ရင် ပြဿနာတွေကတော့ အကြီးအကျယ်ဖြစ်ကြလိမ့်မယ်” ဟု ကိုခိုင်က ဆက်ပြောသည်။

    ဘုရင်စနစ်ကိုသစ္စာခံသူ ဆန္ဒပြအတိုက်အခံခေါင်းဆောင် ဆူထစ်သောင်ဆုဘန် သည် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီမှ ခေါင်းဆောင်တစ်ဦးဖြစ်ကာ လက်ရှိဝန်ကြီးချူပ် ယင်းလက်နှင့် သူမ၏ အစ်ကိုတော်စပ်သူ ဝန်ကြီးချူပ်ဟောင်း သက်ဆင် အစိုးရအား ဆန့် ကျင်ပြီး ဝန်ကြီးချူပ်မှ နှုတ်ထွက်ပေးပြီး အကြားဖြတ်အစိုးရတရပ် ထားရှိကာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ ရွေးကောက်ပွဲကျင်းပသင့်ကြောင်း ပြောဆိုထားပေသည်။

    ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲတစ်ခုလုပ်ရန်အတွက် ဘတ်ငွေ ၃.၈ ဘီလီယံခန့်ကုန်ကျကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားကြောင်း သိရသည်။ ယခုရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီမှ သပိတ်မှောက်ထားပြီး ၄င်းတို့ ကြီးစိုးရာ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အများအပြားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ဟု ကော်မရှင်မှ ရှင်းလင်းထားပါသည်။ ရွေးကောက်ပွဲတွင် ပါလီမာန်အမတ် (၉၅) ရာခိုင်နှုန်း ပြည့်မီအောင် ရွေးကောက်တင်မြောက်မှု မပြုလုပ်နိုင်ပါက လွတ်တော်အသစ်နှင့် အစိုးရအသစ်အား ရွေးချယ်နိုင်မည် မဟုတ်ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks