Monday, March 30, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့ပိုစတာ ပြည်နယ်အစိုးရသဘောမကျ

    မွန်အမျိုးသားနေ့ပိုစတာ ပြည်နယ်အစိုးရသဘောမကျ

    -

    ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ပိုစတာ(Copy)
    ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ပိုစတာ(Copy)
    မင်းလုံး – ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ပိုစတာအား မွန်ဘုရင်မနူဟာမင်း၏ကျောက်စာနှင့် ဆုတောင်းစာများဖေါ်ပြထားသောကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့ သဘောမကျကြောင်း ကျင်းပရေးကော်မတီ ဒုဥက္ကဌ(၁) ဒေါက်တာ မင်းကြည်ဝင်း ကပြောသည်။

    သူက “ကျနော်တို့က မနူဟာမင်းရဲ့ကျောက်စာကိုပဲဖေါ်ပြတာပါ၊ ဒါကတော့သမိုင်းကြောင်းအရပါပဲ၊ သူတို့ကလည်း ပြောင်းပေးပါလို့တော့မပြောပါဘူး၊ ပြန်စဉ်းစားပြီး ညှိနှိုင်းပါလို့ပဲပြောပါတယ်” ဟုပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် မွန်အမျိုးသားနေ့ဆိုင်းဘုတ်ကို ဗဟိုအဖြစ်ကျင်းပမည့် မုဒုံမြို့နယ်၊ ကမာဝက်ရွာတွင်စတင်စိုက်ထူခဲ့ကြပြီး ဇန်နဝါရီလ ၆ ရက်နေ့၌ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဗဟို တို့တွေ့ဆုံဆွေးနွေးကြရာ မွန်အမျိုးသားနေ့ဗဟိုဆိုင်းဘုတ် အကြောင်းအဓိကထားခဲ့ကြောင်း သိရသည်။

    “မနူဟာမင်းရဲ့ကျောက်စာမှာ ဆုတောင်းစာပါပြီးသားပါ၊ သူ့ကျောက်စာအတိုင်းပဲ ကျနော်တို့ကဖေါ် ပြတာပါ၊ ကျနော်တို့ အခုလိုဖေါ်ပြတဲ့အတွက်လည်း တိုင်းရင်းသားစည်းလုံးညီးညွတ်ရေးကို ဘာမှမထိခိုက်ပါဘူး”ဟု ဒေါက်တာမင်းကြည်ဝင်းက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

    ခရစ်သက္ကရာဇ် ၁၀၅၇ တွင် ဗမာဘုရင်အနော်ရထာရှိရာ ပုဂံပြည်သို့စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတော်မူသော သုဝဏ္ဏဘူမိ မွန်ဘုရင်မနူဟာမင်းကြီးသည် ဘုရားတော်နှင့်ကျောက်သပိတ်တော်ကြီးကို ပုဂံမြင်းကပါအရပ်၌ ကောဇာသက္ကရာဇ် ၄၂၉ ခုနှစ်တွင်တည်ထားကိုးကွယ်လှူဒါန်းခဲ့သည် “နိဗ္ဗာန်မရောက်ခင် ဘဝသံသရာမပြတ်သရွေ မင်းသာလျှင်ဖြစ်ရပြီး ရန်သူမနှိမ်နှင်းနိုင်သည် ဖြစ်ပါစေ”ဆုတောင်းစာပါ မနူဟာဘုရားကျောက်စာကိုရေးထိုးခဲ့ပါသည်ဟု မွန်အမျိုးသားနေ့ပိုစတာတွင် မွန်မြန်မာနှစ်ဘာသာဖြင့် ဖေါ်ပြထားသည်။

    ၆၇ ကြိမ်မြောက်မွန်အမျိုးသားနေ့ဗဟိုပိုစတာပြုလုပ်သူ ဦးမင်းမင်းနွယ်ကလည်း “အခုဆိုရင် ကျနော် တို့က ပိုစတာကိုထောင်ထားပြီးပါပြီး၊ ပြန်ချပြီး ပုံတွေပြောင်းဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ပါဘူး၊ ကျင်းပရေးကော်မတီရဲ့ idea အတိုင်းပဲကျနော်လုပ်တာပါ၊ တခြားမြို့နယ်တွေ ရပ်ရွာတွေမှာလည်း ကျနော်တို့ဝေထားပြီးပါပြီး” ဟု ပြောသည်။

    (၆၆)ကြိမ်မြောက် ဗဟိုအခမ်းအနားကို မွန်ပြည်နယ် ပေါင်မြို့နယ်တွင်လည်းကောင်း၊ (၆၅) ကြိမ်မြောက်ကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်လည်းကောင်း၊ (၆၄) ကြိမ်မြောက်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် လည်းကောင်း၊ (၆၃) ကြိမ်မြောက်ကို ချောင်းဆုံမြို့နယ်တွင်လည်းကောင်း ကျင်းပခဲ့ရာ တစ်နှစ်ပိုစတာအသွင်သစ်တမျိုးမျိုးဖြင့် စိုက်ထူခဲ့ကြသည်။

    သမလ၊ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃)၊ တပို့တွဲလပြည့်ကျော် ၁ ရက်ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks