spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းထိုင်းဆန္ဒပြပွဲ မြန်မာများ ပါဝင်ပတ်သက်မှု မရှိစေရန် သံရုံးသတိပေး

    ထိုင်းဆန္ဒပြပွဲ မြန်မာများ ပါဝင်ပတ်သက်မှု မရှိစေရန် သံရုံးသတိပေး

    -

    ထိုင်းဆန္ဒပြပွဲမြင်ကွင်း(BKP)
    ထိုင်းဆန္ဒပြပွဲမြင်ကွင်း(BKP)
    ခတ္တာနန်း– လာမည့်ဇန်နဝါရီ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်မြို့လုံးကို ပိတ်ဆို့ ဆန္ဒပြခြင်း ပြုလုပ်ကြမည့် Bangkok Shoutdown လှုပ်ရှားမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာများပါဝင်ပတ်သက်မှု မရှိစေရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သတိပေး တိုက်တွန်းနှိုးဆော်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

    ဇန်နဝါရီလ ၆ ရက်နေ့စွဲဖြင့် မြန်မာသံရုံးထုတ်ပြန်ချက်တွင် ထိုင်းနိုင်အတွင်း လတ်တလော ဖြစ်ပျက်နေသည့် ပြည်တွင်းနိုင်ငံရေးအခြေအနေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး ထိမ်းသိမ်းနိုင်ရန်နှင့် မပျက်ပြားစေရန်၎င်း၊ မြန်မာနိုင်ငံသားများအတွက် လုံခြုံရေးအတွက်၎င်း၊ အထူးသဖြင့် Bangkok Shutdown ဆန္ဒပြ လှုပ်ရှာမှု မပြုလုပ်မှီ ရှေ့ပြေးပြုလုပ်ကြမည့် လူစုလူဝေးပြုလုပ်ခြင်းနှင့် ဆန္ဒပြမှု လူစုချီတက်ခြင်များကို ရှောင်ရှားနိုင်ရန် အတွက်တို့ ပါဝင်သည်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သည့် ကိုသက်ခိုင်က “ ဒီဘန်ကောက်မှ ရှိတဲ့ မြန်မာအလုပ်သမား အများစုကတော့ ဒီအကြောင်းတွေကို သိတယ်၊ ဘာလို့လည်း ဆိုတော့ သူတို့တွေက အင်တာနက် သုံးသူတွေရှိသလို တချို့ကတော့ ဖုန်းတွေနဲ့ သတင်းကြည့်တဲ့လူတွေလည်းရှိတော့ ဒါကို အများစုကတော့ သိကြမှာပါ” ဟုပြောသည်။

    ဆက်လက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားအများစုမှာ အိမ်ဖော်အလုပ်လုပ်ခြင်း၊ ဈေးရောင်းခြင်း၊ ကုမ္မဏီတွင် အလုပ်လုပ်သူများနှင့် ကျောင်းသား/သူ အများစု နေထိုင်ကြကြောင်း ဆက်ပြောသည်။

    ဘန်ကောက်မြို့တက္ကသိုလ်ရှိ မြန်မာနိုင်ငံသား ကျောင်းသားတစ်ဦးက “ဆန္ဒပြတာက ကျနော်တို့ ကျောင်းနဲ့တော့ မနီးပါဘူး၊ သတိထားနေရတာပေါ့” ဟု ပြောသည်။

    ယင်း Bangkok Shutdown ဆန္ဒပြမှုအား နေရာ ၂၀ ခန့် ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အစိုးနှင့်ပတ်သက်သောလုပ်ငန်းများ ရပ်တံ့သွားရန်အတွက် ပြုလုပ်သွားမည်ဖြစ်ကြောင်း အတိုက်အခံများက ကြေညာထားသည်။

    လက်ရှိတွင် ဆန္ဒပြပွဲများဖြစ်ပေါ်လျှက်ရှိပြီး ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူအများအပြား ဘန်ကောက်မြို့တော်သို့ ဆက်လက် ချီတက်နေသည့်သတင်းများ ရုပ်သံဌာနများက ထုတ်လွှင့်ပြသည်နေသည်။

    ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်အနေဖြင့် ရွေးကောက်ခံမဟုတ်သော လူထုကောင်စီတရပ်ထံသို့ အာဏာလွှဲပေးရန် အတိုက်အခံဘက်က ဆက်လက်တောင်းဆိုလျှက်ရှိသည်။

    ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်က ပါလီမန်ကိုဖျက်သိမ်းခဲ့ပြီး ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန်နှင့် နိုင်ငံရေး ပြန်လည်ပြုပြင်ရေးကောင်စီတရပ် ဖွဲ့စည်းရန် အဆိုပြုထားသော်လည်း အတိုက်အခံများက လက်မခံပေ။

    ထိုင်းနိုင်ငံဖွဲ့စည်းပုံဥပဒေကို ပြုပြင်ရန် ကြိုးစားသောနိုင်ငံရေး သမား ၃ဝဝ ကျော်အား တရားစွဲမည်ဟု ထိုင်း ခြစားမှုတိုက်ဖျက်ရေးကော်မတီက ထုတ်ပြန်ထားသည်။

    ထိုင်းဆီးနိတ် အထက်လွှတ်တော်အား မဲစနစ်ဖြင့် ရွေးကောက်တင်မြောက်ခန့်အပ်ရန် အာဏာရ Pheu Thai ပါတီ၏ အဆိုပြုချက်များသည် ထိုင်းဘုရင်စနစ်ကို စိန်ခေါ်ခြင်းဖြစ်ကြောင်း အတိုက်အခံများ ကန့်ကွက်ဆန္ဒပြရာမှ ထိုင်းနိုင်ငံရေးတင်းမာမှုဆက်လက်ဖြစ်ပေါ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

    အဆိုပါဆန္ဒပြပွဲအနီး မုန့်ဆိုင်တစ်ဆိုင်၌ မြန်မာနိုင်ငံသား ကိုထွန်းထွန်းဦး ယမန်နေ့က သေနတ်ပစ်ခတ်ခံလိုက်ရသဖြင့် ဘန်ကောက်မြို့ဆေးရုံတစ်ရုံတွင် အရေးပေါ်ကုသခံနေရဆဲဖြစ်သည်။

    ထိုသို့ ဆန္ဒပြလူစုလူဝေး ပြုလုပ်မည့် နေရာများ သိရှိနိုင်ရန်အတွက် ဒေသဆိုင်ရာ သတင်းမီဒီယာများအား မပြတ်လေ့လာကြရန်လည်း မြန်မာသံရုံးထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks