spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်း၂၀၁၅ ရွေးကောက်ပွဲအထိ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဖျက်သိမ်း

    ၂၀၁၅ ရွေးကောက်ပွဲအထိ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဖျက်သိမ်း

    -

    ခတ္တာနန်း – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီဖျက်သိမ်းမည်မဟုတ်ဘဲ လက်ရှိပါတီ၏ အမည်အတိုင်း (၂၀၁၅) ရွေးကောက်ပွဲ ပြီးဆုံးသည့် အထိပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ (၅) ရက်စွဲဖြင့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    AMDP သတင်းစာရှင်းလင်းပွဲ(Fecebook)
    AMDP သတင်းစာရှင်းလင်းပွဲ(Fecebook)
    မော်လမြိုင်မြို့ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဗဟိုရုံးချုပ်၌ ပါတီဒုဥက္ကဌ(၂) နိုင်သိုက်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး၊ တွဲဖက်အတွင်းရေးမှူး(၁) မင်းစံတင်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဗညားအောင်မိုးနှင့် နိုင်လဝီအောင်တို့ဦးစီးကာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။

    ယင်းထုတ်ပြန်ချက်တွင် (၁) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ဖျက်သိမ်းမည်မဟုတ်ဘဲ လက်ရှိပါတီ၏ အမည်အတိုင်း (၂၀၁၅) ရွေးကောက်ပွဲ ပြီးဆုံးသည့် အထိ ပါတီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့် အညီ ဆက်လက်ရပ်တည်သွားမည်၊ (၂) ပါတီ၏ အခြေခံမူဝါဒနှင့် ကိုက်ညီသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖေါ်ပြပါရှိသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် မင်းဝဏ္ဏကြီးက “ မွန်နှစ်ပါတီ ပေါင်းစည်းရေး ကိစ္စနဲ့ ပတ်သက်ပြီး ကော်လဟာလတွေ အမျိုးမျိုးထွက်နေတယ်၊ ဒီကိစ္စ ရှင်းရှင်းလင်းလင်းသိစေဖို့ ကျနော်တို့ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ” ဟုပြောသည်။

    မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ၆၅ ဦးအနက် အချို့သော ဗဟိုကော်မတီဝင်များသားလျှင် နှစ်ပါတီပေါင်းစည်းရေးတွင် ပါဝင်သွားကြပြီး ကျန်ဗဟိုကော်မတီဝင် အားလုံးသည် မိမိပါတီ ရပ်တည်ချက်အတိုင်းသာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
    ပေါင်းစည်းရေးလိုလားသူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက “ မွန် ၂ ပါတီပေါင်းစည်းရေးအတွက်ကို ကော်မရှင်ဖွဲ့ပြီး ကိုယ့်ဒေသနဲ့ကိုယ် ပြည်သူတွေရဲ့ ဆန္ဒတွေကို ကောက်ယူပြီးပြီ၊ သဘောတူလို့ နှစ်ပါတီ ပေါင်းစည်းရေးအတွက် လက်မှတ်ထိုးကြတယ်၊ ဒီအပေါ်မှာ သဘောထားထပ်ကွဲပြန်တယ်ဆိုတော့ ပေါင်းတဲ့လူက ပေါင်းတယ်၊ မပေါင်းတဲ့လူက ဆက်ပြီး ကျန်နေတယ်ပေါ့” ဟု ပြောသည်။

    ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အလုပ်မှုဆောင်ကော်မတီ ၁၆ ဦးခန့် မွန်နှစ်ပါတီပေါင်းစည်းရေးတွင် ပူပေါင်းပါဝင်သွားမည်ဟုသိရသော်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့၌ အတည်ပြုနိုင်မည်ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကြေညာချက်တွင်လည်း လက်ရှိအခြေအနေ ပတ်ဝန်းကျင် အခြေအနေနှင့် (၂၀၁၅) ခုနှစ် အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလများ အခြေအနေများကို သုံးသပ်ပြီး ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးတွင် ယင်းကဲ့သို့ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

    အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့လည်း နိုင်ငံရေးလုပ်ငန်းစဉ်များကို အလွတ်သဘော ပူပေါင်းဆောင်ရွက်မှုများ အဆင်ပြေမှသာလျှင် ပါတီချင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks