spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းဒေသကြီး မွန်လူဦးရေစာရင်း ကောက်ယူရေးကော်မတီဖွဲ့စည်း

    တနင်္သာရီတိုင်းဒေသကြီး မွန်လူဦးရေစာရင်း ကောက်ယူရေးကော်မတီဖွဲ့စည်း

    -

    မွန်လူဦးရေစာရင်း ကောက်ယူရေးအစည်းအဝေးပြုလုပ်စဉ်(IMNA)
    မွန်လူဦးရေစာရင်း ကောက်ယူရေးအစည်းအဝေးပြုလုပ်စဉ်(IMNA)
    ခတ္တာနန်း – တနင်္သာရီတိုင်းဒေသကြီး (၁၀) မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားလူဦးရေစာရင်း အမှန်ရရှိရေးအတွက် ဦးဆောင်ကော်မတီ (၁၇) ဦးကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    ထိုအစည်းအဝေးကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်၊ ဈေးကြိုရပ်ကွက်၊ ဇောတိကာရာမကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

    “ အဓိကရည်ရွယ်ချက်ကတော့ တနင်္သာရီဒေသမှာလည်းမွန်တိုင်းရင်းသားဝန်ကြီးအမတ်တစ်နေရာရဖို့အတွက် အခုလို မွန်လူဦးရေစာရင်းကောက်ရတာပါ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ကျိုက်မရောမဲဆန္ဒ နယ်မှ မွန်ပြည်နယ် လွှတ်တော်အမတ် မင်းစံတင်က ပြောသည်။

    မွန်လူဦးရေစာရင်းကောက်ယူခြင်းအားဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်လူဦးရေစာရင်းအမှန်ကို ရရှိနိုင်မည်ဖြစ်သည့်အပြင် ဒေသတစ်ခုနှစ်တစ်ခု အပြန်အလှန်ကူးလူးဆက်သွယ်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းကျိုးများ ရရှိနိုင်မည်ဖြစ်ကြောင်း မင်းစံတင်က ဆက်ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ စာရင်းအရ မွန်လူဦးရေ ၄သောင်းကျော်သာရှိသည်ဟု ဖော်ပြထားသော်လည်း မိမိတို့အနေဖြင့် ထိုမျှမကသောမွန်လူဦးရေရှိသည်ဟုယုံကြည်ကြောင်း၊ အထူးသဖြင့် ရေဖြူမြို့နယ်နေထိုင်သူအများစုသည် မွန်လူမျိုးများသာဖြစ်သည်ဟု ဆိုသည်။

    တက္ကသိုလ်ပေါင်းစုံမွန်ကျောင်းသူ/ သားများကူညီပံ့ပိုးရေးအဖွဲ့ဥက္ကဌ မိကွန်းချမ်းနွန်က “ဒီမှာဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုထဲနဲ့တော့ လုံလောက်မှာမဟုတ်ဘူး၊ ဒါကြောင့်ဒေသခံအုပ်ချုပ်သူတွေရဲ့ အကူအညီတွေကိုရယူပြီးတော့မှ လုပ်သွားရမှာပါ၊ ဒီအတွက်ကိုလည်းအစီအစဉ်တွေကိုချထားပြီးပါပြီး” ဟုပြောသည်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်လူဦးရေးစာရင်းကောက်ယူမှုတွင် ကြုံတွေခဲ့ရသည့် အခက်အခဲများကိုအတွေ့အကြုံရယူ၍ ယခုစာရင်းကောက်ယူရာတွင် မိမိတို့အနေဖြင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်သွားမည်ဟု သူမကဆိုသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်လူမျိုးအများစုနေထိုင်သည့် ရေဖြူမြို့နယ်အား အဓိကထား စာရင်းကောက်ယူသွားမည်ဖြစ်သည့်အပြင် ပုလော၊ ပုလောက်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းစသည့် မြို့နယ်များတွင်လည်း အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

    ယင်းမွန်လူဦးရေစရင်းကောက်ယူရေးအစည်းအဝေးတွင် မော်လမြိုင်မြို့အခြေစိုက် မွန်လူမှု အဖွဲ့အစည်းများဖြစ်ကြသည့် ငြိမ်းဖောင်ဒေရှင်း၊ စေတနာဖောင်ဒေးရှင်း၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့၊မွန်လူငယ်အဖွဲ့များနှင့် မွန်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်စုစုပေါင်း (၃၀) ကျော်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

    အလားတူရန်ကုန်တိုင်းဒေသကြီးနှင့်ပဲခူတိုင်းဒေသကြီးတွင်လည်းမွန်လူဦးရေစာရင်း အမှန်ရရှိရေးအတွက် စားရင်များကောက်ယူလျှက်ရှိသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေဥပဒေအရ ပြည်နယ်(သို့) တိုင်းဒေသကြီးတရပ်ရပ်တွင် တိုင်းရင်းသားဦးရေ ၆ သောင်းပြည့်မှသာ အစိုးရအဖွဲ့တွင် သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီး တစ်ပါးထားရှိခွင့်ရှိသည်ဟု ပြဌာန်းပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts