spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းပြည်သူများဆန္ဒသဘောထားများ ထုတ်ဖော်ခွင့်ရှိလာဟုမွန်အမတ်ပြော

    ပြည်သူများဆန္ဒသဘောထားများ ထုတ်ဖော်ခွင့်ရှိလာဟုမွန်အမတ်ပြော

    -

    ခတ္တာနန်း – အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများ ခံစားနေရသည့် ဆန္ဒသဘောထားများ ထုတ်ဖော်ခွင့်ရရှိလာခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ အခွင့်အရေးတစ်ရပ် ရရှိလာသကဲ့သို့ ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဒေါက်တာအောင်နိုင်ဦးက “တချိန်ကဆိုရင် ပြည်သူတွေက အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကို ပြောခွင့်မရှိဘူး၊ အုပ်ချုပ်ရေးပိုင်းမှာတင် လူ့အခွင့်အရေးက ပျောက်ဆုံးသွားတယ်၊ ဒီဘက်ခေတ်မှာတော့ အခွင့်အရေး နည်းနည်းရလာတယ်လို့ ပြောလို့ရပါလာပြီး၊ ဒါပေမဲ့ နိုင်ငံတကာစံနှုန်းနဲ့ ကြည့်မယ်ဆိုရင် အများကြီးကို နောက်ကျကျန်နေပါသေးတယ်” ဟုပြောသည်။

    ယခုကာလများတွင် မြို့ပြများ၊ မြို့ပြနှင့် နီးသည့် ပတ်ဝန်းကျင် ဒေသများသာလျှင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု လျှော့နည်းလာသော်လည်း ဝေလံသီခေါင်သည့် တိုင်းရင်းသားများနေထိုင်ရာ အစွန်အဖျားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လျှက်ရှိနေသေးကြောင်း၊ ထိုကဲ့သို့ ချိုးဖောက်ခံနေမှုများ ပပျောက်သွားရန်အတွက် ပြည်သူများအားကိုယ်စားပြုသည့် လွှတ်တော်အမတ်များ၊ ပညာရှင်များနှင့် ပြည်သူများပူပေါင်းဆောင်ရွက်သင့်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    မော်လမြိုင်မြို့တွင် ကျင်းပသည့် ယင်းအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခန်းအနားသို့ ပြည်နယ်လွတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ ပြည်နယ်လွှတ်တော်အမတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ မွန်တိုင်းရင်းသားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး ဆိုင်လှုပ်ရှားသူများ၊ လူမှုအခြေပြုအဖွဲ့ အဖွဲ့အစည်းများ စုစုပေါင်းဦးရေ ၂၀ဝ ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    ယင်းအခမ်းအနားကို စနောင်းတိုင်း Guiding Star မွန်ပြည်သူ့ရှေ့ဆောင် သတင်းဂျာနယ်နှင့် သံလွင်တိုင်းမ်တို့မှ ဦးစီကျင်းပခဲ့ပြီး လက်ရှိဒီမိုကရေစီ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးတွင် အဓိက အခြေခံကျသည့် လူ့အခွင့်အရေးအကြောင်း ပိုမိုသိရှိ နာလည်လာစေရန်နှင့် စတုထ္တမဏ္ဍိုင်ဖြစ်သည့် မီဒီယာကဏ္ဍသည်လည်း အလွန်အရေးကြီးလှကြောင်း စသည့် ရည်ရွယ်ချက်ဖြစ် လုပ်ဆောင်ခဲ့ကြသည်။

    ကျိုက်မရောမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မြို့နယ်အလုပ်အမှုဆောင် ဦးဝင်းဌေးက “ကျနော်တို့နိုင်ငံက လူ့အခွင့်ရေးတွေအများကြီး ဆုံးရှုံးနေတာပဲ၊ ပြည်သူတွေကလည်း ဘယ်လိုအခွင့်အရေးတွေရှိတယ် ဘယ်လိုရထိုက်သလဲဆိုတာကို သူတို့နေအနဲ့ ခေတ်ကာလအနေထားအရ အမှောင်ချခံနေရတယ်” ဟု ပြောသည်။

    ဆက်လက်၍ ဦးဝင်းဌေးက လူ့အခွင့်အရေးဆိုင်းရာနှင့် ပတ်သက်ပြီး သတင်းမီဒီယာကဏ္ဍသည်လည်း အရေးကြီးကြောင်း ပြည်သူများအနေဖြစ် မီဒီယာတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်၊ ဖတ်ကြားခွင့် ရရှိပါက ပြည်သူများ ချိုးဖောက်ခံနေရမှုတွေကို အုပ်ချုပ်သူတွေ သိမြင်လာနိုင်မည်ဖြစ်ကြောင်း ပြောသည်။

    “ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲ ဆိုကျိုးကြောင့် ပြည်သူတွေ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုလုံးဝ ပပျောက်သွားဖို့ဆိုရင်တော့ ပြည်တွင်းစစ်လုံးဝရပ်စဲသွားမှ ဖြစ်မှာပါ” ဟု ဦးဝင်းဌေးက ဆက်ပြောသည်။

    အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားများကို ကျိုက်မရောမြို့နယ် ခရုံဂူ၊ ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့် သံဖြူဇရပ်မြို့တို့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအသီးသီးတွင် တရားဝင်ကျင်းပခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts