Friday, March 13, 2026
More
    spot_img
    Homeသတင်းပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတို့ တွေ့ဆုံကြမည်

    ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတို့ တွေ့ဆုံကြမည်

    -

    ခတ္တာနန်း – ပြည်တွင်းနိုင်ငံရေးပါတီ ၁၂ ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတို့ တို့သည် ယခုလ လာမည့် ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံကြရန် စီစဉ်ထားပြီးဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးဂေဟာ MPC အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

    ဦးလှမောင်ရွှေက “ကျနော်တို့ MPC ကနေပြီး တွေ့ဖို့အတွက်ကို ဆောင်ရွက်ပေးတာပါ၊ MPC အနေနဲ့ မပါပါဘူး၊ ကျနော်တို့က ဘာမှ ကြိုတင်ပြီး သတ်မှတ်ပေးတာတော့ မရှိဘူး၊ သူတို့တွေ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်” ဟု ပြောသည်။

    UNFC ခေါင်းဆောင်များ-(SHAN)
    UNFC ခေါင်းဆောင်များ-(SHAN)
    အနာဂါတ်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု Political Dialogue တစ်ရပ် အနှေးနှင့်အမြန် ဖြစ်ပေါ်လာစေရန် တစ်ဖွဲ့နှစ်တစ်ဖွဲ့ ရင်းနှီးမှုတည်ဆောက်နိုင်ရန်အတွက်၎င်း၊ မတူညီသည့် အမြင်များအား ဆွေးနွေး ဖလှယ်နိုင်ကြရန်သော်၎င်း၊ ထိုအပြင် မတူညီသည့် အယူအဆများကို လွတ်လွတ်လပ်လပ် ဆွေးနွေးရန်အတွက် ယခုကဲ့သို့ ကြိုတင်တွေ့ဆုံမှု ပြုလုပ်သင့်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

    UNFC အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဓိကဒီလိုတွေ့ဆုံဖို့အတွက် လမ်းဖွင့်ပေးတာက ဝန်ကြီးဦးအောင်မင်းနဲ့ MPC အဖွဲ့ပါပဲ၊ လာမှာက ၁၂ ပါတီလာကိုယ်စားလှယ်တွေ ပါမှာပါ၊ တိုင်းရင်းသားပါတီတွေရော တိုင်းရင်းသားပါတီမဟုတ်တာရော၊ ပါမှာပါ” ဟု ပြောသည်။

    ယင်းတွေ့ဆုံပွဲတွင် အဓိကဆွေးနွေးမည့်အချက်အလက်များကို ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ UNFC အစည်းအဝေးတွင် ဆွေးနွေးမည့်အချက်အလက်များနှင့် UNFC မှ မည်သူဦးဆောင်၍ တွေ့ဆုံဆွေးနွေးရန်အတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ တဖက်မှ လာရောက်တွေ့ဆုံမည့် သူများ၏ အစီအစဉ်များလည်း မရရှိသေကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်ပြောသည်။

    “UNFC ဘက်ကတော့ ဖြစ်နိုင်တာတော့ ၃ ချက်ပေါ့ UNFC ဖြစ်ပေါ်လာရတဲ့ သမိုင်းအကျဉ်းချုပ်၊ နောက်ပြီး လက်ရှိ UNFC ရဲ့ အနေအထားရယ်၊ လိုင်ဇာမှာရရှိခဲ့တဲ့ ဘုံသဘောတူညီချက် (လိုင်ဇာစာချုပ်) ဒါတွေတော့ ဆွေးနွေးဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    ထိုသို့ တွေ့ဆုံကြရာတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပြင် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေး ကောင်စီခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA ၊ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ (EGEC) ၊ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် WLB ၊ ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများအပြင် အခြားဆက်သွယ်လာမည့် အဖွဲ့များနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။

    ချင်းမိုင်မြို့ဆွေးနွေးပွဲသို့ သွားရောက်မည့်ပြည်တွင်းနိုင်ငံရေးပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP၊ ချင်းအမျိုးသားပါတီ CNP၊ ချင်းတိုးတက်ရေးပါတီCPP ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ၊ ကရင်ပြည်သူ့ပါတီ KPP၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီတို့ ပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks