Homeသတင်းမလေးရှားမှ မြန်မာအလုပ်သမားများ ပြန်နိုင်ကြပြီ

မလေးရှားမှ မြန်မာအလုပ်သမားများ ပြန်နိုင်ကြပြီ

-

အေမီအောင် – မလေးရှားနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာအလုပ်သမားများအား MAI လေကြောင်းလိုင်းဖြင့် အခမဲ့ပြန်နိုင်ရန် ပရဟိတအဖွဲ့များ ပူးပေါင်းကာ စီစဉ်ဆောင်ရွက်နေသည်ဟုသိရသည်။

မလေးရှားမှအလုပ်သမားများဖမ်းဆီးခံရပုံ(internet)
မလေးရှားမှအလုပ်သမားများဖမ်းဆီးခံရပုံ(internet)
အဆိုပါနေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို မလေးရှား နားရေးကူညီမှုအဖွဲ့၊ သီတဂူ အထောက်အကူပြုအဖွဲ့၊ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့ ၊မြန်မာသံရုံးတို့မှ ပူပေါင်းဆောင်ရွက်နေသည်ဟု မလေးရှားနာရေးကူညီမှုအဖွဲ့ ဥက္ကဌ ဦးဆန်းဝင်းက ပြောသည်။

ဦးဆန်းဝင်းက “ မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထားပြနိုင်ရမယ်။ ဥပမာ မှတ်ပုံတင်၊သန်းခေါင်စာရင်းပြနိုင်ရမယ်၊ အထောက်အထားအခိုင်အမာ မရှိရင်တော့ ပြန်ပို့မယ့်စာရင်းထဲမပါ”ဟု ပြောသည်။

သီတဂူဆရာတော် ဦးဆောင်သော မလေးရှား သီတဂူ အထောက်အကူပြုအဖွဲ့ နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ပူးပေါင်းပြီး MAI စင်းလုံးငှားလေယာဉ်ဖြင့် စက်တင်ဘာ ၁၃ ရက်၌ မြန်မာအလုပ်သမား ၁၇၀ ဦးကျော် မြန်မာနိုင်ငံသို့ အခမဲ့ပို့ဆောင်မည်ဖြစ်သည်။

ဦးဆန်းဝင်းက “ဆရာတော် ဦးဆောင်ပီးပြန်ပို့တာ ဒီအခေါက်အပါအဝင် လေး ခေါက်ရှိသွားပြီ”ဟု ပြောသည်။

ယင်းပရဟိတအဖွဲ့သည် လေယာဉ်လက်မှတ်ထက်ဝက်လျှော့ချဈေးနှုန်းဖြင့် လူဦးရေ ၃၀ဝ၀ခန့် နှင့် အခမဲ့ ၇၀ဝ ဦးခန့် စုစုပေါင်းလူဦးရေ ၃၇၀ဝကျော်ကို မြန်မာနိုင်ငံသို့ပိုဆောင်ခဲ့ပြီးဖြစ်သည်။

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာ အလုပ်သမားများကို မြန်မာသံရုံးမှ One Stop Service စင်တာဖွင့်လှစ်ကာ နိုင်ငံသားအထောက်အထား ထုတ်ပေးရန် နှစ်နိုင်ငံအစိုးရတို့ သဘောတူလိုက်ပြီးဖြစ်သည်ဟုလည်း စက်တင်ဘာ ၁၁ ရက်ထုတ် The Star သတင်းစာတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးကို ဖြေရှင်းရန် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် နှင့် မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Mamidi တို့ စက်တင်ဘာ ၁၀ ရက်နေ့တွေ့ဆုံစဉ် ယင်းကဲ့သို့သဘောတူခဲ့ကြခြင်း ဖြစ်သည်။

တရားမဝင်နည်းလမ်းဖြင့် မလေးရှားနိုင်ငံရောက်ရှိသူများအတွက် မြန်မာနိုင်ငံသားအထောက်အထား ထုတ်ပေးရေးကို ပွဲစားများကြောင့် ငွေကြေး ပိုမိုကုန်ကျခံနေရသလို မြန်မာသံရုံး၏ ကြန့်ကြာမှုကြောင့်လည်း အလုပ်သမားများ အခက်အခဲဖြစ်နေကြရသည်ဟု သိရှိရပြီး ယခုအခါ မြန်မာအစိုးရက တိုက်ရိုက်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ထို့အပြင် မလေးရှားအရာရှိများမှ နိုင်ငံခြားအလုပ်သမားများအပေါ် ခြိမ်းခြောက်ငွေညှစ်ခြင်းပြုလုပ်ပါက အထောက်အထားအခိုင်မာတင်ပြနိုင်လျှင် ပြင်းထန်စွာအရေးယူမည်ဟု သတင်းစားများတွင် ရေးသားဖေါ်ပြကြသည်။

စက်တင်ဘာ ၁ ရက်က စတင်၍ တရားမဝင် အလုပ်သမား ရှင်းလင်းရေး စီမံချက်ဖြင့် နိုင်ငံခြားသားအလုပ်သမား ၅ ထောင်ကျော်ခန့်နှင့် မြန်မာ ၇၀ဝ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သိရသည်။

မလေးရှားနိုင်ငံရှိတရားမဝင်အလုပ်သမားများအား ၃ လကြာဖမ်းဆီးမည့်အစီအစဉ်ကို လွန်ခဲ့သည့်သီတင်းပတ်တွင် မလေးရှားအစိုးရက ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts