Monday, March 16, 2026
More
    spot_img
    Homeသတင်းဖုန်းဆင်းကဒ်မဲပေါက်သူများ အုပ်ချုပ်ရေးရုံးထောက်ပံ့ကြေးပေးခဲ့ရ

    ဖုန်းဆင်းကဒ်မဲပေါက်သူများ အုပ်ချုပ်ရေးရုံးထောက်ပံ့ကြေးပေးခဲ့ရ

    -

    မင်းတော်လဝီ – လစဉ်ခွဲတမ်းရောင်းချပေးလျှက်ရှိသော ၁၅၀ဝ ကျပ်တန် ဖုန်းဆင်းကဒ်များကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာတွင် မဲပေါက်သူများက ကျေးရွာအုပ်ချုပ်ရေးရုံးထောက်ပံကြေး ငွေပေးဆောင်ခဲ့ကြသည်။

    မြန်မာဖုန်းဆင်ကဒ်(Internet)
    မြန်မာဖုန်းဆင်ကဒ်(Internet)
    ကျေးရွာများအတွက်ခွဲတမ်းရဆင်းကဒ်များကို ရေးမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ကျေးရွာအုပ်ချုပ် ရေးမှူးအားတာဝန်ပေးပြီး ရွာလူထုကိုရောင်းချစေသည်။

    “ကိုးမိုင်ရွာအတွက် ဒီတပါတ်ခွဲတမ်း ၁၅ ခုရတယ်၊ ရွာသားတွေကို မဲနှိုက်ခိုင်းပြီးပေါက်တဲ့လူကို ငွေကျပ် ၁၅၀ဝ မူရင်းသတ်မှတ်ဈေးအတိုင်းရောင်းပေးတယ် ။ဒါပေမယ့် အကျိုးဆောင်ကြေးနဲ့ ရုံးပံ့ပိုးကြေးအတွက် ကျပ်ငွေ ၁၂၀ဝ၀ ပေးရတယ်” ဟုဆင်းကဒ်ဝယ်ခွင့်ရရွာသားတဦးက ပြောသည်။

    ကိုးမိုင်ကျေးရွာအတွက်ရရှိသည့်ခွဲတမ်းဆင်းကဒ်(၁၅)ခုကိုရွာသားများအားသြဂုတ်လ ၂၉ ရက်နေ့တွင် မဲဖေါက် ပြီး ဝယ်ခွင့်ရကြသည်ဟု မဲပေါက်ပြီး ဆင်းကဒ်ဝယ်ခွင့်ရသည့်ရွာသားတဦးက ပြောသည်။

    ကိုးမိုင်ကျေးရွာအတွက် ဆင်းကဒ် ၆ ခုခွဲတမ်းကိုရေးမြို့နယ်မှပြီးခဲ့သည့်မေလတုန်းက ပထမအကြိမ် ချပေး ခဲ့သော်လည်း ကိုးမိုင်ရွာသားများမရရှိခဲ့၍ရွာလူကြီးများအပေါ် ရွာသားများ အထင်အမြင်မှားမှုများ ဖြစ်ပေါ်နေ သည်ဟုလည်း ၄င်းရွာသားပြောသည်။

    ယခုအကြိမ်ခွဲရရှိလာသည့် ဆင်းကဒ်ခွဲတမ်း ၁၅ ခုကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အထူးအခွင့်အရေး တရပ် အဖြစ်မယူပဲ ရွာသားများအား ၁၅ ခုလုံးမဲဖေါက်ပြီးရောင်းချပေးခဲ့သည်ဟု ကိုးမိုင်ရွာ အုပ်ချုပ်ရေးမှူး နိုင်ရွှေဘ ကပြောသည်။

    ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် ဆင်းကဒ်(၂)ခုကိုမြို့နယ်အုပ်ချုပ်ရေးရုံး၏ ခွင့်ပြုချက်ဖြင့် ရယူနိုင်မည် ဖြစ်သော်လည်းမယူပဲ ဆင်းကဒ်(၁၅)ခုလုံးကို ရွာသားများကိုမဲဖေါက်ကာ ရောင်းချပေးခဲ့သည့်အတွက် ရုံးပံ့ပိုး ကြေး ထည့်ပေးဖို့ နှိုးဆော်ခဲ့ရတာဟုပြောသည်။

    “ငွေကျပ် ၁၂၀ဝ၀ ကိုကောက်ခံတာမဟုတ် ၊အမှန်မှာမဲပေါက်ပြီး ဝယ်ခွင့်ရသူတွေတစ်ဦးကို ရုံးပံးပိုးကြေး အ ဖြစ ်ငွေ ၁၀ဝ၀ဝ ထည့်ဝင်ပေးဖို့ပဲနှိုုးဆော်ခဲ့တာပါ”ဟုနိုင်ရွှေဘ ကပြောသည်။

    ဒါ့အပြင်ကျပ်ငွေ ၂၀ဝ၀ အတွက်ကို ပြင်ပအကျိုးဆောင်များက ဆင်းကဒ်ဝယ်ခွင့်မဲပေါက်ပြီး ရရှိသူတွေ အတွက်ကိုအိမ်ထောင်စု၊မှတ်ပုံတင်မိတ္တူများနှင့်ပတ်စပို့ဓါတ်ပုံအတွက် မြို့နယ်သို့ ပေးပို့ရန်အတွက် အခကြေး ငွေယူတာဖြစ်သည်ဟုပြောသည်။

    ရေးမြို့နယ်ကိုးမိုင်ရွာသည် ရေးမြို့နှင့်ထားဝယ်မြို့ကိုဆက်သွယ်သည့် မီးရထားလမ်းနှင့် မော်တော်ယဉ် လမ်းတွင် တည်ရှိနေသောရွာဖြစ်ပြီးရွာလူထုသည် ဆက်သွယ်ရေးအတွက်အသုံးများနေသဖြင့် ယခုကဲ့သို့ဈေးနှုန်းသင့် သည့် ဆင်းကဒ်များကို ပိုလိုအပ်နေကြသည်ဟု သိရသည်။

    တန်ဖိုးနည်း ၁၅၀ဝ ကျပ်တန် CDMA 800 MHz ဆင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၃ ခုနှစ် ဧပြီလတွင်၄င်း၊ GSM ဆင်းကဒ်များကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင်၄င်း တိုင်းဒေသကြီးများနှင့် ပြည်နယ် အသီးသီးတို့အား ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks