spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းထမံသီရေကာတာဆောက်လုပ်ရေးကို အိန္ဒိယအစိုးရရပ်တန့်

    ထမံသီရေကာတာဆောက်လုပ်ရေးကို အိန္ဒိယအစိုးရရပ်တန့်

    -

    မင်းလုံး ‑ အိန္ဒိယနိုင်ငံသို့ လျှပ်စစ်ဓာတ်ရောင်းချရန် ချင်းတွင်းမြစ်၌ ဆောက်လုပ်နေသည့် ထမံသီရေကာတာကို အိန္နိယအစိုးရရပ်တန့်လိုက်သည့်အတွက် မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်က ဝမ်းမြောက်စွာဂုဏ်ယူကြောင်း ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

    မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်က ကြေညာချက်(BRN)
    မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်က ကြေညာချက်(BRN)
    ထို့အပြင် တရုတ်နှင့်ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်ဖြည့်တင်းရန် မြန်မာနိုင်ငံမြစ်ချောင်းများ၌ ရေကာတာများဆောက်လုပ်ရန်စီစဉ်နေခြင်းကိုလည်း အိန္ဒိယနှင့်နည်းတူရပ်တန့်ပေးရန် ယင်းထုတ်ပြန်ချက်တွင် ထပ်မံတောင်းဆိုထားသည်။

    မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ မအနန်က “အခုလောလောဆယ် သံလွင်မြစ်ပေါ်မှာရေကာတာဆောက်ဖို့ ထိုင်းနဲ့သဘောတူညီထားတယ်၊ တချို့နေရာတွေမှာ တရုတ်ကုမ္မဏီနဲ့ပေါင်းထားတယ်၊ အိန္ဒိယဘက်ကတော့ ရပ်သွားပါပြီ၊ ဒါပေမဲ့ ထိုင်းနဲ့တရုတ်ဘက်ကတော့ ဆက်လုပ်နေကြတယ်” ဟု ပြောသည်။

    ယခုလက်ရှိတွင် သံလွင်မြစ်ပေါ်၌ ရေကာတာကြီး ၆ ခုဆောက်လုပ်ရန် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့သဘောတူထားကြပြီး ဆက်လက်ဆောက်လုပ်ကြမည်ဖြစ်ကြောင်း မအနန်က ဆက်ပြောသည်။

    တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံသည် ၄င်းတို့နိ်ုင်ငံအတွက်ပြဋ္ဌာန်းထားသော စည်းမျဉ်းဥပဒေနှင့်နိုင်ငံတကာစံချိန် စံနှုန်းများကိုလိုက်နာမှုမရှိကြောင်း၊ ၄င်းတို့လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားများကို ဈေးပေါပေါဖြင့်ရရှိနိုင်ရန် မြန် မာနိုင်ငံရှိ မြစ်ချောင်းများပေါ်တွင် ရေကာတာများလာရောက်ဆောက်လုပ်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန် ချက်တွင်ဖေါ်ပြထားသည်။

    “ရေကာတာကြီးတွေဆောက်လိုက်မယ်ဆိုရင် အဲဒီဒေသမှာနေထိုင်တဲ့လူတွေလဲပြောင်းရွှေ့ရပါမယ်၊ ရေကာတာဆောက်ပြီးရေတွေပိတ်လိုက်မယ်ဆိုရင် အဲဒီမြစ်ရေကိုမှီခိုပြီး စိုက်ပျိုးနေကြတဲ့ ဆန်စပါးနဲ့ အခြားစိုက်ပျိုးရေးကဏ္ဍတွေမှာလဲ ထိခိုက်နစ်နာမယ်၊ သစ်တောပြုန်းတီးတာမျိုး သဘာဝန်းကျင်ပျက်စီးတဲ့အတွက် ဆိုးကျိုးများလည်းဖြစ်လာနိုင်တယ်” ဟု မအနန်က ဆက်ပြောသည်။

    ထမံသီရေကာတာဆောက်လုပ်ရန် မြန်မာနှင့် အိန္ဒိယအစိုးရတို့သည် ၂၀ဝ၄ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀ဝ၇ ခုနှစ်တွင် ရေကာတာဧရိယာအတွင်းနေထိုင်ကြသော ဒေသခံများ ၂၄၀ဝ ကျော် ပြောင်းရွှေ့ခံရကာ ရေကာတာဆောက်လုပ်ရန် အချက်အလက်ကောက်ယူခြင်းများကို ၂၀၁၁ ခုနှစ်အထိလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ရေကာတာဆောက်လုပ်ခြင်းကြောင့် သန်းချီသောဒေသခံလူထုများ၏ ငါးဖမ်းလုပ်ငန်းနှင့် အခြား စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေသောကြောင့် ဒေသခံလူထုအဖွဲ့အစည်းများက ထိခိုက်နစ်နာချက်များကိုတင်ပြတောင်းဆိုခဲ့ကြရာမှ အိန္ဒိယအစိုးရက ၂၀၁၃ ခုနှစ် ဇွန်လတွင် ယင်းစီမံကိန်းကိုရပ်တန့်လိုက်ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks