spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၁၅၀ဝ တန်ဖုန်းဆင်းကဒ် မဲပြဿနာများဖြစ်ပေါ်နေ

    ၁၅၀ဝ တန်ဖုန်းဆင်းကဒ် မဲပြဿနာများဖြစ်ပေါ်နေ

    -

    အေမီအောင် – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ခွဲတမ်းဖြင့်ရောင်းချနေသော ၁၅၀ဝ တန် ဆင်းမ်ကဒ် မဲနှိုက်စနစ်ကြောင့် ဆင်းမ်ကဒ်မှောင်ခိုဈေးကွက် တဖြည်းဖြည်းအရှိန်မြင့်လာပြီး ပြဿနာများဖြစ်ပေါ်နေသည်ဟု သိရသည်။

    သံဖြူဇရပ်မြို့၊စက်သစ်ရပ်ကွက်ရုံး၌ဖုန်းကဒ်ရောင်းချသောနေ့မြင်ကွင်း(Facebook)
    သံဖြူဇရပ်မြို့၊စက်သစ်ရပ်ကွက်ရုံး၌ဖုန်းကဒ်ရောင်းချသောနေ့မြင်ကွင်း(Facebook)
    အဆိုပါ ဆင်းမ်ကဒ် မဲပေါက်သူအများစုသည် အသုံးပြုရန်မဟုတ်ပဲ ဈေးနှုန်းအမြင့်ဖြင့် တဆင့်ပြန်လည် ရောင်းချနေပြီး ဆင်းမ်ကဒ်တစ်ခုကို ကျပ် ၉ သောင်းမှ ၁သိန်း ၂သောင်းအထိ ဈေးပေါက်နေသည်ဟု သံဖြူဇရပ် မြို့ခံတစ်ချို့က ပြောသည်။

    သံဖြူဇရပ်မြို့ခံတဦးက “လိုသလောက် မပေးတဲ့ အတွက်ကြောင့် အောက်ခြေလူတန်းစားတွေက သူတို့အသုံးပြုဖို့အတွက် တန်းစီတာမဟုတ်ဘူး ၊မဲပေါက်ရင် ဘယ်လောက်မြတ်မလဲ၊ အလုပ်မလုပ်ပဲ အချိန်ကုန်ခံပြီး တန်းစီနေကြတယ်”ဟု ပြောသည်။

    ဆင်းမ်ကဒ်မဲနှိုက်ရောင်းချပေးသည့် မြို့နယ်၊ ရပ်ကွက် ၊ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း မသမာမှုများရှိနေပြီး ယခုကဲ့သို့ပြဿနာများရင်ဆိုင်နေရသည်ဟု သူကဆက်ပြောသည်။

    သံဖြူဇရပ်မြို့နေ ဒေါ်ခင်စိန်က “တန်ဖိုးနည်းဆင်းမ်ကဒ် ဆိုတော့ ရချင်တာပေါ့နော်။ တကယ်လိုအပ်တဲ့ သူတွေကျတော့ လွယ်လွယ်နဲ့မရနိုင်ကြဘူး”ဟုပြောသည်။

    အစိုးရမှ အကန့်အသတ်ဖြင့်ထိန်းချုပ်နေသမျှ ကာလပတ်လုံး သတ်မှတ်နှုန်းအတိုင်း မဝယ်ယူနိုင်သည့်ပြဿနာများ ဆက်ရှိနေမည်ဟုလည်း မိုဘိုင်းလုပ်ငန်းရှင် တစ်ချို့ကပြောသည်။

    ထို့အပြင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆင်းကဒ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးများက စိတ်ကြိုက်ခွဲတမ်းသတ်မှတ်ပေးခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

    ဘုရားသုံးဆူမြို့ခံတစ်ဦးက “ပြီးခဲ့တဲ့လက ဘုရားသုံးဆူအတွက် ဆင်းကဒ် ၂၀ဝ ရောက်လာတာ ဌာနဆိုင်ရာဝန်ထမ်းအတွက် ၈၀ ကဒ်ယူလိုက်တယ်၊ ဝန်ထမ်းဆိုပြီး အခွင့်ထူးခံတာမျိုးဖြစ်နေတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ၅ ကြိမ်မြောက် မိုဘိုင်းဆင်းကဒ်များကို သြဂုတ်၂၃ရက်အထိ ဆက်လက်ရောင်းချသော်လည်း ယခုချိန်အထိ အောက်ခြေပြည်သူများ ရရှိခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ ဌာနဆိုင်ရာအချို့တွင် ရာထူးကြီးစဉ်ငယ်လိုက်ပေးခြင်းမှာ မမှန်ကန်ကြောင်း၊ မိသားစုတစ်ခုတည်းသာ မဲပေါက်နေခြင်းသည် မဖြစ်သင့်ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks