spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမိုးရေကြီးသဖြင့် မွန်ပြည်နယ်ရှိလယ်ယာမြေများ ရေနစ်မြုပ်ပျက်စီးမှုများဖြစ်ပေါ်

    မိုးရေကြီးသဖြင့် မွန်ပြည်နယ်ရှိလယ်ယာမြေများ ရေနစ်မြုပ်ပျက်စီးမှုများဖြစ်ပေါ်

    -

    ဂျူရီချိုင်း – ပြီးခဲ့သည့် သီတင်းပတ်တဝင် မိုးအဆက်မပြရွာသွန်း၍ ရေးကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် မွန်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် လယ်ယာမြေများ ရေနစ်မြုပ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

    2013-08-27 (1)ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှစတင်၍ မိုးရွာသွန်းမှုများပြားနေသည့်အတွက် ရေကြီး ရေလျှံမှုဖြစ် ပေါ်ပြီး လယ်ယာမြေများ ရေနစ်မြုပ်မှုဒဏ်ကိုခံရသဖြင့် စိုက်ပျိုးထားသော မိုးစပါးများ သေကြေပျက်စီးကုန်သည်ဟု ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

    သူက “ရေးကြီးတော့ စိုက်ခင်းကိုကြည့်လိုက်ရင် ပင်လယ်လိုပဲ၊ စိုက်ထားတဲ့မိုးစပါးပင်တွေရေမြုပ်သွားတယ်၊ ရေမကျတော့ အပင်တွေအဝါရောင်သန်းပြီး သေသွားတယ်” ဟု ပြောသည်။

    ယခုကဲ့သို့ ရေကြီးပျက်စီးသွားသည့်စပါးများ ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုး၊ ပျိုးပင်၊ ငွေကြေး အ ခက်အခဲနှင့် အချိန်အကန့်သတ်မှုရှိနေခြင်းကြောင့် ပြန်မစိုက်ဘဲ ပြစ်ထားခဲ့သည့် စိုက်ခင်းအများ အပြားရှိ၍ ယခုနှစ်မိုးစပါးအထွက်နှုန်းလည်း လျှော့နည်းသွားနိုင်သည်ဟု ဒေသခံတောင်သူများက ခန့်မှန်းပြောဆိုနေကြသည်။

    ယခုလတွင်လည်း ရေး၊ မုဒုံ၊ ကျိုက်မရော၊ ပေါင်၊ ချောင်းဆုံမြို့နယ်များအပြင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီးမှုများဖြစ်ပေါ်သည့်အတွက် လယ်ယာမြေများ ရေနစ်မြုပ်မှု ဒဏ်ကို ကြုံတွေ့နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

    မုဒုံမြို့နယ်မှ ဒေသခံတစ်ဦးက “ဇူလိုင်လရေကြီးတုန်းက စိုက်ခင်းတွေရေမြုပ်တော့ ရေပြန်ကျသွား တာနဲ့ အပင်တွေထပ်စိုက်ထားခဲ့တယ် ၊ အခုတစ်ခါ ရေးကြီးပြန်တော့ ပျိုးပင်တွေမပေါ် တော့ဘူး၊ သေမလား ရှင်မလားတော့မသိဘူး သေရင်လည်း ပြန်စိုက်ဖို့အဆင်မပြေတော့ဘူး” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ရေကြီးမှုသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေဘေးကြုံ ဒေသခံ ၃၈၃၀ဝ ကျော် နေရပ်မှ ပြောင်းရွှေ့ခဲ့ရကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မွန်ပြည်နယ်နှင့်အတူ ကရင်ပြည်နယ်တွင်လည်း ဇူလိုင်လကုန်ပိုင်းမှ သြဂုတ်လဆန်းပိုင်းအထိ ရေးကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီး လယ်ယာမြေ ဧက ပေါင်း ၃၆၀ဝ၀ ကျော်မှာ ရေနစ်မြုပ် နေဆဲဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်၌ စိုက်ပျိုးမြေဧရိယာ ၂၁ သိန်းကျော်ရှိပြီး မိုးစပါးစိုက် ဧက ၁၀ သိန်းကျော်စိုက်ပျိုးရန် လျာထားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks