Friday, March 13, 2026
More
    spot_img
    Homeသတင်းရန်ကုန်တိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသားလူဦးရေစာရင်းကောက်ခံနေ

    ရန်ကုန်တိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသားလူဦးရေစာရင်းကောက်ခံနေ

    -

    အေမီအောင် – ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလူဦးရေ အတိအကျသိရှိနိုင်ရန် စာရင်းဆက်လက်ကောက်ခံနေသည်ဟု သိရသည်။

    ဝန်ကြီးနှင့်လဝကဌာန၏ဆောင်ပုဒ်(Internet)
    ဝန်ကြီးနှင့်လဝကဌာန၏ဆောင်ပုဒ်(Internet)
    အလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးဖြင့်ဖွဲ့စည်းထားသော မွန်လူဦးရေစာရင်းအမှန်ရရှိရေး ကော်မတီရုံးကို ရန်ကုန်မြို့ ၊ ရွှေတိဂုံတောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျှက်ရှိသည့် မွန်မိသားစုဝင်စာရင်းကောက်ခံသွားမည်ဟု မွန်လူဦးရေစာရင်းမှန်ရရှိုရေး ဦးဆောင်ကော်မတီဝင် မိခင်လေးမြင့်က ပြောသည်။

    မိခင်လေးမြင့်က “မျိုးချစ်စိတ်ရှိဖို့လိုတယ်။ မွန်လူမျိုးဖြစ်တဲ့အကြောင်းကို ဖော်ထုတ်ရဲရမယ်။ မွန်လူမျိုးဖြစ်ကြောင်းကို ပြောရမှာ ကြောက်နေတဲ့မွန်တွေ၊ ရှက်နေတဲ့လူတွေကို ပြန်ရှာရမယ်၊ မိဘနှစ်ပါးထဲက အဖေမွန်ဆိုရင် သားသမီးကမွန်လို့သတ်မှတ်ရတာပဲ”ဟုပြောသည်။

    ရန်ကုန်တိုင်းဒေသအတွင်းရှိ မွန်လူမျိုးအများစုသည် မွန်မိဘနှစ်ပါးမှမွေးဖွားသူဖြစ်ကြသော်ငြား နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုး-မွန်၊ဗမာဟု သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာနက သတ်မှတ်ဖော်ပြခံထားရသည်ဟုလည်း သူမက ဆက်ပြောသည်။

    မွန်လူဦးရေစာရင်းကောက်ခံနေသူ မင်းဖေသန်းက “ဒီလ ၁၃ ရက်နေ့က စပြီးကောက်တယ်၊ ရန်ကုန်မြို့က မွန်ဘုန်းတော်ကြီးကျောင်းများမှာ စာရင်းအရင်စုဆောင်းတယ်။ အဲဒီကတဆင့် မွန်တွေရှိတဲ့နေရပ်လိပ်စာကိုသိရပြီးနောက် စာရင်းသွားရောက်ကောက်ခံမယ်”ဟု ပြောသည်။

    ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူဦးရေစုစုပေါင်း ၂ သိန်းဝန်းကျင်ခန့်မှန်းထားပြီး ယင်းကဲ့သို့စာရင်းကောက်ခံနိုင်ရေးအတွက် ငွေကျပ်သိန်း ၃၀ဝ ခန့်မှန်းကုန်ကျနိုင်ကြောင်း လျာထားချက်အရ သိရသည်။

    ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးအသီးသီး၌ မွန်တိုင်းရင်းသားဦးရေ ၆ သောင်းမပြည့်ဟု ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာအမတ်နေရာ ရွေးချယ်ခွင့်မရခဲ့ပေ။

    လာမည့်ရွေးကောက်ပွဲများတွင် မွန်တိုင်းရင်းသားများ နေထိုင်လျှက်ရှိသောတိုင်းဒေသကြီးများအတွင်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်နေရာရရှိရန်အတွက် လွဲမှားနေသော အိမ်ထောင်စုစာရင်းပါ အချက်အလက်ကိုပြန်လည်စိစစ်ပြီး လူဦးရေစာရင်းအမှန် တရားဝင်ပြုစုနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks