spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘီအဲန်အိုင်အဖွဲ့အစည်းတွင် သံလွင်တိုင်းမ်ဂျာနယ်ကို အဖွဲ့ဝင်အသစ်ဖြစ်ပါဝင်

    ဘီအဲန်အိုင်အဖွဲ့အစည်းတွင် သံလွင်တိုင်းမ်ဂျာနယ်ကို အဖွဲ့ဝင်အသစ်ဖြစ်ပါဝင်

    -

    ဂျူရီချိုင်း – ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၅ ရက်ကြာကျင်းပသည့် အကြိမ် ၂၀ မြောက် Burma News International – ဘီအဲန်အိုင် အစည်းအဝေးတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် သံလွင်တိုင်းမ် သတင်းဂျာ နယ်ကို အဖွဲ့ဝင်သစ်အဖြစ် ပါဝင်လက်ခံ လိုက်ပြီဖြစ်ကြောင်း သိရသည်။

    သံလွင်တိုင်းမ် သတင်းဂျာနယ်မှ အယ်ဒီတာအဖွဲ့ဝင် ကိုမင်းမင်းနွယ်က “ကျနော်တို့ အသင်းအဖွဲ့ဝင်ဖို့ အတွက်ကို လွန်ခဲ့တဲ့နှစ်လောက်က အဆိုပြုခဲ့တယ်၊ ဘာကြောင့် အဖွဲ့ဝင်ဖြစ်ချင်လဲဆိုတာတော့ ကျ နော်တို့မှာ သတင်းဂျာနယ်ဖြစ်နေတယ် ဒေသမှာ အခြေခံပြီး လူများစု လူနည်းစုကို အခြေခံပီးတော့ လုပ်နေတဲ့အတွက် ဘီအဲန်အိုင်ကို တိုင်းရင်းသား မီဒီယာ အဖွဲ့ဖြစ်တဲ့အတွက် ဥပဒေနဲ့ပတ် သက်ပီး တော့ ကျကျမတ်မတ် ဖော်ပြသွားဖို့ ကျနော် တို့အဆိုပြု လိုက်တာပါ၊ အခု ကျနော်တို့ သတင်းဂျာ နယ်တိုက်ကို ဘီအဲန်အိုင်က ၁၂ ဖွဲ့မြောက်လက်ခံ လိုက်တာကို ကျနော်တို့ အနေနဲ့ ဝမ်းမြောက်ကြို ဆိုပါတယ်” ဟု ပြောသည်။

    နိုင်ငံတကာ မြန်မာ့သတင်း-ဘီအဲန်အိုင်၏ အကြိမ် ၂၀ မြောက် ခြောက်လပတ်အစည်းအဝေးကို သြဂုတ်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ရာ အဖွဲ့ဝင်သတင်း ဌာနများမှ အယ်ဒီတာများနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြသည်။

    အဖွဲ့ဝင် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ဘီအဲန်အိုင်ကို သံလွင်တိုင်းမ်သတင်းဂျာနယ်ကို အဖွဲ့ဝင်ဖြစ် လက်ခံလိုက်သည့်အတွက် လက်ရှိတွင် လွတ်လပ်သည့် သတင်းဌာန (၁၂) ခုဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် သတင်းမီဒီယာ ကွန်ယက်တစ်ခုဖြစ်သည်။

    ဘီအဲန်အိုင်မှ ဖွံ့ဖြိုးတိုးတက်ရေး အရာရှိ နန်းဖော့ဂေက “အဓိကတော့ အခုမြန်မာပြည်မှာ အငြင်းပွား နေတဲ့ မီဒီယာဥပဒေတွေပေါ့နော် ပုံနှိပ် ဥပဒေတွေ တိုင်းရင်းသားမီဒီယာ ဥပဒေတွေ လွတ်လပ်စွာ လုပ်ပိုင်ခွင့် တိုင်းရင်းသား ဘာသာ စကား တွေပါ ဖြန့် ဝေဖြန့်ချိဖို့ ကျင့်ဝတ်တွေ ပြဌန်းသွားဖို့အတွက် ကို ဆွေးနွေးခဲ့ တယ် သတင်းဌာန တွေ သတင်းအရည် အသွေးတက်ဖို့ ကိုယ့်ရဲ့သတင်းတွေ နိုင်ငံတကာနဲ့ တူညီဖို့ အရည်း အသွေးပြည့် ဝအောင် ကြိုးစားသွား ဖို့ကို ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

    ဘီအဲန်အိုင်၏ ရေရှည်ရှေ့လုပ်ငန်းစဉ် စနစ်တကျ လုပ်ငန်းလုပ်ကိုင်သွားရန်အတွက် မူကြမ်းရေး ဆွဲရေး ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အယ်ဒီတာအဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံရေးဆွဲ ရေး ပညာရှင်တို့ ပါဝင်မည်ဟု နန်းဖော့ဂေက ပြောသည်။

    အစည်းအဝေး၌ မီဒီယာဥပဒေများနှင့် ရှေ့လုပ်ငန်းစဉ်ဆွေးနွေးသုံးသပ်ပြီး ဆုံးဖြတ်ချမှတ်ခဲ့သည့်အပေါ် သြဂုတ်လ ၁၉ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    မီဒီယာ ဥပဒေများတွင် တိုင်းရင်းသားမီဒီယာ အခွင့်အရေးများ ပါဝင်ရေးနှင့် လုပ်ငန်းစဉ်များကို စနစ် တကျနှင့် ရေရှည်ဆောင်ရွက်သွားနိုင်ရန်၊ သတင်းမီဒီယာ သတင်းအရည်အသွေး မြင့်မားလာ စေရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသော သတင်းကျင့်ဝတ်ဆိုင်ရာ မူဝါဒများကို တိုးမြှင့်ချမှတ်ခဲ့သည်ဟု အထက်ပါကြေညာချက်တွင် ဖော်ပြပါရှိသည်။

    ဘီအဲန်အိုင်အဖွဲ့အစည်းကို ၂၀ဝ၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်သတင်းဌာန၊ သျှမ်းသံတော်ဆင့်၊ ကုလားတန် သတင်းဌာန၊ ရွှေဟင်္သာသတင်းဌာန၊ ခိုနုမ်းထုန်၊ နိရဥၟရာ၊ မဇ္ဇိုမ၊ သတင်းနှင့်မီဒီ ယာကွန် ယက်၊ ကန္တာရဝတီတိုင်းမ်၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ကရင်သတင်းဌာန၊ သံလွင်တိုင်းမ် သတင်းဂျာနယ်အဖွဲ့တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks