spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် မွန်တိုင်းရင်းသားနှီးနှောဖလှယ်ပွဲကျင်းပမည်

    မော်လမြိုင်မြို့တွင် မွန်တိုင်းရင်းသားနှီးနှောဖလှယ်ပွဲကျင်းပမည်

    -

    ခတ္တာနန်း – မွန်တိုင်းရင်းသားနှီးနှောဖလှယ်တစ်ရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လာမည့်စက်တင်ဘာလနှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်နေသည်ဟု သိရသည်။

    မွန်အမျိုးသားညီလာခံဖြစ်မြောက်ရေးပဏာမဆွေးနွေးပွဲ(IMNA)
    မွန်အမျိုးသားညီလာခံဖြစ်မြောက်ရေးပဏာမဆွေးနွေးပွဲ(IMNA)
    ထို့အတူ ၂၀၁၃ ခုနှစ်မကုန်မှီတွင်လည်း မွန်အမျိုးသားညီလာခံတစ်ရပ်ကို ဆက်လက်လုပ်ဆောင်သွားရန် ညီလာခံဖြစ်မြောက်ရေးဗဟိုကော်မတီဖွဲ့စည်းထားပြီ ဖြစ်ကြောင်း မွန်ဒီမိုကရေစီပါတီမှ ဒု-ဥက္ကဌ နိုင်တင်အောင်က ပြောသည်။

    နိုင်တင်အောင်က “ပထမအဆင့်က နှီးနှောဖလှယ်ပွဲ အရင်လုပ်သွားမယ် ဒုတိအဆင့်က မွန်တမျိုးသားလုံးအတွက် ညီလာခံတရပ်ကို ဒီနှစ်မကုန်ခင် ဒီဇင်ဘာလ လောက်မှာ လုပ်ဖြစ်မှာပါ” ဟုပြောသည်။

    မွန်အမျိုးသားညီလာခံနှင့် နှီးနှောဖလှယ်ပွဲ လုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများအားလုံး ပါဝင်သည့် ညီလာခံခေါ်ယူဖြစ်ရာ မွန်တိုင်းရင်းသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ၂၀ဝ၈ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်းတီမှုနှင့် အခြားသောကိစ္စရပ်များကို တင်ပြနိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

    မွန်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး ဗဟိုတော်မတီဝင် အစည်းအဝေးကို ယခုလ ၉ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    နှီးနှောဖလှယ်ပွဲနှင့် မွန်အမျိုးသားညီလာခံဖြစ်မြောက်ရေးအတွက် မွန်ပြည်သစ်ပါတီ၊ မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့က ဦးဆောင်သွားမည်ဖြစ်သည်။

    မွန်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး ဗဟိုကော်မတီတွင် မွန်ဒီမိုကရေစီပါတီမှ ဒေါက်တာမင်းကြည်ဝင်း- ဥက္ကဌ၊ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာဗိန်ခိုင်း- ဒု – ဥက္ကဌ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ နိုင်အောက်စာ(အံက်သာ)- အထွေထွေအတွင်းရေးမှူးအဖြစ်ဆောင်ရွက်ကြပြီး မွန်လူမှုအဖွဲ့အစည်းအသီးသီးမှ စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

    “ဒီကော်မတီဝင်မှာ တစ်ပါတီကို ၂ ဦး၊ လူမှု အဖွဲ့အစည်း၊ ပြည်ပရောက် အဖွဲ့အစည်းတွေအာလုံးက ၉ ဦးပါမယ်” ဟု နိုင်တင်အောင်က ဆက်ပြောသည်။

    ယင်းမွန်အမျိုးသားညီလာခံဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်များသည် မွန်အမျိုးသား နှီးနှောဖလှယ်ပွဲ လုပ်ငန်းအစီအစဉ်များ ချမှတ်ရန်အတွက် မော်လမြိုင်မြို့၌ ယနေ့တွင်လည်း အစည်းအဝေးတစ်ရပ်ကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

    လွန်ခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် လက်ရှိမွန်နိုင်ငံရေးပါတီ ၃ ပါတီမှ ခေါင်ဆောင်များနှင့် အခြားသော ပြည်ပအခြေစိုက်မွန်လူမှုအဖွဲ့အစည်းတို့ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာတွင် မွန်အမျိုးသားညီလာခံကျင်းပရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks