spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပပြီးစီး

    မော်လမြိုင်မြို့ ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပပြီးစီး

    -

    အေမီအောင် – မွန်ပြည်နယ်၊မော်လမြိုင်မြို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကို ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီဟု သိရသည်။

    ၃ ရက်ကြာ ကျင်းပခဲ့သည့် ယင်းအခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံကာလ မော်လမြိုင်တွင်ဖြစ်ပျက်ခဲ့သည့် သတင်းစာမှတ်တမ်းများ၊ ဓါတ်ပုံမှတ်တမ်းပြသပြီး အမှတ်တရလက်မှတ်ရေးထိုးကာ ကျိုက်သုတ်သပိတ်စခန်းခေါင်းဆောင် ကိုဝင်းကျော့မှူးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

    ကိုဝင်းကျော့မှူး “တစ်ဦးခြင်းခံစားချက်ကတော့ ဒီအဖြစ်အပျက်ကိုမကျေနပ်နိုင်ပါဘူး ဒါပေမယ့် အနာဂတ်မြန်မာပြည်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ခံစားချက်တွေဘေးဖယ်ပြီး တည်ဆောက်မယ့် စိတ်ဓါတ်ကိုအခြေခံရမယ်”ဟုပြောသည်။

    အဆိုပါအခမ်းအနားကို ယခင်ရှစ်လေးလုံးအရေးတော်ပုံ ဦးဆောင်ပါဝင်သူ ၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်ကျောင်းသားများတပ်ဦး ၊ကာတွန်းဆရာ၊ ပန်းချီဆရာ၊တက်ကြွလှုပ်ရှားသူ စုစုပေါင်းအင်းအား ၅၀ဝ ကျော်ခန့် တတ်ရောက်သည်ဟု ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံငွေရတုကျင်းပရေးကော်မတီဝင် ကိုကြည်ဇော်လွင်ကပြောသည်။

    ကိုကြည်ဇော်လွင်က “သမိုင်းဆိုတာ သင်ခန်းစာယူဖို့ပါ။ ခံစားပြီး ငိုကြွေးဖို့မဟုတ်ဘူး။ မြန်မာပြည်ရဲ့သမိုင်းမှာ ရှစ်လေးလုံးအရေးတော်ပုံမျိုး နောက်တစ်ခါမဖြစ်စေချင်တော့ပါဘူး။ မျိုးဆက်သစ်တွေအားလုံး ဒီသင်ခန်းစာကိုယူပြီး အနာဂတ်မြန်မာပြည်ကို မှန်ကန်တဲ့ စိတ်ဓါတ်တွေနဲ့ တည်ဆောက်နိုင်မယ်”ဟုပြောသည်။

    ရန်ကုန်မြို့မှထုတ်သည့် ငွေရတုကြေငြာစာတမ်း၊ ဆရာကြီးဒဂုန်တာရာ၏သဝဏ်လွှာ၊ ABSDF မှပေးပို့သည့် သဝဏ်လွှာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ် ကို ဦးအောင်သူငြိမ်း၊ ABSDF ဗဟိုကော်မတီဝင် ဦးအေးလွင်၊ အရေးအခင်းကာလက ချောင်းဆုံမြို့နယ်သပိတ်ခေါင်းဆောင် နိုင်တင့်လွင်တို့က အသီးသီး ဖတ်ကြားခဲ့သည်။

    အလားတူ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားများကို ရန်ကုန် ၊မန္တလေးမြို့ကြီးနှင့် အခြာမြို့များတွင်လည်း အသီးသီးကျင်းပပြုလုပ်ခဲ့ကြသည်။

    ၁၉၈၈ ခုနှစ် ၊သြဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ၈၈၈၈ အရေးတော်ပုံအတွင်း ဗမာ့တပ်မတော်၏ချေမှုန်းပစ်ခတ်မှုကြောင့် တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ဒီမိုကရေစီရရှိရေးတောင်းဆိုခဲ့သည့် ရဟန်းရှင်၊လူ၊ ကျောင်းသားနှင့်ပြည်သူများအသက်ပေါင်း ထောင်ချီ၍ ဆုံးရုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks