spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနှစ်နိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေး ဘုရားသုံးဆူဒေသတွင်ထိုင်းနှင့်မြန်မာဆွေးနွေး

    နှစ်နိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေး ဘုရားသုံးဆူဒေသတွင်ထိုင်းနှင့်မြန်မာဆွေးနွေး

    -

    မင်းသုတ– နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ထိုင်း-မြန်မာဒေသန္တရအဆင့် စံခလပူရီ-ဘုရားသုံးဆူ မြို့နယ်အဆင့် ဆွေးနွေးပွဲတစ်ရပ် သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

    ထိုင်း-မြန်မာဒေသန္တရအဆင့် ဆွေးနွေးပွဲအဆင့်(BNA)
    ထိုင်း-မြန်မာဒေသန္တရအဆင့် ဆွေးနွေးပွဲအဆင့်(BNA)
    ဘုရားသုံးဆူနယ်စပ်အနီး ထိုင်းနိုင်ငံ၊ စံခလပူရီမြို့၊ မြို့ပိုင်ရုံးတွင် နှစ်နိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဒေသန္တရအဆင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် တစ်နာရီခန့်ကြာ ကျင်းပခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ထိုင်းအရာရှိတစ်ဦးက ပြောသည်။

    ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ထိုင်းအရာရှိက “အဓိကဆွေးနွေးကြတာက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ သတင်းဖလှယ်ကြဖို့၊ နယ်စပ်ဆက်ဆံရေးရုံးတွေဖွင့်လှစ်ထားရှိဖို့၊ မူးယစ်ဆေးဝါးတားဆီးရေးနဲ့ပတ်သက်တဲ့သင်တန်းတွေပေးဖို့ ဆွေးနွေးပွဲမှာ သဘောတူကြပါတယ်” ဟု ပြောသည်။

    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုများအပြင် အခြားဒုစရိုက်မှုခင်းများကိုလည်း ပူးပေါင်းနှိမ်နင်းရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။

    မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်မှူး ဒုရဲမှူးကြီးအောင်မြင့်၊ ကော့ကရိတ်ခရိုင်ရဲမှူး ဒုရဲမှူးကြီးဇော်မင်းဦး၊ ဘုရားသုံးဆူမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့်အတူ ဒေသရှိ လဝက၊ အကောက်ခွန်၊ ရဲစခန်းမှူးတို့ တက်ရောက်ခဲ့ကြသည်။

    ထိုင်းကိုယ်စားလှယ်အဖွဲ့တွင် စံခလပူရီမြို့ပိုင် နိုင်ကျာထစ်လုကျန်ဆေလိ၊ လက်ထောက်မြို့ပိုင်၊ မြို့နယ်ရဲမှူး၊ ဒေသအဆင့်စစ်ဖက်အရာရှိများ၊ မြို့နယ်ဆရာဝန်၊ လဝက၊ မြူနီစပယ်၊ နယ်ခြားကော်မတီနှင့် မူးယစ်တားဆီးရေး အရာရှိတို့ တက်ရောက်ခဲ့ကြသည်။

    ထိုင်းမြန်မာ၊နှစ်နိုင်ငံဒေသန္တအဆင့်ဆွေးနွေးပွဲများ ဘုရားသုံးဆူဒေသတွင် လစဉ်ကျင်းပသွားနိုင်ရန် စီစဉ်ထားလျှက်ရှိကြောင်း သိရသည်။

    အမည်မဖေါ်လိုသော ဘုရားသုံးဆူမြို့မိမြို့ဖတစ်ဦးက “ဘုရားသုံးဆူမှာ မူယစ်ဆေးအရောင်းအဝယ်တွေရှိနေတာကို ငြင်းလို့မရပါဘူး၊ အားလုံးအသိပဲ၊ အထူးသဖြင့် ထိုင်းဘက်ကိုပို့တာပေါ့၊ မြန်မာဘက်က ဖမ်းဆီးမိတဲ့သတင်းမကြားမိပါဘူး၊ ဒါတွေကို ထိုင်းတွေအမြဲတမ်း သတိထားစောင့်ကြည့်နေတယ်” ဟု ပြောသည်။

    ၁၈ ကီလိုမီတာခန့် ဝေးကွာသော မြန်မာနယ်စပ်ဘုရားသုံးဆူမှ ထိုင်းနိုင်ငံ စံခလပူရီမြို့ မော်တော်ကားလမ်းပေါ်ရှိ ထိုင်းစစ်ဆေးရေးဂိတ်များက ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်သူများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများကို မကြာခဏဖမ်းဆီးရမိနေသည်ဟုလည်း ထိုင်းရဲအရာရှိတစ်ဦးက ပြောသည်။

    ထို့အပြင် ဘုရားသုံးဆူ-စံခလပူရီ-ကန်ချနပူရီလမ်းကြောင်းသည်း ထိုင်းနိုင်ငံသို့တရားမဝင် လာရောက်သူများ အဓိကအားထားကြသည့် လမ်းကြောင်းတစ်ခုလည်းဖြစ်နေသည်ဟု သိရသည်။

    လက်ရှိတွင် ထိုင်းမြန်မာနယ်ခြားကော်မတီရုံးကို နှစ်နိုင်ငံနယ်စပ်အနီး ထိုင်းနိုင်ငံ၊ ဘုရားသုံးဆူရွာ၌ ဖွင့်လှစ်ထားရှိဆဲ ဖြစ်သည်။

    သို့ရာတွင် ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော်ဂိတ်ကို မြန်မာအစိုးရတို့ ပိတ်ထားသောကြောင့် နိုင်ငံနယ်နိမိတ်ဖြတ်ကျော်သွားလာကြသည့် ဒေသခံနှင့်ခရီးသွားဧည့်သည်များ ဘေးမလွယ်ပေါက်များမှ ဖြတ်သန်းသွားလာနေရသည်ကို တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks