spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် GSM ဆင်းကဒ် ပထမအကြိမ်စတင်မဲဖေါက်

    ဘုရားသုံးဆူမြို့တွင် GSM ဆင်းကဒ် ပထမအကြိမ်စတင်မဲဖေါက်

    -

    မင်းသုတ – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ရောင်းချပေးလျှက်ရှိသော ၁၅၀ဝ ကျပ်တန် GSM ဆင်းကဒ်များကို ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့၌ သြဂုတ်လ ၁ ရက်နေ့တွင် နေ့ချင်းပြီးမဲဖေါက်၍ ပထမအကြိမ်စတင်ရောင်းချခဲ့ပြီး ဖြစ်သည်။

    ဘုရားသုံးဆူမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်ရှိသည့်အနက် တစ်ရပ်ကွက်အတွက် GSMဆင်းကဒ် ၃၀ ခွဲတန်းရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
    သူက “အဲဒီခွဲတန်း ၃၀ ကဒ်ထဲမှာ အုပ်ချုပ်ရေးမှူးရယ်၊ ရုံးနဲ့ ဘုန်းတော်ကြီးကျောင်းအတွက် ၃ ကဒ်ပေးပြီး ရပ်ကွက်သားတွေကျတော့ ၂၇ ကဒ်ထဲက မဲနှိုက်ရတာပေါ့” ဟု ပြောသည်။
    မဲနှိုက်ရန် စာရင်းပေးသွင်းထားသူများမှာ ရပ်ကွက် ၁ -၁၀၉ ဦး၊ ရပ်ကွက် ၂- ၇၃ ဦး၊ ရပ်ကွက် ၃- ၁၄၉ ဦးနှင့် ရပ်ကွက် ၄- ၁၃၀ ဦးတို့ဖြစ်ကြသည်။
    ယခုပထမအကြိမ်တွင် ဘုရားသုံးဆူမြို့နယ်ခွဲအတွက် GSM ဆင်းကဒ် ၂၀ဝ ခွဲတန်းရသည့်အနက် မြို့ပေါ် အစိုးရဝန်ထမ်းများအတွက် ဆင်းကဒ် ၈၀ နှင့် ရပ်ကွက် ၄ ခုအတွက် ၁၂၀ ကဒ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခွဲဝေပေးခြင်းဖြစ်သည်။

    ယင်းဖုန်းကဒ်အား မိမိတရားဝင်ဖြစ်ရေးအတွက် ပတ်စပို့ဓါတ်ပုံ ၃ ပုံ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူတစ်စုံနှင့်အတူ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးရုံးတွင် စာချုပ်ချုပ်ဆိုကြမည်ဟု သိရသည်။

    ဆင်းကဒ်မဲပေါက်သူတစ်ဦးက “ဆင်းကဒ်တစ်ကဒ်အတွက် ဘတ်တစ်ရာပေးရတယ်၊ တကယ်မှာတော့ ငွေ ၁၅၀ဝ ကျပ်က ဘတ် ၅၀ ပဲရှိတယ်၊ ဝန်ဆောင်ခလမ်းစရိတ်အတွက် ဘတ် ၅၀ ပေးရတဲ့သဘောပါ” ဟု ပြောသည်။

    တယ်လီဖုန်း SIM Card တွင် တယ်လီဖုန်းခေါ်ဆိုခ ၃၀ဝ ကျပ်ပါရှိပြီး ယင်းငွေမကုန်မီ ဖုန်းကဒ်ရရှိသည့် နေ့မှ (၁၅)ရက်အတွင်း အနည်းဆုံး ၅၀ဝ၀ ကျပ်တန် ငွေဖြည့်ရမည်ဖြစ်သည်။

    အကယ်၍ သတ်မှတ်ရက်အတွင်း ငွေမဖြည့်ပါက ယင်း Sim Card များ သက်တမ်းကုန်မည်ဖြစ်သော်လည်း ယခုအခါ သက်တမ်းတိုးပြန်လည်လျှောက်ထားနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးှလုပ်ငန်းမှ သိရှိရသည်။

    ယင်းကဲ့သို့ သက်တမ်းတိုးနိုင်ရန် ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တုတစ်စောင်နှင့်အတူ သတ်မှတ်ပုံစံအတိုင်း တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍လျှောက်ထားနိုင်သည်။

    တန်ဖိုးနည်း ၁၅၀ဝ ကျပ်တန် CDMA 800 MHz ဆင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေလုပ်ငန်းက ၂၀၁၃ ခုနှစ်၊ ဧပြီလတွင်၄င်း၊ GSM ဆင်းကဒ်များကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင်၄င်း တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတို့အား ခွဲတန်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် လက်ရှိ GSM တာဝါတိုင်တစ်တည်းသာရှိသည့်အတွက် ဖုန်းလိုင်းပိတ်ဆို့ပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks