spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ရဲဘော်တစ်ဦး ထပ်မံဖမ်းဆီးခံနေရ

    မွန်ပြည်သစ်ရဲဘော်တစ်ဦး ထပ်မံဖမ်းဆီးခံနေရ

    -

    မင်းသုတ – တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်ရွာသစ်၌ နေထိုင်လျှက်ရှိသော မြိတ်ဒေသ၊ မွန်ပြည်သစ်ပါတီဝင် ရဲဘော် “နိုင်အရ” အား ကျေးရွာအုပ်ချုပ်ရေးမှူးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်စောစောပိုင်းတွင် ၄င်း၏နေအိမ်မှဖမ်းဆီခေါ်ဆောင်ခဲ့သည်ဟု မွန်ပြည်သစ်တပ်မှူး ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။

    “နိုင်အရ”သည် မြိတ်ဒေသရှိ မွန်ပြည်သစ်ပါတီတပ်စခန်းမှ မိသားစုနေအိမ်သို့ခွင့်ပြန်နေစဉ် ယင်းကဲ့သို့ အဖမ်းဆီးခံရခြင်း ဖြစ်သည်။

    တပ်စခန်းမီးရှို့ဖျက်ဆီးခံရအပြီး လာရောက်ကြည့်ရှုသောမွန်ရဲဘော်တစ်ဦး(IMNA)
    တပ်စခန်းမီးရှို့ဖျက်ဆီးခံရအပြီး လာရောက်ကြည့်ရှုသောမွန်ရဲဘော်တစ်ဦး(IMNA)
    “ကျနော်တို့ရဲဘော်တွေကို ဘာကြောင့် ခုလိုဖမ်းဆီးနေတာကိုတော့ ကျနော်နားမလည်ဘူး၊ အထက်ကိုအကြောင်းကြားတင်ပြထားပေမယ့် ဘာမှလည်းအကြောင်းမထူးသေးဘူး” တပ်မှူးတမော့ချမ်းက ပြောသည်။

    ယင်းအဖမ်းဆီးခံ မွန်ပြည်သစ်ရဲဘော်အား လေညာကျေးရွာအခြေစိုက် မြန်မာအစိုးရစစ်တပ်စခန်းသို့ ထပ်မံပို့ဆောင်သွားကြောင်း ၄င်း၏မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။

    မြိတ်ဒေသရှိမွန်ပြည်သစ်ပါတီစခန်းသို့ ယခုလအတွင်း မြန်မာအစိုးရတပ်ဖွဲ့ဝင်ရောက်ပစ်ခတ်မှု၊ မွန်ပြည်သစ်ပါတီအလံအားမီးရှို့ဖျက်ဆီးမှု၊ မိမိတပ်ဖွဲ့ဝင်ရဲဘော်နှင့်ဇနီးဖြစ်သူတို့ကို ဖမ်းဆီးထားသည့်ကိစ္စများအား ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်တလညီက သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းသို့ တင်ပြခဲ့ပြီးဟု ဆိုသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

    မြိတ်ဒေသရှိ သုမင်္ဂလံရွာ မွန်ပြည်သစ်တပ်စခန်းတစ်ခုအား ယခုလ ၁၆ ရက်နေ့တွင် မြန်မာအစိုးရစစ်တပ် ဝင်ရောက်ပစ်ခတ်သဖြင့် မွန်ပြည်သစ်ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

    ထို့အပြင် ခွင့်ပြန်မွန်ပြည်သစ်ရဲဘော် နိုင်ကရက်မွန်နှင့် ဇနီးသည်တို့အား မြန်မာစစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။

    ယခုလ ၂၂ တွင်လည်း မွန်ပြည်သစ်ပါတီတပ်ဖွဲ့စခန်းချရာ သုမင်္ဂလံရွာအား မြန်မာစစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ လွတ်လပ်သောမွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။

    မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲမှုသဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ကတိမတည်သောမြန်မာအစိုးရစစ်တပ်လုပ်ဆောင်ချက်များအား ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြပွဲတရပ်ပြုလုပ်သွားမည်ဟု မွန်လူငယ်တစ်ဦးဖြစ်သူ လယီထောက ပြောသည်။

    လယီထောက “ ကတိမတည်တဲ့အစိုးရတပ်ကို ရှုပ်ချတဲ့ဆန္ဒပြပွဲအတွက် ဇူလိုင် ၂၉ ရက်၊ မနက် ၈ နာရီမှာလုပ်ဖို့စီစဉ်ထားပြီးပြီ၊ ထိုင်းနိုင်ငံရောက် မွန်လူငယ်တွေအပြင် ကရင်လူငယ်တွေလည်း ပါဝင်ဖို့ရှိတယ်” ဟု ပြောသည်။

    ယင်းဆန္ဒပြပွဲတွင် “တိုင်းရင်းသားဒေသ ထိုးစစ်-ချက်ချင်းရပ်၊ ပြည်တွင်းစစ်-အလိုမရှိ၊ ပြည်သူများအပေါ်ဖိနှိုပ်တဲ့လုပ်ရပ်-အလိုမရှိ၊ လိမ်ညာနေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု-အလိုမရှိ” ကျွေးကြော်သံများဖြင့် ဆန္ဒပြမည်ဟု ထိုင်းနိုင်ငံရောက်မွန်ပြည်သူလူထုများအမည်ဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    မြန်မာအစိုးရသစ်နှင့်၂၀၁၂ ခုနှစ်တွင် အပစ်ရပ်စဲမှုပြုလုပ်ခဲ့သည့်ကာလအပြီး မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များအား မြန်မာစစ်တပ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks