spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရေးမြို့ပေါ်ရပ်ကွက်အချို့ ရေလွှမ်းခံနေရ

    ရေးမြို့ပေါ်ရပ်ကွက်အချို့ ရေလွှမ်းခံနေရ

    -

    အေမီအောင် – မွန်ပြည်နယ်၊ ရေးမြို့ပတ်ဝန်းကျင်အနီးတဝိုက်၌ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် ရန်ကြီးအောင်၊ အောင်မင်္ဂလာ၊ အောင်သုခ၊ အောင်မေတ္တာရပ်ကွက်များ၌ ရေလွှမ်းမိုးခြင်းခံနေရကြောင်း ရေးမြို့ခံများမှ သိရသည်။

    ယခုအခါ အိမ်ထောင်စု ၆၀ ကျော်မှ ရေဘေးရှောင်သူ ၂၆၀ ကျော်အား မြို့နယ်အားကစားရုံထဲတွင် နေရာချပေးထားကြောင်း ရေးမြို့ခံ ကိုကျော်နိုင်ကပြောသည်။

    ကိုကျော်နိုင်က“ ခုရေဘေးရှောင်သူတွေထဲမှာ မြို့ခံတွေသိပ်မတွေ့မိဘူး၊ အခြားနယ်က အလုပ်ပြောင်းရွေ့လုပ်ကိုင်သူတွေ အများစုဖြစ်နေတယ်၊ သူ့တို့အစီအစဉ်နဲ့ သူတို့ထမင်းဟင်း ချက်စားကြတယ်၊ လောလောဆယ် စားသောက်နေထိုင်ရေးပြဿနာ မရှိသေးဘူး” ဟုပြောသည်။

    ယင်းကဲ့သို့ ရေလွှမ်းမိိုးနေမှုကြောင့် အဖျားအနာရောဂါများနှင့် အခြားသောဘေးအန္တရာယ်များ ထိခိုက်ခဲ့ခြင်းလည်း မရှိသေးဟု သိရသည်။

    ယနေ့နံနက်ပိုင်း မိုးလေဝသတိုင်းထွာချက်အရ ရေးမြို့တွင် မိုးရေချိန် ၁၀. ၃၅ လက်မ ရွာသွန်းခဲ့သည်ဟု ရေးတော်ဝင် Facebook သတင်းလွှာတွင် ဖော်ပြထားသည်။

    ရေးမြို့၊ ကမ်းနားလမ်း၊ မြသီတာဈေးမှ ဈေးရောင်းသူတစ်ဦးက “ကမ်းနားဈေးကို ရေရောက်နေပြီ၊ တစ်ချို့ဈေးသည်တွေ ပစ္စည်းကောက်သိမ်းလို့ပြီပြီး၊ ဒီလိုနှစ်တိုင်းဖြစ်နေကျဆိုတော့ ရေကြီးတာ တစ်ချို့ကပျော်နေတယ်”ဟု ပြောသည်။

    ယမန်နေ့လပြည့်ကျော် ၂ ရက်နေ့သည် ရေထရက်ဖြစ်သည့်အတွက် ပင်လယ်မှခေါင်ရေတက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းနားလမ်းရှိ မြသီတာဈေးအတွင်းသို့ ရေပိုလျှံဝင်ရောက်ခဲ့သည်။

    ထို့အတူ ရေးမြို့တဖက်ကမ်းရှိ ချောင်းတောင်ရွာအနီးတွင်လည်း လယ်ယာမြေများ ရေလွှမ်းမိုးမှုများခံနေရပြီး ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့သည်ဟုလည်း သိရသည်။

    အဆိုပါမိုးရွာသွန်းမှုကြောင့် ရေး – ထားဝယ်ရထားလမ်းပိုင်းရှိ ချောင်းတောင် – ကိုးမိုင်ရထားလမ်း မိုင်တိုင်အမှတ် ၂၇၀/၉-၁ တွင် (၃)နေရာခန့် ယနေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရထားသွားလာမှုခေတ္တရပ်နားခဲ့ရကြောင်း ရေးတော်ဝင် Facebook သတင်းလွှာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks