Friday, March 13, 2026
More
    spot_img
    Homeသတင်းတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ KNU နှင့် RCSS ပူးတွဲကြေညာ

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ KNU နှင့် RCSS ပူးတွဲကြေညာ

    -

    အေမီအောင် – တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုဖြစ်လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့တစ်ဖွဲ့ချင်းသာ လက်မှတ်ရေးထိုး လိုသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့က ဇူလိုင်လ ၁၇ ရက်နေ့စွဲဖြင့် ပူးတွဲကြေညာထုတ်ပြန်ခဲ့သည်။

    ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ စောမူတူးစေးဖိုးနှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌစဝ်ယွက်စစ်တို့နှစ်ဦး လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    KNU ပြောဆိုခွင့်ရှိသူ မန်းငြိမ်းမောင်က “ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးပြောသွားသလိုပဲ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်၊ မိမိတို့အမျိုးသားရေးကို လူတစ်ဦးယောက်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ဖွဲ့၏ လက်ထဲအပ်တယ်ဆိုတာအဲဒီလူမျိုး ညံ့ဖျင်းတဲ့လူ မရှိတော့ဘူး”ဟုပြောသည်။

    မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်စေ့စပ်ဖြန်ဖြေပေးသည်ကို လက်မခံနိုင်ကြောင်း၊ ကရင့် အရေးကို ကရင်ပဲသိကြောင်း၊ ကရင့်အရေးကို တစ်ခြားသူဝင်ပြီးဖြေရှင်းပေးသည်ဆိုသည်မှာ စေတနာမည်မျှပင်မှန်ကန်စေကာမူ ကာယကံရှင်၏ အခြေအနေကို ယာယကံရှင်ကသာ ပိုပြီးသိသည်ဟု သူကပြောသည်။

    ထို့အပြင် ချင်း၊ မွန်၊ ရခိုင် ၊ သျှမ်းစသည့် တိုင်းရင်းသားအားလုံးတို့သည်လည်း မိမိကံကြမ္မာကို မိမိတို့သာလျှင်ဖန်းတီးရမှာဖြစ်သည်ဟု သူကဆက်ပြောသည်။

    အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ စိုင်းလောင်(ဝ်)ဆိုင်က “ တိုင်းရင်းသားအားလုံးအနေနဲ့ ပူပေါင်းဆောင်ရွက်တဲ့ အခန်းကဏ္ဍမှာ ကျနော်တို့နှင့်အတူလက်တွဲပြီးတော့ အစိုးရနှင့် nationwide ကို ကျနော်တို့ ဆွေးနွေးလိုပါတယ်၊ UNFC ဟာ ကျနော်တို့ရဲ့ကိုယ်စာလှယ်မဟုတ်ပါဘူး၊ ကျနော်တို့ Mandate ပေးထားတဲ့ အဖွဲ့အစည်းလည်းမဟုတ်ပါဘူး ဆိုတော့ ကျနော်တို့ ကိစ္စမှာဆိုရင်တော့ UNFC ကို ခွဲဝေပေးဖို့ ဆန္ဒမရှိပါဘူး”ဟု ပြောသည်။

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများအနေဖြင့် ပဋိပက္ခ ပြေငြိမ်းစေရန် သဘောတူညီရမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့ချင်းအနေဖြင့် အစိုးရနှင့်တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေရသည်ဟု သူကထောက်ပြသည်။

    ထို့အပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းစဉ်တွင်မူ မြန်မာနိုင်ငံ၏အရေးတွင် ပါဝင်ပတ်သက်သည့် အင်အားစုများဖြစ်ကြသော နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော အထင်ကရ နိုင်ငံခေါင်းဆောင်များ ပါဝင်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

    ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏အရေးတွင် ပါဝင်ပတ်သက်သူအစုအဖွဲ့အားလုံးသည် မိမိတို့နိုင်ငံ၌ တရားမျှတပြီး တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် သမိုင်းတွင် ပထမဆုံးအကြိမ် အတူတကွ ဆွေးနွေးကြမည်ဟု ရေးသားခဲ့သည်။

    ယခုလအတွင်း မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးတို့ တစ်ပြည်လုံးအတိုင်းအတာဆောင်သော လက်မှတ်ရေးထိုးပွဲကျင်းပမည်ဟု အစိုးရတာဝန်ရှိသူများ ထုတ်ဖေါ်ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks