spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) တရားဝင်မှတ်ပုံတင်ကျပြီး

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) တရားဝင်မှတ်ပုံတင်ကျပြီး

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) အား မွန်ပြည်နယ်ဝန်ကြီးချုပ်က ယခုလ ၂ ရက်နေ့တွင် တရားဝင်မှတ်ပုံတင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရှင်စောပုအသင်း အထွေထွေအတွင်းရေးမှူး မိမိုးမိုးက ပြောသည်။

    “မှတ်ပုံတင်နိုင်ဖို့က အသင်းရဲ့ ဖွဲ့စည်းပုံ၊ အလုပ်အမှုကော်မတီအဖွဲ့ဝင် ၉ ဦးထက်မနည်း ၁၅ ဦးထက်မများစေရဘူး၊ အစိုးရဝန်ထမ်းတွေမပါဝင်ရဘူး၊ အခြားကန့်သတ်ချက်တွေလည်း ရှိပါတယ်” ဟု မိမိုးမိုးက ပြောသည်။

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

    ရှင်စောပုအသင်းသည် မွန်အမျိုးသမီးများအတွက် ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှု၊ နာရေးအကူအညီပေးမှု အစီအစဉ်များအား အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    “မှတ်ပုံတင် မကျသေးခင်မှာတော့ လှုပ်ရှားမှုတွေကငြင်ငြင်သာသာပဲ၊ အခုမှတ်ပုံတင်ကျပြီးဆိုတော့ EC အစည်းအဝေး ပြန်ခေါ်မယ်၊ မြို့နယ်က အသင်းဝင်တွေအားလုံးကို ပြန်ခေါ်ပြီး အစည်းအဝေး ပြန်ထိုင်ရမှာပါ” ဟု မိမိုးမိုးက ဆက်ပြောသည်။

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ၏ ဗဟိုကော်မတီအစည်းအဝေးကို လာမည့် ဝါဆိုလပြည့်နေ့ မတိုင်ခင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ဝင်တစ်ဦးဖြစ်ရန်အတွက် ပရဟိတ လုပ်ငန်းများကို စိတ်ဝင်စားသူဖြစ်ပြီး ဓာတ်ပုံ ၃ ပုံ နှင့်တကွ အသင်းဝင်လျှောက်လွှာ ဖြည့်၍ စာရင်းတင်သွင်းနိုင်ကြောင်း၊ လျှောက်ထားသူသည် အသက် ၁၈ နှစ် ပြည့်ရမည်ဖြစ်ကြောင်း၊ ယခု အသင်းဝင်းပေါင်း တစ်ထောင်ကျော်ခန့် ရှိကြောင်း သိရသည်။

    အသင်းဝင်တစ်ဦးအနေဖြင့် ထာဝရ ရံပုံငွေ တစ်သောင်း ထည့်သွင်းရမည်ဖြစ်ပြီး ထိုအလှူငွေ၏ ၅၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမြို့နယ်၏ နာရေးကူညီမှုအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်သည့် ၅၀ ရာခိုင်နှုန်းကို မြို့နယ်အားလုံးအတွက် ဗဟို၏ ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှု ကိစ္စရပ်များတွင် ဆက်လက် အသုံးပြုသွားမည် ဖြစ်သည်။

    “ရှင်စောပု အသင်းအနေနဲ့ မြို့နယ်တွေကို ဗဟိုကတိုက်ရိုက် ထိန်းချုပ်တာမျိုးမရှိဘူး၊ တကယ်လို့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာလို့ အကူအညီလိုအပ်ရင် ဗဟိုကနေ တိုက်ရိုက် ပါဝင်ကူညီပေးဖို့ အစီအစဉ်တွေရှိပါတယ်” ဟု မိမိုးမိုးက ဆက်ပြောသည်။

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) တွင် ဥက္ကဌ မိကြင်သန်း၊ ဒုဥက္ကဌ (၁)မိအေးရင်၊ ဒုဥက္ကဌ (၂) မိခင်လေးမြင့်၊ ဒုဥက္ကဌ (၃) မိကွန်ချစ်ချစ်၊ အထွေထွေအတွင်းရေးမှူး မိမိုးမိုး၊ တွဲဖက်အတွင်းရေးမှူး မိသူဇာအောင်နှင့် တစ်မြို့နယ်လျှင် အဖွဲ့ဝင် ၃ ဦးတို့ဖြစ် ဖွဲ့စည်းထားသည်။

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ ၄ ရက်နေ့ စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အပါအဝင် အခြားလူမှုရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျှက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks