spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ဒေသခံများထံမှ ပြည်သူ့စစ်ကြေးကောက်ခံနေဆဲ

    မွန်ဒေသခံများထံမှ ပြည်သူ့စစ်ကြေးကောက်ခံနေဆဲ

    -

    မင်းလုံး – ယခင်မဆလ၊ နဝတစစ်အစိုးရတို့ဖွဲ့စည်းထားခဲ့သော နယ်မြေခံပြည်သူ့စစ်အဖွဲ့များအတွက် မွန်ဒေသခံများထံမှ ငွေကြေးနှင့်ဆန်များ ကောက်ခံနေဆဲဟု သိရသည်။


    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ မင်းသား၊ မိုးကြီး၊ လယ်ကြီးနှင့်အနီးအနားရှိကျေးရွာများတွင် ပြည်သူ့စစ်များအား ဆန်များကို ထောက်ပံ့ကြေးအဖြစ် နှစ်စဉ်ပေးဆောင်နေရသည်ကို ယခုအခါ လက်မခံနိုင်တော့ကြောင်း မင်းသားကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောသည်။

    သူက “ကျနော်တို့ရွာမှာ ပြည်သူ့စစ်တွေက ဆန်တွေစပါးတွေလာကောက်နေကြတာက ဟိုးလွန်ခဲ့တဲ့ စစ်အာဏာရှင်လက်ထက်ကနေပြီးတော့ အခုအချိန်ထိ နှစ်တိုင်းလာကောက်နေကြတာ ဖြစ်တယ်၊ ဒါကို ကျနော်တို့မပေးချင်တော့ဘူး၊ အခုဒီမိုကရေစီခေတ်ကိုကူးပြောင်းနေတဲ့ကာလမှာလဲ အရင်စစ်အစိုးရစနစ်အတိုင်းကျင့်သုံးနေတာကို လက်မခံနိုင်ဘူး” ဟု ပြောသည်။

    မင်းသား၊ မိုးကြီး၊ လယ်ကြီးနှင့် ဆင်စွယ် အစရှိရှိသည့်ကျေးရွာများမှ ဆန်အိတ် ၁၀ဝ ၊ ကျခတ်တောကျေးရွာမှ ဆန်အိတ် ၆၀ ၊ ရေငန်ကြီးကျေးရွာမှ ဆန်အိတ် ၄၀ ပြည်သူ့စစ်အဖွဲ့အတွက် မဖြစ်မနေ ပေးဆောင်နေရကြောင်း ရွာသားများပြောပြချက်အရ သိရသည်။

    “မင်းသားကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးလှအောင်နဲ့ပြည်သူ့စစ်တွေက တစ်အိမ်တက် တစ်အိမ်ဆင်း အကြောင်းကြားပြီး သူတို့သတ်မှတ်တဲ့နေရာကို ဆန်အိတ်တွေ ပို့ခိုင်းတယ်၊ မပို့ခဲ့ရင်လည်း ပြည်သူ့စစ်တွေကိုလွှတ်ပြီး အရင်စစ်အာဏာရှင်လက်ထက်ကလို အတင်းအဓ္ဓမ ခြိမ်းခြောက်တာရှိတယ်” ဟု ဒေသခံဆရာတော်တစ်ပါးက မိန့်သည်။

    အလားတူမွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ် နှင့် ကျိုက်မရောမြို့နယ် များတွင် ဆန်၊ စပါး သို့မဟုတ် ငွေကြေးများကို ယနေ့တိုင် ပြည်သူ့စစ်များအား ပေးဆောင်နေရကြောင်းလည်း သိရသည်။

    ယင်းကျေးရွာအသီးသီးရှိ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင် ၁၀ ယောက်ဝန်းကျင်ခန့်ရှိသည်ဟု ဒေသခံများက ပြောသည်။

    ထို့အတူ အစိုးရထံလက်နက်ချထားသော သံဖြူဇရပ်မြို့အခြေစိုက် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၊ အမှတ်(၂)တပ်ရင်း၊ မွန်ပြည်သူ့စစ်(ဌာနေ) ကလည်း တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးအတွက် မြို့နယ်အတွင်းရှိ သစ်စက်လုပ်ငန်းရှင်များထံ အကူအညီတောင်းခံစာများ လွန်ခဲ့သည့်သီတင်းပတ်တွင် ပေးပို့ခဲ့သည်ကို လက်ခံတွေ့ရှိရသည်။

    ယခုလ ၂ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ငွေကြေးတောင်းခံခြင်း၊ မှောင်ခိုပစ္စည်းများ သယ်ဆောင်ရာတွင် လက်နက်ပြ ငွေကြေးတောင်းခံခြင်းပြုလုပ်၍ အားပေးကူညီသည့် အပြုအမူများအပါအဝင် ဥပဒေချိုးဖောက်မှုများ ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က တင်ပြခဲ့သည်ကို သတင်းများတွင် ဖော်ပြကြသည်။

    မြန်မာနိုင်ငံတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၃၅ ဖွဲ့ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်က မကြာခင်ရက်ပိုင်းတွင် ကျင်းပခဲ့သောပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။

     မွန်ပြည်သူ့စစ်(ဌာနေ)၏ ဆင့်ခေါ်စာ(မိတ္တူ)
    မွန်ပြည်သူ့စစ်(ဌာနေ)၏ ဆင့်ခေါ်စာ(မိတ္တူ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks