spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလျှပ်စစ်မီတာခ ကောက်ခံသည့်နှုန်း မတူညီ၍ ရွာသားများမကျေနပ်ဖြစ်နေ

    လျှပ်စစ်မီတာခ ကောက်ခံသည့်နှုန်း မတူညီ၍ ရွာသားများမကျေနပ်ဖြစ်နေ

    -

    မင်းတော်လဝီ – ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်ရွာတွင် လျှပ်စစ်မီးသုံးစွဲနေကြသော်လည်း လျှပ်စစ်မီတာရှိသူနှင့်မရှိသူ ရွာသားများထံမှ မီတာခကျသင့်ငွေကောက်ခံရာတွင် မတူညီမှုကြောင့် ရွာသားများမကျေနပ်မှုများ ဖြစ်ပေါ်နေ သည်ဟု ရွာသားများထံမှ သိရသည်။

    အိမ်သုံးလျှပ်စစ်မီတာ တပ်ဆင်နေပုံ(internet)
    အိမ်သုံးလျှပ်စစ်မီတာ တပ်ဆင်နေပုံ(internet)
    ထုံးအိုင်ရွာ၏အိမ်ခြေပေါင်းမှာ ၁၇၀ဝ ကျော်ရှိပြီးကျေးရွာမီးလင်းရေးကော်မတီမှ မီးတာတပ်ဆင်ပေးထားပြီး သောအိမ်ခြေပေါင်းမှာ ၈၅၁ လုံးရှိပြီး အိမ်ခြေ ၄၀ဝ ခန့်မှာမီတာမရှိအိမ်များနှင့် ကျန်အိမ်ခြေများမှာ လျှပ်မီးမသွယ် သည့်အိမ်များဖြစ်သည်ဟု ယခင်ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဟောင်းတွင်ပါဝင်ခဲ့သူ နိုင်ကွန်ဗလိုင်က ပြော သည်။

    “မီတာရှိအိမ်ကတစ်ယူနစ်ကို သုံးဆယ်ကျပ်နှုန်းနဲ့ ကောက်ပြီး မီတာမရှိအိမ်ကို တစ်လအတွက် တချို့၈၀ဝ၀ ကျပ်ကောက်တယ် တချို့ ၆၀ဝ၀ ကျပ်လည်းကောက်တာရှိတယ်”ဟုနိုင်ကွန်ဗလိုင် ကပြောသည်။

    မီတာဖြင့် လျှပ်စစ်မီးသုံးခွင့်ရသူများအနေဖြင့် တအိမ်ထောင်စုမှာ ပျမ်းမျှတစ်လကိုမီတာခ ၃၀ဝ၀ ကျပ်ခန့်သာ ကုန်ကျသော်လည်း မီတာမရှိသူများအတွက် တရွာလုံးမီတာမရှိသူများမှ သုံးစွဲထားသည့်လျှပ်စစ်မီးကုန်ကျ စရိတ် ကိုအညီမျှခွဲပြီးအကုန်ကျခံနေရသည်ဟု ပြောသည်။

    တချို့အိမ်ထောင်စုမှာ ၆၀ ဝပ်မီးသီး တလုံးနှင့် ဘုရားစင်မီ ၂၅ ဝပ်ကိုသာထွန်းညှိရသည်ကိုလည်း အများနည်တူ ကျခံခဲ့ရ၍လျှပ်စစ်မီးကို အနည်းအကျဉ်းသာသုံးစွဲနေသူများက မကျေနပ်ကြတာဟုထုံးအိုင်ရွာသူ အိမ်ရှင်မ မိခိုင်ခိုင် ကပြောသည်။

    “အိမ်မှာမီတာပုံးတပ်ဆင်ဖို့ ငွေတစ်သိန်းကို မတ်လကတည်းက ပေးထားပြီးပဲ၊ မီတာပုံးမရသေးဘူး၊ မီတာပုံး မရှိလို့မတ်လတုံးက မီတာခကျသင့်ငွေ ၆၀ဝ၀ကျပ်ပေးခဲ့ရတယ် ၊နောက်ပိုင်းလတွေမှာငွေ လာမကောက် သေး တာ အခုထိပဲ၊သုံးလလောက်ရှိပြီ”ဟုမိခိုင်ခိုင်က ပြောသည်။

    မီတာမရှိသည့်အိမ်ကိုယခုလိုလျှပ်စစ်မီတာခကောက်ခံရေးကိစ္စမှာ ပြတ်သားသည့် မူတခုခု မချမှတ်နိုင်၍ ရွာ သားများမကျေနပ်ကြတာဖြစ်ပြီး ယခင်လများကမီတာခကောက်ရန်ကျန်ရှိနေသည့် လများအတွက် ကိုပါ ပေါင်း ပြီး ကောက်လာလျှင် မီတာပုံးမရှိသူများကငွေမပေးနိုင်မှာကိုစိုးရိမ်နေသည်ဟု မိခိုင်ခိုင် ကပြောသည်။

    ဤကဲ့သို့လျှပ်မီးသုံးစွဲမှုအပေါ်မကျေနပ်ချက်များ ဖြစ်ပေါ်နေသည့်တိုင် ရွာမှတာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေး ကော်မတီများနှင့် ဘားအံမြို့နယ်လျှပ်စစ်ရုံး တို့မှ ပေါင်းစပ်ညှိနှိုင်းမှုများဖြေရှင်းမှုများ မရှိသေးဟု နိုင်ကွန်ဗလိုင် ကပြောသည်။

    လောလောဆယ်ကျေးရွာမီးလင်းရေးကော်မတီတွင်ဥက္ကဌက ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ကို ၊ဒုဥက္ကဌ က ဦးဇော်မျိုးနောင်၊ အတွင်းရေးမှူးက ဦးစံသိန်း နှင့်အဖွဲ့တို့က စီမံကွပ်ကဲနေကြသည်ဟု သိရသည်။

    ကရင်ပြည်နယ်ဘားအံမြို့နယ် ထုံးအိုင်ရွာတွင် ယခုရရှိနေသော လျှပ်စစ်မီးကိုသထုံမြို့ တာယာစက်ရုံမှ ပေးလာ သော လျှပ်စစ်မီးကို ဘားအံမြို့လျှပ်စစ်ဖြန့်ဖြူးရေးလိုင်ခွဲမှ ထုံးအိုင်ရွာသို့ ဖြန့်ဖြူးပေးသော လျှပ်စစ်မီးဖြစ်သည် ဟုသိရသည်။

    ထုံးအိုင်ရွာအတွက် လျှပ်စစ်မီးရရှိရေးကို ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ ကျေးရွာမီးလင်းရေးကော်မတီ အဆက် ဆက်က ကြိုးပမ်းလာပြီး ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မီးလင်းလာခဲ့သည်။စတင်တည်ထေင်စဉ်က အိမ်ထောင်စု ၈၅၁ အိမ်မှ မတည်ငွေကို ကောက်ခံခဲ့ပြီး ပထမအရစ်တွင် တအိမ်ထောင်ကို ငွေကျပ် တစ်သိန်း ဒုတိယ အရစ်တွင်ငွေကျပ် ငါးသောင်းနှင့် တတိယ အရစ်တွင်ငွေကျပ် တစ်သိန်း စုစုပေါင်းငွေကျပ်နှစ်သိန်းခွဲ နှင့် စုဆောင်းပြီးရရှိငွေသိန်းပေါင်း၂၁၂၇ ကျော်ရရှိပြီးသုံးစွဲခဲးရသည်ဟု ယခင်ကျေးရွာမီးလင်းရေးကော်မတီဟောင်း နိုင်ကွန်ဗလိုင်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks