Homeသတင်းလမိုင်းမြို့နယ်ခွဲ၌ ၉၄ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

လမိုင်းမြို့နယ်ခွဲ၌ ၉၄ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

-

အေမီအောင် – ဇွန်လ ၂၉ ရက်တွင် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာ၌ ၉၄ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည်ဟုသိရသည်။

၂၀၁၃ ခုနှစ် မေလအတွင်း ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးအမှု(ရဲဇာနည်)
၂၀၁၃ ခုနှစ် မေလအတွင်း ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးအမှု(ရဲဇာနည်)
အဆိုပါ WY တံဆိပ် ပန်းရောင် စိတ်ကြွဆေးပြား ၁၈၈၉ ပြားကို မော့ကနင်ကျေးရွာ ဦးကျော်အေး၏ နေအိမ်တွင် ဖမ်းဆီးခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရဲအရာရှိတစ်ဦးက “တစ်နေရာမှာ အလုံးနှစ်ရာ၊ နောက်တစ်နေရာမှာ တစ်ရာ့ငါးဆယ်၊ နောက်တစ်ဦးမှာ ၁၈ ပြား၊ အခြားတစ်နေရာမှာ ၇၆ ပြား၊ ငွေကျပ် ၈ သိန်းသိမ်းဆည်းရခဲ့တယ်၊ အားလုံးပေါင်းလိုက်ရင် ၁၈၈၉ ပြားပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် သံဖြူဇရပ်မြို့မှ စိတ်ကြွဆေးဝါးများဖမ်းဆီးရမိရာမှ ဆက်လက်ခြေရာခံရာ ပါဝင်ပတ်သက်နေသူ ၅ ဦးထက်မနည်း ဖမ်းဆီးရမိသည်ဟု သိရသည်။

မျက်မြင်သက်သေတစ်ဦးက “ ရဲတွေကား ၄ စီးနဲ့ မွန်းလွှဲ ၃ နာရီလောက်ရောက်လာပြီး ကော့စွဲရပ်ကွက်က ဈေးဆိုင်တစ်ဆိုင်ထဲကို ချက်ချင်းဝင်ဖမ်းတာပဲ” ဟု ပြောသည်။

မော့ကနင်ကျေးရွာ၊ ကော့စွဲရပ်ကွက်ရှိ အရက်၊ ဘီယာ၊ ကွတ်တီယို ဆိုင်ဖွင့်လှစ်ထားပြီး စိတ်ကြွဆေးပြားများ လှို့ဝှက်ရောင်းချနေသည့် သတင်းထွက်ပေါ် ပြောဆိုမှုများလည်းရှိနေသည်ဟု သူကဆက်ပြောသည်။

အဆိုပါ ဖမ်းမိထားသော စိတ်ကြွဆေးပြားရောင်းချသူများကို သံဖြူဇရပ်နှင့် လမိုင်းမြို့နယ် ရဲစခန်းတို့မှ မယ ၃/၂၀၁၃ အမှုဖွင့်ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀ (က) အရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စိတ်ကြွဆေးပြား ၁၀,ဝ၁၅ ပြား၊ ဆေး ခြောက်၂ ဒသမ ၃၀ ကီလိုဂရမ်၊ မူးယစ်ဆေး အမှုပေါင်း ၁၉ မှုနှင့် တရားခံ ၂၉ ဦးတို့ကို ဖမ်းဆီး ခဲ့သည်ဟု မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတရပ်၌ တင်ပြခဲ့ကြသည်။

မွန်လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုသည် စိုးရိမ်စရာဖြစ်နေသည့်အတွက် မြန်မာအစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန် မွန်ဒေသ လူ့အခွင့်အရေးဖောင်ဒေးရှင်းက တောင်းဆိုကြောင်း ပြီးခဲ့သည့်ဇွန်လက အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

မွန်ဒေသ လူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့သည် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ မုဒုံ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် ဒေသခံ ၁၄ဝ ခန့်ကို တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts