spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘိလပ်မြေ စက်ရုံနှင့်ပတ်သက်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံစာပေးပို့

    ဘိလပ်မြေ စက်ရုံနှင့်ပတ်သက်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံစာပေးပို့

    -

    နိုင်ငံတော်သမ္မတထံသို့ ပေးပို့သော် အစီရင်ခံစာ
    နိုင်ငံတော်သမ္မတထံသို့ ပေးပို့သော် အစီရင်ခံစာ

    မင်းတော်လဝီ – မွန်ပြည်နယ် ကျိုက္မရောမြို့နယ် ပျားတောင်နှင့် အနီးဝန်းကျင်ရှိ ပျားတောင်စုများကို ဖြိုဖျက်ပြီး ရရှိလာသော ထုံး ကျောက်များဖြင့် ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်းများကို လုံးဝရပ်ဆိုင်းလိုက်နိုင်ရန် ပျားတောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ယက်မှ နိုင်ငံတော်သမ္မတထံသို့ ဇွန်လ၂၇ရက်နေ့က အစီရင်ခံပေးပို့ပြီး တောင်းဆိုထားသည်။

    နိုင်ငံတော်သမ္မတထံသို့အစီရင်ခံစာရေးသားပေးပို့သူများမှာပျားတောင်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်မှထိုင်း၊မလေး၊စင်္ကာပူနိုင်ငံများတွင်သွားရောက်အလုပ်လုပ်နေကြသောကျိုက္မရောမြို့နယ်ကော့ပနော၊ ကော့ဒွန်း၊မယ်ဂရို၊ကွမ်းငန်း၊နိတုံ၊ကဒုံစစ်၊ပေါက်တော၊ကော့ဝမ်းကျေးရွာများမှရွာခံများဖြစ်သည်။

    ဒေသခံပြည်သူများအတွက် ရှေ့ရေးအကျိုးရှိမှုနှင့်အကာအကွယ် အစောင်းအရှောက် အတွက်လုပ်ဆောင် ပေး နိုင်ရန်ဦးဆောင်အဖွဲ့ဝင်လေးဦးပါ ပျားတောင်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ယက်ကို ဖွဲ့စည်း ထားသည်ဟု ပျားတောင်ကွန်ယက်အဖွဲ့ဝင် နိုင်မောင်ငို ကပြောသည်။

    ပျားတောင်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်တွင်ဦးဆောင်မှုအဖွဲ့တွင် ပါဝင်သူများမှာနိုင်မောင်ငို၊ နိုင်ညှိုင်း၊နိုင်ဗရင်း၊နိုင်ဝါစာဝဲ့ တို့ဖြစ်ကြသည်။

    နိုင်မောင်ငိုက“မသိနားမလည်အေးအေးဆေးဆေးလုပ်ကိုင်နေထိုင်နေတဲ့ဒေသခံပြည်သူတွေဆီကလယ်မြေ တွေ၊ ခြံမြေတွေ၊ပိုင်ဆိုင်မှုရရှိထားမြေတွေကိုဥပဒေကိုအလွဲသုံးစားလုပ် ခြိမ်းခြောက်ကာ အဓမ္မဝယ်ယူနေတာကို ရွာကလူတွေမသိကြရှာဘူး ၊ဒါကို သမ္မတ ထံကို အစီရင်ခံစာတင်ရတာပါ”ဟုပြောသည်။

    မြေလုပ်ကိုင်ခွင့်ရထားသည့်ရွာသားများမှာအောက်ခြေပြည်သူ့ဝန်ထမ်းများနှင့်ကုမ္ပဏီဝန်ထမ်းများကဤပျား တောင်ကို နေပြည်တော်အမိန့်အရ ဘိလပ်မြေစက်ရုံတည်ဆောက်ခွင့်ရရှိထားပြီဟုပြောဆိုမှုကြောင့်အချို့ပိုင်ရှင် များ ကြောက်ရွံ့ခြင်းနှင့် နောင်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို မသိ၍ ရောင်းချခဲ့ရသည်ဟု ပြောသည်။

    “ဘိလပ်မြေ စက်ရုံ တည်ဆောက်ဖို့ ဂျွန်ကုမ္ပဏီကလည်း မယ်ဂရိုရွာက လယ်သမား ၇၀ ဦးပိုင်လယ်မြေတွေ၊ ခြံမြေတွေကို ဧကပေါင်း ၇၀ဝ ခန့်ကိုလည်း အဓမ္မနည်းနဲ့ ဝယ်ယူထားတာရှိလို့ပြန်ရရှိဖို့ ပြည်နယ်အစိုးရနဲ့ နေပြည်တော်ကိုတင်ထားပြီ”ဟု နိုင်ထွန်းကြည် မယ်ဂရိုရွာသား ကပြောသည်။

    ယခုလိုပျားတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက် မှ ဒေသခံပြည်သူတွေရဲ့အကျိုးအတွက်ကို ရှေ့ရှုပြီး နိုင်ငံတော်သမ္မတ ထံကိုဦးဆောင်တင်ပြ အစီရင်ခံပေးတာကို အားရကျေနပ်မိကြောင်းဟုနိုင်ထွန်းကြည် က ပြောသည်။

    ပျားတောင်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်မှ ပါဝင်သူများမှာ ဒေမော့စိုင်ခေါ်ပျားတောင်ကို ဝန်း ရံထားသောရွာများမှရွာသားများဖြစ်ပြီး၄င်းရွာများမှအိမ်ခြေပေါင်း ၄၀ဝ၀ ကျော်ရှိသည်ဟု အစီရင်ခံစာတွင် ဖေါ်ပြ ထားသည်။

    ဒါ့ပြင်ဘိလပ်မြေစက်ရုံဖြစ်ပေါ်လာပါက စက်ရုံကြောင့် အဆိပ်အတောက် ဖြစ်စေမည့်ရေဆိုးရေပုတ်များ ထွက် လာပြီး အတ္ထရန်မြစ်တွင်းရှိရေသတ္တဝါများ ဇီဝမျိုးသုဉ်းပျောက်ဆုံးနိုင်မှု၊ဒေသနေပြည်သူများ ဘဝအသက် မွေးမှု ကိုပျက်စီးသွားနိုင်မှု၊လေထုညစ်ညမ်းမှု၊ရေထုညစ်ညမ်းမှု၊စက်ရုံဆူညံသံတို့ကြောင့် ဒေသနေပြည်သူများရေရှည် ကျန်းမာရေးကိုထိခိုက်မည်ဟု ကော့ဒွန်းရွာမှ အငြိမ်းစားကျောင်းဆရာတဦးကပြောသည်။

    ပျားတောင်အနီးတွင်တည်ရှိနေသော ဒေးထွမ်းမလေး(ခေါ်)စံပါယ်ဂူတောင်ကို ဇေကမ္ဘာ ဦးခင်ရွှေပိုင်ဘိလပ် မြေ စက်ရုံဖြစ်သလို ဒေးပိုင်ထွမ်း(ခေါ်)မယ်ဂရိုတောင်၊ ဒေးမော့ကစ်(ခေါ်)နိတုံတောင် တို့ကိုဖြိုဖျက်ပြီး ရရှိလာ သော ထုံးကျောက်များဖြင့် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် အခြားကုမ္ပဏီ ဖြစ်သော PACIFIC LINK CEMENT INDUSTRIES LIMITEDမှလယ်သမားမြေများကို အာဏာသုံး၍ ခြိမ်းခြောက်ဈေးနှိမ်ဝယ်ယူခြင်းများကို ကျူးလွန်ခဲ့သည်ဟု အစီရင်ခံစာတွင်ပါရှိသည်။

    ဒါ့အပြင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးပေါ်လစီအရ ပြည်သူလူထု တိုင်းရင်းသားအကျိုးစီးပွား မထိခိုက် စေရန်၊တိုင်းပြည်ဂုဏ်သိက္ခာမကျစေရန်၊အချုပ်အခြာအာဏာ မထိခိုက်စေရန်၊ သဘာဝပတ်ဝန်းကျင် မထိ ခိုက်စေရန်တို့မှာ အလွန်သင့်မြတ်လျှော်ကန်သော အချက်များဖြစ်ပါကြောင်းဖြင့် ကျနော်တို့ပြည်သူများက ယုံ ကြည်ကြကြောင်းကိုလည်း အစီရင်ခံစာတွင် ဆက်လက်ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks