spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းလယ်စိုက်ချိန်မှာ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေကို အချိန်မီ ရရှိရန် လိုအပ်နေ

    လယ်စိုက်ချိန်မှာ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေကို အချိန်မီ ရရှိရန် လိုအပ်နေ

    -

    မင်းတော်လဝီ – ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်ရွာမှလယ်သမားများသည် လောလောဆယ် လယ်စိုက်ချိန် ရောက်ရှိ နေပြီး ဖြစ်သော်လည်း ဘားအံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးချေးငွေကို မရရှိသေးဟု လယ်သမား များထံမှ သိရသည်။

    လယ်ထွန်နေကြပုံ(Internet)
    လယ်ထွန်နေကြပုံ(Internet)
    လယ်သမားများ အနေဖြင့်သူတို့၏လယ်မြေကို မေလမှစ၍ ထွန်ယက်ပြုပြင်ပြီး ကြဲခင်းစိုက်ပျိုးခြင်း၊ ပျိုးထောင် ခြင်းအလုပ်များကိုလုပ်ကိုင်လာခဲ့ရာဇွန်လရောက်သည့်တိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှစိုက်ပျိုး စရိတ်ချေး ငွေကိုမရကြသေး သည့်အတွက် ငွေလိုအပ်နေခြင်းသည်။

    စိုက်စရိတ်ချေးငွေကို မရရှိသေးသော်လည်း စိုက်ပျိုးချိန်ရာသီမီရန် အချို့လယ်သမားများ ငွေကိ်ုရှာကြံပြီး လယ် ကိုဆက်လုပ်ရင်းနှင့်ချေးငွေရရှိမည့်ရက်ကိုမျှော်နေကြဟု ထုံးအိုင်အထက်ရွာက လယ်သမားတဦးကပြောသည်။

    “ပျိုးထောင်ထားတာ ပျိုးရက်ရတော့မယ် ဇွန် ၂၀ ရက်လောက်ဆိုစစိုက်တော့မယ်၊ ကောက်စိုက်ဖို့လူတစ် ဦး ကို ၃၀ဝ၀ကျပ်ပေးငှါးရတယ်၊ တစ်ဧက ကို ၃၆၀ဝ၀ လောက်က စိုက်စရိတ်မှာတင်ကုန်နေတယ်၊ လောလော ဆယ်မှာကို ငွေလိုနေတယ်” ဟုလယ်သမား ကပြောသည်။

    အချို့လယ်သမားတွေက ပဲခူးတိုင်းက လယ်လုပ်သားများကိုခေါ်ပြီး တစ်ဧက ပုတ်ပြတ် ၂၅၀ဝ၀ ကျပ်ဖြင့် ငှါးပြီး စိုက်ခိုင်းသော်လည်း တစ်ဧကကြိုတင်ငွေအပြီးပေးစနစ်နှင့် စိုက်ကြသည်ဟု ပြောသည်။

    “စိုက်ပျိုးစရိတ်ချေး ငွေကို ဘားအံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်တမြို့နယ်လုံးကို မချေးပေး နိုင်သေးဘူး၊မြန်မာ့လယ်ယာဖွ့ဖြိုးရေးဘဏ် ရုံးချုပ်ကငွေချမပေးလာသေးလို့”ဟု ဘားအံမြို့နယ် လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ တာဝန်ရှိ အရာရှိ တဦးကပြောသည်။

    တနိုင်ငံလုံးအတိုင်းအတာနှင့် စီမံဆောင်ရွက်နေရ၍ ယခုလို နောက်ကျနေရသော်လည်း လယ်သမားများ အနေ ဖြင့် ယခင်နှစ်ကြွေးကျန်မရှိသူများအတွက် မကြာမီ ထုတ်ချေးပေးနိုင်တော့မည်ဟု ၄င်းဝန်ထမ်းက ပြောသည်။

    သို့သော် မွန်ပြည်နယ်ကျိုက္မရောမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်စိုက်စရိတ်ငွေကိ်ု စိုက်ပျိုးချိန်မီ လယ်သမားများအား ငွေချေးယူနိုင်ရန် ငွေချေးယူပုံစံအမှုတွဲများ ဖြည့်နေကြပြီဟု ကျိုက္မရောမြို့နယ်မြန်မာ့လယ် ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်းတဦးကပြောသည်။

    ယခုအခါ နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေကို တိုးမြှင့်ချေးပေးထားသဖြင့် လယ်သမားများက လိုလိုလားလား ချေးယူလိုကြသည်၊တစ်ဧကစပါးစိုက်လျှင်ကုန်ကျစရိတ်အတွက် လုံလောက်နေသည့်အတွက်ဖြစ်သည်ဟုလယ် သမားများထံမှသိရသည်။

    “ယခင်နှစ်က ချေးငွေက တစ်ဧက ငါးသောင်းကနေ တစ်သိန်း တိုးပြီး ချေးလိုက်လည်း အတိုးက အရင်နှစ် အ တိုင်းပဲ ငွေ ၁၀ဝ ကျပ်မှာတစ်နှစ် ၇၁ ပြားဆိုတော့ လယ်သမားတွေအတွက် ဝန်မပိတဲ့အတွက် လယ်အလုပ်မှာ ပိုအကျိုး အမြတ်ရတယ်” ဟုထုံးအိုင်ရွာ လယ်သမားက ပြောသည်။

    ချေးငွေများကိုလယ်ဧကအများဆုံး ၁၀ ဧကအထိကို ငွေချေးယူခွင့် ရရှိပြီး ယမန်နှစ်က ကြွှေးကျန် လယ်သမား များကို ထုတ်ချေးပေးမည် မဟုတ်ပဲ ယခုနှစ်ချေးယူထားသော ငွေနှင့်အတိုးငွေနှစ်ရပ်ပေါင်း အပါအဝင် သီးနှံ ပေါ်ချိန် ဒီဇင်ဘာ၊ ဂျန်နာဝရီ လများတွင် သက်ဆိုင်ရာမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်များသို့ အကျေ ပေးသွင်းရမည်ဟု သိရသည်။

    နိုင်ငံတော်မှထုတ်ချေးပေးနေသော စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှတဆင့် လယ်သမားများဦးရေ ၅ဦးမှ ၁၀ ဦးပါအစုအဖွဲ့နှင့် ပါဝင်ဖွဲ့စည်းထားသည့်ဦးရေထဲတွင်လယ်သမားတစ်ဦးခြင်းစီကိုချေးပေးခြင်းဖြစ်သည်။

    ၄င်းလယ်သမား အစုအဖွဲ့ ကို လယ်သမားကိုယ်စားလှယ်တဦးမှ ချေးငွေထုတ်ပေးရေး အတွင်းရေးမှူးအဖြစ်ခန့်အပ်ပြီး ချေးငွေအမှုတွဲကို ကနဦးလက်မှတ်ရေးထိုးရသည်။ဆက်၍ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မြေစာရင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှ။ူး တို့က အတည်ပြုလက်မှတ်ရေးထိုးပြီးလျှင်သက်ဆိုင်မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေ ထုတ်ယူ၊ရရှိနိုင် သည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks