Homeသတင်းမွန်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံးဖြစ်သော်လည်း ယခင်နှစ်ထက် နိမ့်ကျ

မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံးဖြစ်သော်လည်း ယခင်နှစ်ထက် နိမ့်ကျ

-

မင်းသုတ – ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မွန်ပြည်နယ်အနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးဖြစ်သော်လည်း ယခင်နှစ်ထက်နိမ့်ကျနေကြောင်း သိရသည်။

အထက်တန်းကျောင်းသားများ(Internet)
အထက်တန်းကျောင်းသားများ(Internet)
ယခင်နှစ်၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်ပြည်နယ်မှဖြေဆိုသူ ၁၃,၇၉၆ ဦး ရှိသည့်အနက် ၇,၂ဝ၂ ဦး အောင်မြင်ခဲ့၍ အောင်ချက် ၅၂ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် တစ်ပြည်လုံးတွင် အောင်ချက်အမြင့်ဆုံးဖြစ်ခဲ့ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၁၃ ဦးပေါ်ထွန်းခဲ့သည်။

မွန်ပြည်နယ်ပညာရေးမှူးရုံးဝန်ထမ်းတစ်ဦးက “ ဒီနှစ် ၆ ဘာသာဂုဏ်ထူးရှင်တွေကတော့ မော်လမြိုင်မြို့ အထက ၉ က ၅ ဦး၊ အထက ၆ က ၂ ဦး၊ အထက ၈ က ၁ ဦး၊ မုဒုံနဲ့သထုံမြို့နယ်တွေမှာ ၂ ဦးစီ စုစုပေါင်း ၁၂ ဦး၊ အောင်ချက်အကောင်းဆုံးကျောင်းက အထက ၈ ပါ၊ မြို့နယ်အနေနဲ့ ထုံးစံအတိုင်းမုဒုံမြို့နယ်” ဟု ပြောသည်။

၅ နှစ်ဆက်တိုက်အောင်ချက်အမြင့်ဆုံးရရှိခဲ့သည့် မွန်ပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၃,၇၀၇ ဦးအနက် ၆,၄၉၄ ဦးအောင်မြင်ခဲ့ရာ ဂုဏ်ထူးရှင်ခြောက်ဘာသာ ၁၂ ဦး၊ ငါးဘာသာ ၃၁ ဦး၊ လေးဘာသာ ၁၂ဝ ဦး၊ သုံးဘာသာ ၁၆၃ ဦး၊ နှစ်ဘာသာ ၂၇ဝ ဦး၊ တစ်ဘာသာ ၁၄၅၇ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၂ဝ၅၃ ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၌ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၇၅,၂၈၂ ဦး ဖြေဆိုခဲ့၍ ၂၉,၇၁၅ ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၉ ဒသမ ၄၇ ရှိသည့်အနက် ဂုဏ်ထူးရှင်ခြောက်ဘာသာ ၁၅၆ ဦး၊ ငါးဘာသာ ၃၉၂ ဦး၊ လေးဘာသာ ၆၁၃ ဦး၊ သုံးဘာသာ ၇၃၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉၇၉ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၂၀၆ ဦးရှိသဖြင့် စုစုပေါင်းဂုဏ်ထူးရှင် ၅၀၈၀ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် ၃၃.၃၉ ရာခိုင်နှုန်းသာ အောင်ချက်ရှိခဲ့ကြောင်း သတင်းများတွင် ဖေါ်ပြကြသည်။

ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ် ဝင်တန်းဝင်ရောက်ဖြေဆိုသူ ၇၄၅၉ ဦးရှိပြီး အောင်မြင်သူ ၁၂၃၂ ဦးရှိသည့်အတွက် ၁၆ ဒသမ ၅၂ ရာခိုင်နှုန်းအောင်မြင်ခဲ့သဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အနိမ့်ဆုံးဖြစ်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန ၁၂၉၆ ခုသတ်မှတ်ထားရှိခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပစာဖြေဌာနသို့ ဝင်ရောက်ဖြေဆိုသူ ၄၈၇,၄၁၀ ဦးရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၃ မတ်လ ၁၃ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး စတင်ဖြေဆိုခဲ့ကြပြီး ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းကမြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနတွေများတွင် အောင်မြင်သူများစာရင်းကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts