Homeသတင်းရာဇာမင်းမှန်လုံယာဉ်ဓါးပြတိုက်ခံရပြီး ခရီးသွားလာမှုနည်းပါး

ရာဇာမင်းမှန်လုံယာဉ်ဓါးပြတိုက်ခံရပြီး ခရီးသွားလာမှုနည်းပါး

-

အေမီအောင် – မွန်ပြည်နယ်မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော ရာဇာမင်းမှန်လုံယာဉ်သည် ယခုရက်ပိုင်းတွင် ဓါးပြတိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ၄င်းယာဉ်လိုင်းတွင် ခရီးသည်ဦးရေ ကျဆင်းသွားသည်ဟု ရန်ကုန်မြို့မှ လက်မှတ်ရောင်းသူတစ်ဦးက ပြောသည်။

ရာဇာမင်းမှန်လုံယာဉ်(Internet)
ရာဇာမင်းမှန်လုံယာဉ်(Internet)
အဆိုပါရာဇာမင်းကာဓါးပြတိုက်ခံမှုကြောင့် ခရီးသည်အချို့ ခရီးသွားရက်များကို ရွေ့ဆိုင်းထားသည်ဟုလည်း သူကဆက်ပြောသည်။

လက်မှတ်ရောင်းသူက “ခရီးစဉ်ရွှေ့လိ်ုက်တာပါပဲ၊ ခရီးစဉ်ဖျက်လိုက်တာမရှိပါဘူး၊ ရာဇာမင်းကတော့ အရင်အတိုင်းပုံမှန်ပြေးဆွဲနေတယ်၊ ခရီးသည်အရင်ကထက် နည်းနည်းပါးပါး လျှော့သွားတာပဲရှိတယ်”ဟု ပြောသည်။

ဇွန်လ ၈ ရက်နေ့ညနေပိုင်းတွင် ရာဇာမင်းမှန်လုံယာဉ်အမှတ် ၈/ဇ ၁၁၁၁ သည် ကျိုက္ခမီမြို့မှ ရန်ကုန်သို့ ထွက်ခွာလာစဉ် သထုံမြို့နယ်၊တောင်စွန်းကျေးရွာအနီး၌ ယာဉ်ပေါ်ခရီးသည် ၃၀ ဦးကျော် ကားပေါ်လိုက်ပါလာသည့်ဓါးပြတိုက်ခံရသဖြင့် ရွှေငွေပစ္စည်များဆုံးရှုံးခဲ့ရသည့်အပြင် ဓါးပြများပစ်သတ်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦးသေဆုံးခဲ့ရသည်ဟု သတင်းများတွင် ဖေါ်ပြကြသည်။

သထုံမြို့နယ်အခြေစိုက်နယ်မြေခံသတင်းထောက်တစ်ဦးက “အခင်းဖြစ်ပွားတဲ့နေရာကို ရဲတွေတပ်တွေရောက်လာချိန်မှာတော့ ခရီးသည်တွေက လမ်းဘေးတွေ့တဲ့ကားကြုံတွေနဲ့ သူ့တို့ခရီးဆက်နေပါပြီ၊ အဲဒါကြောင့် ပစ္စည်းဆုံးရှုံးမှုစာရင်းမရနိုင်တော့ပါဘူး၊ ဓါးပြတွေကိုလည်း ဘာသတင်းအနံ့မှမရသေးဘူး” ဟု ပြောသည်။

ယင်းဓါးပြတိုက်မှုကြောင့် ခရီးသွားလာရာတွင် လုံခြုံရေးအရစစ်ဆေးမှုများ တင်းကြပ်မှုများမရှိဟု ယင်းသတင်းထောက်က ဆက်ပြောသည်။

ကျိုက္ခမီ မှ ရန်ကုန်သို့ပြေးဆွဲနေသော ၄င်းရာဇာမင်းခရီးသည်ယာဉ်သည် မော်လမြိုင်မြို့မှ ည ၇နာရီခန့်တွင် ရန်ကုန်သို့ ဆက်လက်ထွက်ခွာရာ သံလွင်တံတားကျော် မုတ္တမမြို့၌ တက်ရောက်ခဲ့သော ခရီးအယောင်ဆောင် ၅ ဦးတို့ တောင်စွန်းအထွက် မိုင်တိုင် အမှတ် (၁၅၄/၄) နှင့် (၁၅၃/၅) အကြားတွင် ဓါးပြတိုက်မှုဖြစ်ပေါ်ခဲ့သည်ဟု သတင်းများတွင်ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts